စံပယ်ပန်း စိုက်ပျိုးနည်း
Zawgyi
စံပယ္ပန္း စိုက္ပ်ိဳးနည္း
===============
စံပယ္ပန္း ဟာဆိုရင္ ျမန္မာလူမ်ိဳးေတြ အမ်ားဆံုးႀကိဳက္ႏွစ္သက္တဲ့ ပန္း အမ်ိဳးအစားထဲက တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ စံပယ္ပန္းကို ဘုရာပန္း ကပ္လွဴေလ့ရွိသလို၊ ျမန္မာမိန္းကေလးေတြ ဦးေခါင္းမွာ အျမတ္တႏိုး ပန္ဆင္တဲ့ ပန္းလဲျဖစ္ပါတယ္။ ထို႔ျပင္ စံပယ္ပန္းကို ေရအေတာ္အသင့္ ဆြတ္ကာ ေရစိုအ၀တ္ျဖင့္ ဖံုးအုပ္၍ ေရာင္းခ်လို႔ရသလို၊ သီကံုး၍ ျဖစ္ေစ၊ စည္၍ ျဖစ္ေစေရာင္းခ်မယ္ ဆိုရင္လည္း မိသားစု၀င္ေငြအပို ရရွိႏိုင္ပါတယ္။
စံပယ္ပန္းအမ်ိဳးအစား မ်ားစြာရွိပါတယ္။ စံပယ္ပန္းအမ်ိဳးအစားခြဲျခားပံု ႏွင့္ စံပယ္ပန္း စိုက္ပ်ိဳးနည္းအေၾကာင္းကို Pissaya Info မွ ေတာင္သူ ဦးႀကီးမ်ားအတြက္ စုစည္းတင္ျပလိုက္ပါတယ္။
အဂၤလိပ္အမည္ - Jasmin
ရုကၡေဗဒအမည္ - Jasminum sambae
မ်ိဳးရင္း - Oleaeeae
မူရင္းေဒသ - ျမန္မာ၊ အာရုတိုက္ေတာင္ပိုင္း
စံပယ္ပန္း အမ်ိဳးအစား ခြဲျခားျခင္း
------------------------------------------
(၁) ေရႊစံပယ္ ။ အပြင့္ႀကီးသည္ အထပ္မ်ား၍ စိပ္သည္။ အလယ္အဖူးငယ္သည္။ အလြန္ေမႊးသည္။
(၂) စံပယ္လည္ဆံ ။ ပြင့္ခ်ပ္ ေသးသြယ္ ရွည္လ်ား၍ အခ်ိဳ႔ အနည္းငယ္ တြန္႔လိမ္ ေကာက္သည္။ ရနံ႔ေပ်ာ့သည္။
(၃) ဆယ္ႏွစ္ရာသီစံပယ္ ။ တစ္ႏွစ္လံုးပြင့္ၿပီး အပြင့္နည္းသည္။ ပြင့္ဖတ္ေသး၍ ႀကဲၿပီး အပြင့္ငယ္ကာ ရနံ႔ ေပ်ာ့သည္။
(၄) ၾကက္ရံုးႀကီး ။ အပြင့္အႏြယ္ ေရႊစံပယ္ႏွင့္ တူၿပီး အထပ္မ မ်ား၊ ပြင့္ဖတ္ထိပ္ဖ်ားမ်ားခၽြန္၍ အလြန္ ေမႊးသည္။
(၅)ၾကက္ရံုးကေလး ။ ၾကက္ရံုးႀကီးႏွင့္ ဆင္ၿပီး အပြင့္ငယ္သည္။
(၆) ဘိတ္ႀကီး ။ အပြင့္ႀကီး အထပ္မ်ားၿပီး ႀကဲသည္။
(၇) ဘိတ္ကေလး ။ ဘိတ္ႀကီးႏွင့္ဆင္ၿပီး အပြင့္ငယ္သည္။
စံပယ္ပန္း စိုက္ပ်ိဳးနည္း
-------------------------------
စံပယ္သည္ ပူအိုက္စိုစြတ္ေသာ ရာသီဥတုကုိ ႀကိဳက္ႏွစ္သက္သည္။ စံပယ္သည္ ခ်ံဳပင္အမ်ိဳးအစားျဖစ္ေသာ္လည္း ႏွစ္ရွည္ခံပင္ျဖစ္သည္။ စံပယ္သည္ သဲေျမမွ ေျမေစးေျမနက္ အထိ ေျမအမ်ိဳးအစားမေရြး ျဖစ္ ထြန္းေသာ္လည္း ေျမဆီၾသဇာ ထက္သန္လွ်င္ ပိုမို ျဖစ္ထြန္းသည္။
စံပယ္ကို အေစ့မွ စိုက္ပ်ိဳးေလ့မရွိ။ အကိုင္းေျမျမွဳပ္ မ်ိဳးပြား၍ လည္း ေကာင္း၊ ပင္ပြားတူစိုက္၍ လည္းေကာင္း၊ ကိုင္းျဖတ္၍ လည္းေကာင္း၊ စိုက္ပ်ိဳးၾကသည္။ ကိုင္းေပ်ာ့ကို ေျမႀကီးထဲ ျမွဳပ္ထားလွ်င္ တစ္လခန္႔ အၾကာတြင္ အဆစ္မွ အျမစ္မ်ား ထြက္လာသည္။ ထိုအခါ အကိုင္းရင္းမွ ျဖတ္ေတာက္၍ စိုက္ပ်ိဳးႏိုင္သည္။ အကိုင္းေျမျမွဳပ္၍ မစိုက္လိုပါက အပင္ေျခတြင္ ေပါက္ေနေသာ ပင္ပြားကို အျမစ္ပါပါေအာင္ တူးယူၿပီး ေနရာေျပာင္း၍ စိုက္ပ်ိဳးႏိုင္ပါသည္။ အကိုင္းျဖတ္၍ စိုက္ပ်ိဳးလိုပါက တစ္ ေပ၊ တစ္ေပခြဲရွည္ေသာ အဆစ္သံုးဆစ္မွ ငါးဆစ္ပါအကိုင္းမ်ားရေအာင္ ျဖတ္ယူၿပီးေနာက္ ပ်ိဳးေသတၱာထဲတြင္ အဆစ္ႏွစ္ဆစ္၊ သံုးဆစ္ျမွဳပ္၍ ပ်ိဳးေထာင္ၿပီး ေရမွန္မွန္ေလာင္းေပးပါက အရိပ္ႀကဲႀကဲတြင္ထားေသာ္ တစ္လ တစ္လခြဲၾကာတြင္ အခ်ိဳ႕အကိုင္းမွ အျမစ္မ်ားထြက္လာသည္။ ထိုအကိုင္းမ်ားအနည္းငယ္ အပင္သန္လာေသာအခါ စိုက္ခင္းသို႔ ေရႊ႕စိုက္ႏိုင္သည္။
မိုးရာသီတြင္ ေရမ၀ပ္တတ္က ေဘာင္မေဖာ္ဘဲ လည္းေကာင္း၊ ေရ၀ပ္ တတ္က ေဘာင္ေဖာ္၍ လည္းေကာင္း၊ စိုက္ပ်ိဳးႏိုင္သည္။ အလ်ား၊ ေပသံုးဆယ္ အနံေပငါးေပ၊ ထုတစ္ေပ ၉ေျမေပၚ ေျခာက္လက္မ၊ ေျမေအာက္ ေျခာက္လက္မ) ရွိေသာ ေဘာင္မ်ားကို တစ္ေဘာင္ႏွင့္ တစ္ေဘာင္ လူသြားလမ္းတစ္ေပျခားကာ ျပဳလုပ္ရသည္။ တစ္ေဘာင္ လွ်င္ စိုက္တန္းႏွစ္တန္းထားရွိကာ စိုက္တန္းအတြင္း တစ္ပင္ႏွင့္ တစ္ပင္ သံုးေပခန္႔ခြာ၍ စိုက္သင့္သည္။ စိုက္တန္းတစ္ခုစီမွ အပင္မ်ားသည္ တစ္ခုႏွင့္ တစ္ခု မ်က္ေစာင္းထိုး ရွိသင့္သည္။ စိုက္တန္းမ်ားသည္ နီးစပ္ရာ ေဘာင္ႏႈတ္ခမ္းမွ တစ္ေပခြဲ ကြာေ၀းၿပီး၊ စိုက္တန္းႏွစ္ခုၾကား အကြာေ၀းသည္ ႏွစ္ေပရွိသင့္သည္။ ဤနည္းအတိုင္း စိုက္လွ်င္ တစ္ေဘာင္လွ်င္ အပင္ႏွစ္ဆယ္၀င္မည္။
စိုက္ၿပီးေနာက္အပင္အရင္းကို နာနာဖိေပးကာ ေရေလာင္းေပးရသည္။ စံပယ္ပန္းမ်ားသည္ အကိုင္းႏုမ်ားမွ ပြင့္လာတတ္ၾကသည္။ စံပယ္မ်ားကို ေဆာင္းဦး၊ (ပန္းတံုးခ်ိန္တြင္) ေဘးသို႔ႏြယ္က်ေနေသာ အကိုင္းမ်ားကို ကိုင္းဖ်ားျဖတ္ေပးရသည္။ထိုအခါအညြန္႔သစ္အကိုင္းသစ္မ်ားထြက္ေပၚလာသည္။ ကိုင္းရႈပ္မ်ား၊ ေျခာက္ေနေသာ ကိုင္းမ်ား၊ ေရာဂါရ ကိုင္းမ်ား၊ မသန္စြမ္းဘဲ ႀကံဳလွီေသာ ကိုင္းမ်ားကို ျဖတ္ေတာက္ ရွင္းလင္းပစ္ ရသည္။
စံပယ္ပန္းမ်ားကို နံနက္ေစာေစာတြင္ အငံုႀကီးမွ အပြင့္ အထိ ခူးရသည္။
အေစာဆံုး ခူးၿပီး ေရအေတာ္အသင့္ ဆြတ္ကာေရစိုအ၀တ္ျဖင့္ ဖံုးအုပ္၍ ေရာင္းခ်ႏိုင္သည္။ သီကံုး၍ လည္းေကာင္း၊ စည္၍လည္းေကာင္း ေရာင္းခ်ႏိုင္သည္။
#စိုက္ပ်ိဳးေရးနည္းပညာ
Unicode
စံပယ်ပန်း စိုက်ပျိုးနည်း
===============
စံပယ်ပန်း ဟာဆိုရင် မြန်မာလူမျိုးတွေ အများဆုံးကြိုက်နှစ်သက်တဲ့ ပန်း အမျိုးအစားထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စံပယ်ပန်းကို ဘုရာပန်း ကပ်လှူလေ့ရှိသလို၊ မြန်မာမိန်းကလေးတွေ ဦးခေါင်းမှာ အမြတ်တနိုး ပန်ဆင်တဲ့ ပန်းလဲဖြစ်ပါတယ်။ ထို့ပြင် စံပယ်ပန်းကို ရေအတော်အသင့် ဆွတ်ကာ ရေစိုအဝတ်ဖြင့် ဖုံးအုပ်၍ ရောင်းချလို့ရသလို၊ သီကုံး၍ ဖြစ်စေ၊ စည်၍ ဖြစ်စေရောင်းချမယ် ဆိုရင်လည်း မိသားစုဝင်ငွေအပို ရရှိနိုင်ပါတယ်။
စံပယ်ပန်းအမျိုးအစား များစွာရှိပါတယ်။ စံပယ်ပန်းအမျိုးအစားခွဲခြားပုံ နှင့် စံပယ်ပန်း စိုက်ပျိုးနည်းအကြောင်းကို Pissaya Info မှ တောင်သူ ဦးကြီးများအတွက် စုစည်းတင်ပြလိုက်ပါတယ်။
အင်္ဂလိပ်အမည် - Jasmin
ရုက္ခဗေဒအမည် - Jasminum sambae
မျိုးရင်း - Oleaeeae
မူရင်းဒေသ - မြန်မာ၊ အာရုတိုက်တောင်ပိုင်း
စံပယ်ပန်း အမျိုးအစား ခွဲခြားခြင်း
------------------------------------------
(၁) ရွှေစံပယ် ။ အပွင့်ကြီးသည် အထပ်များ၍ စိပ်သည်။ အလယ်အဖူးငယ်သည်။ အလွန်မွှေးသည်။
(၂) စံပယ်လည်ဆံ ။ ပွင့်ချပ် သေးသွယ် ရှည်လျား၍ အချို့ အနည်းငယ် တွန့်လိမ် ကောက်သည်။ ရနံ့ပျော့သည်။
(၃) ဆယ်နှစ်ရာသီစံပယ် ။ တစ်နှစ်လုံးပွင့်ပြီး အပွင့်နည်းသည်။ ပွင့်ဖတ်သေး၍ ကြဲပြီး အပွင့်ငယ်ကာ ရနံ့ ပျော့သည်။
(၄) ကြက်ရုံးကြီး ။ အပွင့်အနွယ် ရွှေစံပယ်နှင့် တူပြီး အထပ်မ များ၊ ပွင့်ဖတ်ထိပ်ဖျားများချွန်၍ အလွန် မွှေးသည်။
(၅)ကြက်ရုံးကလေး ။ ကြက်ရုံးကြီးနှင့် ဆင်ပြီး အပွင့်ငယ်သည်။
(၆) ဘိတ်ကြီး ။ အပွင့်ကြီး အထပ်များပြီး ကြဲသည်။
(၇) ဘိတ်ကလေး ။ ဘိတ်ကြီးနှင့်ဆင်ပြီး အပွင့်ငယ်သည်။
စံပယ်ပန်း စိုက်ပျိုးနည်း
-------------------------------
စံပယ်သည် ပူအိုက်စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ စံပယ်သည် ချုံပင်အမျိုးအစားဖြစ်သော်လည်း နှစ်ရှည်ခံပင်ဖြစ်သည်။ စံပယ်သည် သဲမြေမှ မြေစေးမြေနက် အထိ မြေအမျိုးအစားမရွေး ဖြစ် ထွန်းသော်လည်း မြေဆီသြဇာ ထက်သန်လျှင် ပိုမို ဖြစ်ထွန်းသည်။
စံပယ်ကို အစေ့မှ စိုက်ပျိုးလေ့မရှိ။ အကိုင်းမြေမြှုပ် မျိုးပွား၍ လည်း ကောင်း၊ ပင်ပွားတူစိုက်၍ လည်းကောင်း၊ ကိုင်းဖြတ်၍ လည်းကောင်း၊ စိုက်ပျိုးကြသည်။ ကိုင်းပျော့ကို မြေကြီးထဲ မြှုပ်ထားလျှင် တစ်လခန့် အကြာတွင် အဆစ်မှ အမြစ်များ ထွက်လာသည်။ ထိုအခါ အကိုင်းရင်းမှ ဖြတ်တောက်၍ စိုက်ပျိုးနိုင်သည်။ အကိုင်းမြေမြှုပ်၍ မစိုက်လိုပါက အပင်ခြေတွင် ပေါက်နေသော ပင်ပွားကို အမြစ်ပါပါအောင် တူးယူပြီး နေရာပြောင်း၍ စိုက်ပျိုးနိုင်ပါသည်။ အကိုင်းဖြတ်၍ စိုက်ပျိုးလိုပါက တစ် ပေ၊ တစ်ပေခွဲရှည်သော အဆစ်သုံးဆစ်မှ ငါးဆစ်ပါအကိုင်းများရအောင် ဖြတ်ယူပြီးနောက် ပျိုးသေတ္တာထဲတွင် အဆစ်နှစ်ဆစ်၊ သုံးဆစ်မြှုပ်၍ ပျိုးထောင်ပြီး ရေမှန်မှန်လောင်းပေးပါက အရိပ်ကြဲကြဲတွင်ထားသော် တစ်လ တစ်လခွဲကြာတွင် အချို့အကိုင်းမှ အမြစ်များထွက်လာသည်။ ထိုအကိုင်းများအနည်းငယ် အပင်သန်လာသောအခါ စိုက်ခင်းသို့ ရွှေ့စိုက်နိုင်သည်။
မိုးရာသီတွင် ရေမဝပ်တတ်က ဘောင်မဖော်ဘဲ လည်းကောင်း၊ ရေဝပ် တတ်က ဘောင်ဖော်၍ လည်းကောင်း၊ စိုက်ပျိုးနိုင်သည်။ အလျား၊ ပေသုံးဆယ် အနံပေငါးပေ၊ ထုတစ်ပေ ၉မြေပေါ် ခြောက်လက်မ၊ မြေအောက် ခြောက်လက်မ) ရှိသော ဘောင်များကို တစ်ဘောင်နှင့် တစ်ဘောင် လူသွားလမ်းတစ်ပေခြားကာ ပြုလုပ်ရသည်။ တစ်ဘောင် လျှင် စိုက်တန်းနှစ်တန်းထားရှိကာ စိုက်တန်းအတွင်း တစ်ပင်နှင့် တစ်ပင် သုံးပေခန့်ခွာ၍ စိုက်သင့်သည်။ စိုက်တန်းတစ်ခုစီမှ အပင်များသည် တစ်ခုနှင့် တစ်ခု မျက်စောင်းထိုး ရှိသင့်သည်။ စိုက်တန်းများသည် နီးစပ်ရာ ဘောင်နှုတ်ခမ်းမှ တစ်ပေခွဲ ကွာဝေးပြီး၊ စိုက်တန်းနှစ်ခုကြား အကွာဝေးသည် နှစ်ပေရှိသင့်သည်။ ဤနည်းအတိုင်း စိုက်လျှင် တစ်ဘောင်လျှင် အပင်နှစ်ဆယ်ဝင်မည်။
စိုက်ပြီးနောက်အပင်အရင်းကို နာနာဖိပေးကာ ရေလောင်းပေးရသည်။ စံပယ်ပန်းများသည် အကိုင်းနုများမှ ပွင့်လာတတ်ကြသည်။ စံပယ်များကို ဆောင်းဦး၊ (ပန်းတုံးချိန်တွင်) ဘေးသို့နွယ်ကျနေသော အကိုင်းများကို ကိုင်းဖျားဖြတ်ပေးရသည်။ထိုအခါအညွန့်သစ်အကိုင်းသစ်များထွက်ပေါ်လာသည်။ ကိုင်းရှုပ်များ၊ ခြောက်နေသော ကိုင်းများ၊ ရောဂါရ ကိုင်းများ၊ မသန်စွမ်းဘဲ ကြုံလှီသော ကိုင်းများကို ဖြတ်တောက် ရှင်းလင်းပစ် ရသည်။
စံပယ်ပန်းများကို နံနက်စောစောတွင် အငုံကြီးမှ အပွင့် အထိ ခူးရသည်။
အစောဆုံး ခူးပြီး ရေအတော်အသင့် ဆွတ်ကာရေစိုအဝတ်ဖြင့် ဖုံးအုပ်၍ ရောင်းချနိုင်သည်။ သီကုံး၍ လည်းကောင်း၊ စည်၍လည်းကောင်း ရောင်းချနိုင်သည်။
#စိုက်ပျိုးရေးနည်းပညာ
Comments
Post a Comment