နှင်းဆီ အမျိုးအစား
Unicode
နှင်းဆီအကြောင်းနှင့် နှင်းဆီစိုက်ပျိုးနည်း နှင်းဆီအမျိုးအစားစုစည်းမှု
*************************************************
နှင်းဆီဆိုတဲ့စကားဟာ အမျိုးသမီးဘက်ကိုအားသန်တဲ့အမျိုးအစားမို့ အမျိုးများရဲ့
အသဲစွဲပန်းအမျိုးအစားဖြစ်ပါတယ်။ ရာထောင်မကသောအမျိုးအစားတွေရှိနေပေမယ့်
လို့ သူ့ရဲ့ရနံ့လေးကတော့ တစ်မျိုးပဲရှိပါတယ်။ နှင်းဆီရနံ့ပေါ့လေ။ ရနံ့ကတော့ရေပန်း
သိပ်မစားပေမယ့် သူ့ရဲ့ပင်ကို ပွင့်ဖတ်၊ ပွင့်လွှာကတော့ သူတကာတို့ရဲ့အသဲစွဲဖြစ်ပါ
တယ်။.ဒါကြောင့်မို့ အလှဆင်တဲ့နေရာမှာ နှင်းဆီးပန်းကတော့ မပါမဖြစ် ထိပ်ဆုံးမှာ
နေရာရထားပါတယ်။ သူ့ရဲ့ပင်ကိုယ်အလှကြောင့်မို့လို့ အမျိုးအစားအလိုက် စျေးအမျိုး
မျိုးတင်ကစားပြီး စျေးကွက်စီးပွားရေးမှာ ရောင်းချရပါတယ်။ အပင်ရယ် အပွင့်ရယ် ရေ
ရှည်ခံတဲ့အမျိုးအစားမဟုတ်ပေမယ့် သူ့ရဲ့စွဲဆောင်မှုရှိလှတဲ့ သူ့ရဲ့ပွင့်လွှာတည်ဆောက်
ပုံကြောင့် အများစုက သူ့ကိုကြိုက်ကြသလိုမျိုး နေရာတိုင်း အိမ်တိုင်းလိုလို ပန်းခြံတိုင်း
လိုလိုမှာ အလှအဖြစ်စိုက်ထားကြတာများပါတယ်။ အများစုကတော့ အလှအဖြစ်အတွက်
ဆိုရင်တော့ အိုးနဲ့ပဲစိုက်ကြတာများပါတယ်။ ကိုင်းအရင့်ကိုကူးပြီး စိုက်ရတာလည်လွယ်
ပါတယ်။ ဒါပေမယ့် သူ့ကိုတော့ ဂရုစိုက်ပေးရမယ့်အမျိုးအစားပါ။ မြေပုပ်မြေဆွေး
နွားချေး စာသည်ရောထားသည့် မြေပုပ်မြေဆွေးကိုကြိုက်နှစ်သက်သလိုမျိုး ပုံမှန်လည်း
ရေလောင်းပေးရ မကြာခဏဆိုသလို မြေကိုလည်းဆွပေးရပါတယ်။
သူကို့ တစ်ခါစိုက်ပေးရုံဖြင့် ဂရုစိုက်နိုင်သည့်အလျှောက် သက်ရှည်ပင်မျိုးလည်းဖြစ်ပါ
တယ်။ သူ့ရဲ့အပွင့်ကတော့ သူ့ရဲ့အတက်အားလျော်စွာ ပွင့်လာပါတယ်။ ဆိုတော့
ပွင့်ချိန်ကုန်သည့်အခါ သူ့ရဲ့ကိုင်းအရင့်ကိုလည်း ညှပ်ထုတ်ပေးရပါတယ်။
နှင်းဆီရဲ့ အတက်ထွက်ချိန် ရွက်နုထွက်ချိန်ကတော့ ရာသိဥတု နေရာဒေသအားလျော်
စွာ အများစု ဖေဖေါ်ဝါရီလ.နှင့်မတ်လဖြစ်ပါတယ်။ ဧပြီလဆိုရင်တော့ အဖူးတွေစုံသ
လောက် အပွင့်တွေလည်းပွင့်လာပါတယ်။ ဒါကတော့ ကျနော်ရဲကိုတွေ့သက်သက်သာ
ဖြစ်ပါတယ်။
နည်းစနစ်ကျကျနနနဲ့စိုက်ပျိုးချင်တယ်ဆိုရင်တော့ အောက်ပါ (MMO -အင်ဂျင်နီယာ
ဖိုရမ်နဲ့. Win Thaw Nyein) ဖေစ်ဘုတ်စာမျက်နှာမှာလည်း အသေးစိပ်စိုက်ပျိုးနည်းကို
တင်ပြပေးထားပါတယ်။
#နှင်းဆီပင်ကို စိုက်ပျိုးရန်ရွေးချယ်ခြင်း
ပန်းအလှစိုက်ပျိုးဖို့ စိတ်၀င်စားပြီဆိုတာနဲ့ နှင်းဆီပင်ဟာ စိုက်ပျိုးရေးသမားတွေအတွက် ပထမဆုံးရွေးချယ်ချင်တဲ့ အပင်ပါ။ ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့အဆင်းအလှနှင့် တော်၀င်နန်းဆန်တဲ့ အပွင့်သဏ္ဍာန်၊ သင်းပျံ့ရစ်မူးဖွယ်ကောင်းတဲ့ ရနံ့မွှေးပျံ့မှုတွေက အခြားအပင်တွေထက် ဆွဲဆောင်အား ပိုကောင်းနေတာကိုး။ အဲဒီလိုဆွဲဆောင်နိုင်တဲ့သူ့ကို စိုက်ပျိုးမယ် ဆိုရင်တော့ အထူးသတိထားရမဲ့ အချက်တွေကိုလည်း မေ့မနေသင့်ပါဘူး။ အရေးအကြီးဆုံးက အအေးပိုင်းဒေသတွေမှာ ရာသီဥတု ကြမ်းတမ်းတဲ့ အပြောင်းအလဲဒါဏ်ကို ကြံကြံခံနိုင်ဖို့ပါပဲ။ အအေးပိုင်း အပူချိန်တွေရဲ့ အနိမ့်ဆုံး အပူချိန်ဟာ အပင်ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ အပူချိန်ဖြစ်ရမယ်။
မိုးခေါင်ရာသီဥတုဖြစ်နေပေမဲ့၊ စိုစွတ်မှုမြင့်မားပြီး အားနည်းတဲ့ မြေဆီလွှာတွေကို နှင်းဆီပင်တွေ ပိုမိုနှစ်သက်တတ်ပါတယ်။ အဲဒီအခြေအနေတွေမှာဆို အောင်မြင်ဖို့ ပိုများပြီး သာမန်ဂရုစိုက်မှုထက် လျှော့နည်းတတ်ပါတယ်တဲ့။ ဘယ်လိုဖြစ်ဖြစ်ပါ နှင်းဆီပင်စိုက်တော့မယ်ဆိုရင် စိုက်ပျိုးရေးမြတ်နိုးတဲ့ တနည်း နှင်းဆီကိုချစ်ကြတဲ့ နှင်းဆီသခင်တွေ မြို့နယ်အတော်များများမှာ အဖွဲ့လေး သဘောမျိုး ရှိနေတတ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ နှင်းဆီစိုက်ပျိုးတဲ့ အတွေ့အကြုံများစွာရှိတော့ ခုမှစိုက်ပျိုးမဲ့သူတွေကို အကူအညီတွေ အကြံဥာဏ်တွေ စိတ်အားတတ်ကြွစွာ ပေးတတ်ပါတယ်။
ဒါနဲ့ နှင်းဆီပင်ကို အမျိုးအစား (၂) မျိုးရနိုင်ပါတယ်။ မြစ်ပွားအပင်(bare-root) အဖြစ်တစ်မျိုး၊ ပန်းအိုးနှင့် ပျိုးပင်(in containers) အဖြစ်တစ်မျိုး ရောင်းချတတ်ကြပါတယ်။
မြစ်ပွားပင်တွေကတော့ အမြုံပင်တွေလိုပါပဲ။ သူတို့မှာ အကိုင်းပဲရှိပြီး အရွက်မပါပါဘူး။ အမြစ်ကတော့ မြေကြီးနှင့် ထားပါတယ်။ ပျိုးခြံတွေမှာ လူအများစု သဘောကျတတ်တာတော့ မြစ်ပွားပင်ကိုပါပဲ။ ဘာကြောင့်လည်းဆိုတော့ မြစ်ပွားပင်တွေက သာမန်အားဖြင့် ရောင်းချရတာနှင့် ပို့ဆောင်သယ်ယူတာ အဆင်ပြေပြီး စိုက်ပျိုးရမဲ့ အချိန် (နွေဦးရာသီဖြစ်ဖြစ်၊ ဆောင်းဦးရာသီဖြစ်ဖြစ်) နဲ့ သင့်လျှော်လို့ပါ။ နောက်တစ်ချက်က မြစ်ပွားပင်(bear-root) တွေကို ချက်ချင်းမစိုက်နိုင်သေးရင်လည်း အပူချိန် (၅၀)ဒီဂရီအောက်ရှိတဲ့ နေရာမှာ သိမ်းထားလို့ရနိုင်ပါတယ်။ အဲဒီလိုလုပ်ထားတဲ့အတွက် သူ့ရဲ့ သန္ဓေမပျက်စီးနိုင်ပါဘူး။ နောက်တစ်ချက်က စွတ်စိုထိုင်းမှိုင်းတဲ့နေရာမှာ ထားရင်လည်း မသေနိုင်ပါဘူး။
ပန်းအိုးနှင့်ပျိုးထားတဲ့ အပင်တွေကတော့ ထုံးစံအားဖြင့် မြစ်ပွားပင်တွေထက် စျေးကြီးပြီး ရနိုင်တာမှာလည်း အကန့်အသတ်ရှိပါတယ်။ အပင် ကျန်းမာသန်စွမ်းစွာ ကြီးထွားဖို့ရာလည်း ဂရုစိုက်ရပါတယ်။ နောက် အပင်ရဲ့ အမြစ်တွေဟာ ပန်းအိုးအပေါ်တတ်လာရင်ပဲဖြစ်စေ။ ပန်းအိုးအောက်ကနေထိုးထွက်နေရင်ပဲဖြစ်စေ အဲဒီအပင်ဟာ အဲဒီပန်းအိုးအတွက် အရမ်းရှည်နေတတ်ပါတယ်။ ယေဘုယျအားဖြင့် ပန်းအိုး နှင်းဆီပျိုးပင်တွေကို နွေဦးရာသီတွေနှင့် နွေရာသီအလယ်ပိုင်းတွေမှာ ဒါမှမဟုတ် ဆောင်းရာသီ အဦးအစတွေမှာ စိုက်ပျိုးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာဆို ပူနွေးစိုစွတ်တဲ့သမပိုင်းတွေမှာ စိုက်ရင်အဆင်ပြေနိုင်ပါတယ်။
#မြေဆီလွှာ ပြင်ဆင်ခြင်း
နှင်းဆီပင်တွေဟာ မြေဆီလွှာမျိုးစုံမှာ ရှင်သန်နိုင်ပါတယ်။ အဲ...လိုအပ်တာက ရေဆင်းကောင်းဖို့နဲ့ အရမ်းမခြောက်သွေ့အောင် လုပ်ဆောင်ပေးဖို့ပါ။ နှင်းဆီစိုက်ပျိုးတဲ့မြေထဲမှာ အော်ဂဲနစ်ပစ္စည်း(မြေသြဇာ) တွေများစွာ ပါ၀င်နေရပါမယ်။ အဲဒီပစ္စည်းတွေဟာ မြေဆီလွှာအတွက် အဟာရပြည့်ဝနေစေပြီး အပင်ရဲ့ အမြစ်တွေ မြေကြီးကို လွယ်ကူစွာ ထိုးဖောက်နိုင်အောင် ထောက်ပံ့ပေးရမှာပါ။ နောက် မြေကြီးကို ပျော့ပြဲမနေဘဲ ရေကိုထိန်းသိမ်းထားနိုင်အောင် အကူအညီပေးဖို့ပါ။ နှင်းဆီပင်ရဲ့ အမြစ်တွေဟာ အရမ်းခြောက်လွန်းရင် မကောင်းသလို၊ ရေတွေ အရမ်းစိုစွက်ပြီးမြေဆီလွှာ နုညံ့ပျော့ပြဲလွန်း နေရင်လည်း မကောင်းပါဘူး။
နှင်းဆီပင် စိုက်ပျိုးဖို့ ပျိုးပင်အများကြီးမမှာယူခင်မှာ အကောင်းဆုံးအကြံပေးချင်တာက ဓါတ်ခွဲခန်းမှာ မြေဆီစမ်းသပ်မှု ပြုလုပ်သင့်တာပါ။ မြေဆီစမ်းသပ်ခြင်းက ကုန်ကျစာရိတ်ပိုသက်သာစေသလို ဓါတ်ခွဲခန်းက နှင်းဆီစိုက်ပျိုးခြင်းအတွက် လိုအပ်မယ့် မြေရရှိဖို့ ဓါတ်မြေသြဇာရောစပ်ခြင်းကို ချိန်ညှို ပေးနိုင်ပါလိမ့်မယ်။ (နှင်းဆီပင်တွေဟာ အက်ဆစ်ဓါတ် အနည်းငယ်ကဲသော မြေဆီလွှာကို ပိုမိုနှစ်သက်ကြပါတယ်။)
သာမန်အားဖြင့် သင်စိုက်ပျိုးမယ့် မြေဆီလွှာဟာ ကောင်းမွန်နေတယ်ဆိုရင် ဘယ်လိုအော်ဂဲနစ်ပစ္စည်းဖြစ်စေ နှင်းဆီပင်အတွက် ပိုမိုကောင်းမွန်စေမယ်ဆို ထည့်နိုင်ပါတယ်။ နှင်းဆီဂုရု (Rosarians; as rose experts are called) ရိုစာရီးယန်းတွေက အကောင်းဆုံး ဥယျာဉ်မြေဆီရောစပ်နည်းတွေ အကြံပေးပါလိမ့်မယ်။
အော်ဂဲနစ်ပစ္စည်းနှင့်ညီမျှတဲ့ ပမာဏရရှိအောင် မြေသြဇာ၊ သစ်ဆွေးမြေ၊ မြေဆွေး၊ ရေညှိုမြေဆွေး အစရှိတဲ့ ပစ္စည်းတွေနှင့် အတူ သဲမြေ (၁၀) ရာခိုင်နှုန်းကို ရောစပ်ပေးရပါတယ်။ သဲမြေထည့်တာကတော့ ရေဆင်းကောင်းအောင် ထည့်ပေးရတာပါ။ အားနည်းတဲ့ မြေဆီလွှာတွေမှာ ဖြည့်ထည့်မှု ပမာဏပိုမိုပါတယ်။ ဒါမှမဟုတ်ရင်လည်း ၁၆လက်မမှ ၂၀လက်မအထိရှိတဲ့ မြေလွှာ ခင်းပေးပြီး အဲဒီပေါ်မှာ မြေဆွေးတွေ ထည့်ပေးပြီးစိုက်ပျိုးနိုင်ပါသေးတယ်။ အဲဒီနောက်မှာတော့ နှင်းဆီပင်တွေကို သီးခြားစီ စိုက်နိုင်ဖို့ ခုနက မြေတွေ ပြင်ဆင်ဖြည့်သွင်းထားတဲ့ မြေလွှာမှာ အပင်စိုက်ဖို့ ကျင်းတူးရပါတော့မယ်။ ကျင်းကို ခပ်ကြီးကြီးလေး တူးပေးသင့်ပါတယ်။ (၁၈)လက်မ ပတ်လည် အကျယ်၊ အနက် လောက်ထားသင့်ပြီး လိုအပ်သလို အဆင်ပြေအောင် ပြင်ဆင် တူးသင့်ပါတယ်။ အထူးသဖြင့် ဖြည့်မြေတူးထားတာ နည်းရင် အန္တရယ်များပါတယ်။ မူလမြေဆီလွှာ အားနည်းတဲ့နေရာတွေမှာ အမြစ်တွေဟာ အပြင်ကမြေဆီကို မထိုးဖောက်နိုင်မှာကြောင့်ပါပဲ။ ဘယ်နှင်းဆီအမျိုးအစားက မူလလက်ခံမြေနှင့် အဆင်ပြေသလဲဆိုတာကို ဒေသခံနှင်းဆီစိုက်ပျိုးရေးသမားတွေနှင့် ပြောဆိုဆွေးနွေးသင့်ပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ နှင်းဆီရှင်သန်ကြီးထွားနိုင်မဲ့ အချက်တွေကို မစိုက်ပျိုးခင် စိတ်ကျေနပ်မှုရသည်ထိအောင် ရှာဖွေလေ့လာရမှာပါ။
နောက် အရေးအကြီးဆုံး မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အချက်ကတော့ ရေဆင်းကောင်းခြင်းပါ။ စိုက်ပျိုးမဲ့ မြေဟာ ရေဆင်းကောင်းမကောင်း စမ်းသပ်မယ်ဆိုရင် (၁)ပေပတ်လည် ကျင်းတစ်ကျင်းတူးလိုက်ပြီး ရေအပြည့်ဖြည့်ထားပေးပါ။ တစ်နာရီအတွင်း ရေအကုန်ခန်းမသွားဘူးဆိုရင် ရေဆင်းကောင်းအောင်လုပ်ဆောင်ပေးဖို့ လိုအပ်ပါမယ်။ ရေနည်းနည်းပဲကျန်တယ်ဆိုရင်တော့ ဓါတုပစ္စည်းအနည်းထည့်ပေးပြီးဖြေရှင်းနိုင်ပါတယ်။ အများကြီးကျန်နေတယ်ဆိုရင်တော့ အမြစ်ပတ်၀န်းကျင်နေရာ တစ်ဝုိက်မှာ ရေဆင်းပိုက် တပ်ဆင်ပေးထားဖို့ လိုအပ်ပါလိမ့်မယ်။
အခုလောက်ဆို ရင် မြေဆီလွှာအတွက်အတော်လေး အချက်အလက်စုံလင်သွားလောက်ပါပီ။ ဘယ်လိုဖြစ်ဖြစ်ပါ တကယ်စိုက်ပျိုးချိန်မှာ အတွေ့အကြုံရှိတဲ့ စိုက်ပျိုးရေးသမားတွေကတော့ အကောင်းဆုံး အကြံဥာဏ်ပေးနိုင်မှာပါပဲ။
#စိုက်ပျိုးခြင်း
နှင်းဆီပင်များဟာ စိုက်ပျိုးရတာ လွယ်ကူတဲ့ အပင်တွေပါပဲ။ အဲ အနည်းငယ်ရှုပ်ထွေးစေတာက နှင်းဆီပင်ရဲ့ ဖူးပွင့်လာမဲ့ အကိုင်းအခက်တွေ ဘယ်ဘက်ကို ရှင်သန်ကြီးထွားစေမလဲဆိုတာပါပဲ။ များစွာသောနာမည်ကြီးထင်ရှားတဲ့ နှင်းဆီပင်အမျိုးအစားတွေဟာ သူတို့ဘာသာကြီးထွားတာထက် တခြားအမှီတစ်ခုပေါ်မှာ မှီပြီး ကြီးထွားတတ်ပါတယ်။ နှင်းဆီပင်တွေကို သူ့တို့ပင်စည်မှာပဲသူ့ဘာသာ ကြီးထွားစေချင်ယင်တော့ ကွင်းပြင်ထဲမှာ အမြင့်ညီညီထားပြီး စိုက်ပျိုးခြင်းပါပဲ။ အများအားဖြင့် အပင်ရဲ့ အခြေမှာတော့ ဆွဲဆောင်နိုင်မှု လျှော့ကျသွားမှာဖြစ်ပါတယ်။
#မြစ်ပွားနှင်းဆ်ီပင်BARE-ROOT ROSES) စိုက်ပျိုးခြင်း
၁။ အမြစ်တွေကိုနာရီအနည်းငယ် ရေဆွတ်ပေးပါ။(အချိန်အကြာကြီးမထားပါနဲ့)။ အဲဒီနောက် ကျိုးပဲ့ပြီးမကောင်းတော့တဲ့ အကိုင်းအလတ်တွေကို ဖြတ်တောက်ပေးပါ။
၂။ မြေခင်းအလှလုပ်ထားတဲ့ မြေနေရာမှာ ဖြစ်နေပါစေ သင့်တော်ကြီးမားတဲ့ မြေကျင်းတူးပေးပါ။ ကျင်းအောက်ခြေမှာ အပင်ရဲ့ပင်စည်ကိုင်းနေရာကို မြေပေါ်မှာ သေချာထား နိုင်လောက်တဲ့အထိ မြေစာခဲများကို စုပုံပေးပါ။
၃။ အမြစ်တွေကို မြေစာခဲပုံပေါ်မှာ ဖြန့်တင်ပေးလိုက်ပါ။ ကျင်းမှာထည့်ဖို့ အရမ်းရှည်လွန်းနေလျှင် အနည်းငယ်ဖြတ်တောက်လိုက်ပါ။ အမြစ်တစ်လျှောက်မှာရှိတဲ့ မြေကို လေမခိုအောင်ဂရုတစိုက်ပြုလုပ်ပြီး ကျင်းတစ်၀က် ပြည့်တဲ့ အထိဖြည့်ပေးပါ။
၄။ အမြစ်တွေနှင့်မြေကြီးတွေ ရေရွဲရွဲစိုအောင် လောင်ပေးပါ။ နောက် ရေကို စီးထွက်သွားစေပြီး မြေကြီးထည့်ပေးပါ။ နောက်ရေထပ်လောင်းပါ။
၅။ မြေကြီးကို ၈လက်မမှာ ၁၂လက်မအထိ ကိုင်းများဖုံးအောင် မို့မောက်စုပုံပေးထားရပါမယ်။ ဒါမှသာ နေဒါဏ်လေဒါဏ်မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရှည်လျှားလွန်းတဲ့ အခက်အလက် အသစ်တွေကို ဖြည်းဖြည်းညင်းသာစွာ ဆေးကြောပြီး အပင်ခြေမှာ ဖို့ထားတဲ့ မြေကြီးများမှ လွတ်ကင်းအာင် ပြုလုပ်ထားပေးရပါမယ်။
၆။ အဲဒီနောက် ပင်စည်ခေါက်တွေမခြောက်သွေ့အောင် ပြုလုပ်ထားပေးရပါမယ်။ မြေဆွေးခဲတွေ၊ မြေစိုင်ခဲတွေက ရေငွေ့ပြန်တာကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။ ရေညှိုမြေဆွေးများကို အပင်ကျင်းရဲ့ပတ်လည်မှာ ၁လက်မနီးပါးအထူအထိ ထည့်ပေးခြင်းကလည်း ရေမခြောက်အောင် ထိန်းထားပေးနိုင်ပါတယ်။
#ပန်းအိုးနှင်းဆီပင် (CONTAINER- GROWN ROSES)ကိုစိုက်ပျိုးခြင်း
၁။ မစိုက်ခင် ပန်းအိုးထဲကမြေများကို စွတ်စိုအောင် လုပ်ပါ။ မြေကြီးမှာ စွတ်စို(ပျော့ပြဲနေအောင် ရွဲရွဲမစိုသင့်ပါ) လာလျှင် ပန်းအိုးကို လှီးထုတ်ခြင်း ခွဲခြင်းပြုလုပ်ပေးပါ။ အမြစ်အုံကို ဖြစ်နိုင်သမျှ မထိခိုက်မိအောင်ဂရုစိုက်ပါ။ တတ်နိုင်သမျှ အနည်းဆုံးထိခိုက်မှုသာ ဖြစ်အောင်ဂရုစိုက်ရမည်။ အမြစ်များစွာမှာ ပန်းအိုးမျက်နှာပြင်တွင် တွယ်ကပ်နေတတ်သဖြင့် ဖြည်းညှင်းစွာသာ အမြစ်ရှုပ်ထွေးများကို ဖယ်ရှားပေးပါ။
၂။ မြေကျင်းထဲသို့ ဂရုတစိုက်နေရာချထားပေးပါ။ ရှုပ်ထွေးနေသော မြစ်မွှာများကို ဖြန့်ကာ နေရာချပေးပါ။ အထူးသဖြင့် အပင်၏ အမြစ်အုံကို ပြန်မထွေးအောင် ဂရုပြုရပါမယ်။ အမြစ်အုံအောက်၌ ပင်စည်အကိုင်း အနေအထားမှန်ကန်သည်အထိရအောင် မြေသားများဖြန့်ခင်း စီစဉ်ပေးပါ။
၃။ ကျန်တဲ့ အချက်များမှာ မြစ်ပွားပင်စိုက်သကဲ့သို့ အတူတူပင်ဖြစ်ပါတယ်။ သတိထားရမှာက ပန်းအိုးနှင်းဆီပင်များဟာ ကျိုးပျက်သော အမြုံပင်များရှိတတ်သဖြင့် မြေပေါ်မှာ မြေကြီး မို့မောက်စုပုံခြင်း လုပ်ဖို့မလိုအပ်ပါဘူး။
#ဂရုစိုက်ခြင်းနှင့် မြေဆီသြဇာကျွေးခြင်း
သစ်ပင်တစ်ပင်စိုက်ခြင်းကလည်း ချစ်စရာအိမ်မွေးတရိစ္ဆာန်ေ လးတွေမွေးရသလိုပါပဲ။ သူ့ကို ဂရုတစိုက်ပြုစုပေးဖို့၊ လိုအပ်ချိန်မှာ ရေလောင်း၊ မြေဆီကျွေးစတာတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ နှင်းဆီပင်တွေကတော့ ဂရုစိုက်မှုအထူးလိုအပ်တဲ့ အပင်တွေပါပဲ။
ဘာကြောင့်ဆိုတော့ နှင်းဆီတွေဟာ မြေဆီအလွန်စားပြီး အင်မတန်ဆာလောင်တတ်တဲ့ အပင်တစ်မျိုးဖြစ်နေလို့ပါ။ တနည်းပြောရရင် လိုအပ်ချက်တွေ အင်မတန်များတဲ့ အပင်ပေါ့ဗျာ။ သူ့ကိုစိုက်ထားတဲ့မြေဟာ ဗွက်ထနေအောင် စိုစွတ်ဖို့ မလိုအပ်ပေမဲ့ အစိုဓါတ်အမြဲရှိနေဖို့ လိုအပ်နေတတ်ပါတယ်။
ရေလောင်းတဲ့အခါမှာလည်း မြေအောက် (စိုက်ပျိုးအပင်ရဲ့ အမြစ်ဇုံတည်ရှိတဲ့) ၁၆လက်မ ၁၇လက်မလောက်အထိ စွတ်စိုနေအောင်လောင်းရမှာပါ။ ကိုယ်စိုက်ပျိုးချင်တဲ့ မြေမှာ ရေဘယ်လောက်လိုအပ်သလဲ စမ်းသပ်ချင်ယင်တော့ အဆင်ပြေနိုင်တဲ့ (ရေဆွဲပုံး၊ ရေပိုက်၊ ရေမွှားရေပန်း စသည်ဖြင့်) နည်းစနစ်တစ်ခုခုနဲ့ လုံလောက်နိုင်ပြီလို့ ထင်တဲ့ အထိရေလောင်းပေးပါ။ အဲဒီနောက် လောင်းလိုက်တဲ့ ရေ ဘယ်အတိုင်းအတာအထိ မြေကြီးထဲ အမှန်တကယ် စိမ့်၀င်နိုင်သလဲဆိုတာ မြေကြီး ကိုတူးကြည့်ပြီး သိနိုင်ပါတယ်။ လိုအပ်တယ်ဆိုရင် ထပ်ပြီးလောင်းဖို့ ချင့်ချိန်ရတော့မှာပေါ့။ လက်တွေ့အပင်လောင်းပြီဆိုရင်တော့ အပင်ရဲ့ အနီးတဝုိက်နားမှာ ၃လက်မလောက် ကျင်းလေးတူးလိုက်ပါ။ နောက်ရေလောင်းပြီးနောက် အဲဒီအနက်အထိ စွတ်စိုနေရင် စောင့်နေလိုက်ပါ နောက် ခြောက်သွားပြီဆိုမှ ခုနက မစိုက်ခင် တိုင်းတာပြီးဆုံးဖြတ်ထားတဲ့ ပမာဏထိ လောင်းပေးလိုက်ပါ။ အဲဒီနည်းကတော့ လက်တွေ့ရေလောင်းရာမှာ လိုအပ်သလောက် ပမာဏရရှိအောင် ခန့်မှန်းနိုင်တဲ့ အကောင်းဆုံးနည်းစနစ်တစ်ခုပါ။
နောက်အပင်ရဲ့ အခြေအနေကိုကြည့်ပြီး လိုအပ်တဲ့မြေသြဇာ ကို အချိန်ဇယားနှင့် ကျွေးပေးရမှာပါ။ ဥယျာဉ်မှူးအများစုဟာ အဲဒီဇယားကို အတော်လေး ဂရုတစိုက်လိုက်နာကြပါတယ်။ နောက် မြေသြဇာကိုလည်း အရည်ဖြစ်စေ၊ အစေ့အလုံးဖြစ်စေ၊ ဒါမှမဟုတ် နှင်းဆီအတွက် အထူးဖော်စပ်ထားတဲ့ ပစ္စည်းဖြစ်စေ ရွေးချယ်ရမှာပါ။
နွေဦးရာသီအစောပိုင်းမှာ ကိုင်းခွဲထွက်လာတတ်တဲ့ နှင်းဆီမျိုးပွား အသစ်တွေ၊ နှင်းဆီအပင်အိုကြီးတွေ နှင့် နွယ်တတ်သွားတဲ့ နှင်းဆီပင်တွေကို မြေသြဇာပြည့်ပြည်၀၀ သီးသန်း ကျွေးနိုင်ပါတယ်။ မူလမြေဆီမှာ မြေသြဇာဓါတ်ပြည့်ဝနေလျှင်တော့ မြေသြဇာ(Fertilizers) ထပ်မကျွေးပဲ ရှင်သန်နိုင်ပါတယ်။ ပထမအကြိမ် ဖူးပွင့်ပြီး နောက်တစ်ကြိမ် ဖူးပွင့်ဖို့အတွက်တော့ မြေသြဇာ(Fertilizers)ထပ်ကျွေးရပါမယ်။
မော်ဒန်နှင်းဆီပင်တွေကတော့ ကြီးထွားနေချိန်အတွင်း ပုံမှန်ကျွေးနေဖို့လိုပါတယ်။ နှင်းဆီပင်သစ်ကလေးတွေကို စိုက်ပျိုးပြီး တစ်လလောက်ထိ မြေသြဇာ ကျွေးရပါမယ်။ အကိုင်းတွေမှာ အရွက်သစ်ကလေးတွေ ထွက်လာချိန်မှာ ကျိုးပဲ့ ခြောက်သွေ့နေတဲ့ အကိုင်းအခက်များကိုဖြတ်တောက် ၊ပေါင်းသင်ရှင်းလင်းပြီး ချိန်ကတည်းကစပြီး မြေသြဇာကို ၆ပတ် မှ ၈ပတ် (သို့) ၃ ပတ်မှ ၅ပတ် ကြာတဲ့ အချိန်တိုင်းမှာ ပုံမှန် ကျွေးပေးသင့်ပါတယ်။ စိုက်ပျိုးသူအနေနဲ့
အပင်ရဲ့ အခြေအနေကို ကြည့်ပြီး အကောင်းဆုံးဖြစ်အောင် သင့်တော်သလို ကျွေးရမှာပါ။
အအေးကဲဆောင်းရာသီတွေမှာ စိုက်ပျိုးသူတွေကတော့ ပထမဆုံးဆီးနှင်း (နှင်းဦး) မကျခင် ၆ပတ်လောက် အလိုကတည်းက နိုက်ထရိုဂျက်(Nitrogen) ပါတဲ့ မြေသြဇာ ကျွေးတာကို ရပ်ထား သင့်ပါတယ်။ နိုက်ထရိုဂျင်ဟာ အအေးပိုင်းမှာ နုညံ့တဲ့ အညွန့်အတတ်တွေကြီးထွားမှုကို ပျက်စီးစေတတ်လို့ပါ။ ဖော့စပါးရပ်(Phosphrous)
နှင့် ပိုတတ်စီယမ်(Potassium) ကိုတော့ အမြစ်နှင့် အညွှန့်အတက်တွေ သန်မာအောင် ဆောင်းရာသီမှာ ဆက်ကျွေးနိုင်ပါတယ်.။
#ထိန်းသိမ်းစောင့်ရှောက်ခြင်း
နောက်ပိုင်းမှာတော့ နှင်းဆီပွင့်အောင်စောင့်ရပါတော့မယ်။ နေ့စဉ်နံနက်ပိုင်းတွေမှာ ပုံမှန်ရေလောင်းပေးသင့်ပါတယ်။ နောက် အကိုင်းများ ခြောက်လာလျှင်သော်လည်းကောင်း၊ မသန်မာသော အကိုင်းများကို လည်းကောင်း၊ အပင်ပွားများ သေသွားလျှင်သော်လည်းကောင်း ရှင်းလင်းခုတ်ထွင်ပစ်ရပါမယ်။ ကတ်ကျေး ကဲ့သို့ဖြတ်တောက်ကိရိယာကို ထက်ရှအောင် ပြုလုပ်ထားသင့်ပါတယ်။ ပင်စည်ကြီးတာတွေ ဖြတ်တောက်ဖို့အတွက် (purning saw) ပေါင်းရှင်းလွှသေးသေးတစ်လက်လည်း ဆောင်ထားသင့်ပါတယ်။ ဖြတ်တောက်ပြီးသော အကိုင်းများကို အကောင်များတတ်ခြင်း၊ နှင်းဆီ ပိုးကျခြင်းများမှ ကာကွယ်ရန် အရက်ပျံဆွတ်ဖြန်းပေးထားသင့်ပါတယ်။
အကိုင်းဖြတ်တောက်ခြင်းကို နှစ်စဉ် အပွင့် ခူးပြီးမှာ ပြုလုပ်သင့်ပါတယ်။
အပင်ခြုံကို ကန်လန့်ဖြတ်နေသော အကိုင်းများကိုလည်း ဖြတ်တောက်သင့်တယ်။ ထိုကိုင်းများကိုရှင်းခြင်းဖြင့် အပင်ခြုံအတွင်း လေနှင့်နေ ဖြတ်သန်းဖို့ ကောင်းစွာ နေရာရစေမှာပါ။
ဖြတ်တောက်ရာမှာလည်း အတိမဖြတ်ပဲ စွေစောင်းစောင်းကို အပင်ရဲ့ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဖြတ်တောက်ပေးပါ။ ဒါမှာသာ နောက်ပိုင်းထွက်လာမည့် အကိုင်းအသစ်တွေဟာ အပင်အလယ်မှာပဲ စုနေပါလိမ့်မယ်။ အရမ်းရှည်လွန်းတဲ့ အကိုင်းတွေကို သုံးပုံ တစ်ပုံလောက်အထိ ပိုင်းဖြတ်သင့်ပါတယ်။ အပွင့်ပွင့်ခါနီးတဲ့အခါ အပွင်းနား ကပ်နေတဲ့ အရွက်ဟာ အလက်ငါးလက်ခွဲနေတဲ့ အရွက်ပါ။ အကယ်၍ နှင်းဆီနွယ်ပင်အဖြစ် စိုက်မယ်ဆိုရင် သေချာ ဖြတ်ပိုင်းတတ်ဖို့ လိုအပ်ပါတယ်။ တကယ်ကျွမ်းကျင်တဲ့ သူနဲ့တိုင်ပင်ပြီး ပြုလုပ်ပေးသင့်ပါတယ်။
နှင်းဆီပင်တွေဟာ ပိုးမွားတွေကို အလွန်ဆွဲဆောင်နိုင်တဲ့ အပင်မျိုးပါ။ ပိုးကျခြင်း ပျက်စီးခြင်းမှာ ကာကွယ်နိုင်အောင် ပြုလုပ်ပေးသင့်တာတွေက
-နံနက်တိုင်း ရေလောင်းပေးပါ။ ဒါမှာသာ အရွက်တွေ အကိုင်းတွေ တစ်နေကုန်ခြောက်သွေ့ပြီး မှိုတတ်ခြင်းမှ ကာကွယ်နိုင်မှာပါ။
-ခြောက်သွေ့နေတဲ့ အရွက်တွေ အကိုင်းတွေ၊ မှိုတတ်နေတာတွေ တွေ့တာ နဲ့ ချက်ချင်းဖယ်ရှားပေးပါ။
-ဆောင်းတွင်းမှာဆိုလျှင် ရော်ရွက်တွေကိုဖယ်ရှားပေးပါ။
-ပေါင်းရှင်းကိုင်းဖြတ်ပြီးလျှင် ရွက်သစ်၊ ကိုင်းသစ်များမထွက်ခင် (lime-sulfure) ကဲ့သို့သော အရည်များကို အင်းဆက်ပိုးတွေ ဥမဥအောင်နှင့် အကိုင်းတွေ ရောဂါမဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့ ဖြန်းပေးသင့်ပါတယ်။
ဒါတွေကတော့ အကြမ်းဖျင်းစောင့်ရှောက်သင့်တဲ့ အချက်တွေပါခင်ဗျာ။
တကယ်စိုက်ပျိုးခဲ့ ရင်တော့ ကျွမ်းကျင်တဲ့သူတွေနှင့် တိုင်ပင်ပြီး စိုက်ပျိုးသင့်ပါတယ်။
Ref: MMO - မြန်မာအင်ဂျင်နီယာဖိုရမ်
Zawgyi
ႏွင္းဆီအေၾကာင္းႏွင့္ ႏွင္းဆီစိုက္ပ်ိဳးနည္း ႏွင္းဆီအမ်ိဳးအစားစုစည္းမႈ
*************************************************
ႏွင္းဆီဆိုတဲ့စကားဟာ အမ်ိဳးသမီးဘက္ကိုအားသန္တဲ့အမ်ိဳးအစားမို႔ အမ်ိဳးမ်ားရဲ႕
အသဲစြဲပန္းအမ်ိဳးအစားျဖစ္ပါတယ္။ ရာေထာင္မကေသာအမ်ိဳးအစားေတြရွိေနေပမယ့္
လို႔ သူ႕ရဲ႕ရနံ႕ေလးကေတာ့ တစ္မ်ိဳးပဲရွိပါတယ္။ ႏွင္းဆီရနံ႕ေပါ့ေလ။ ရနံ႕ကေတာ့ေရပန္း
သိပ္မစားေပမယ့္ သူ႕ရဲ႕ပင္ကို ပြင့္ဖတ္၊ ပြင့္လႊာကေတာ့ သူတကာတို႔ရဲ႕အသဲစြဲျဖစ္ပါ
တယ္။.ဒါေၾကာင့္မို႔ အလွဆင္တဲ့ေနရာမွာ ႏွင္းဆီးပန္းကေတာ့ မပါမျဖစ္ ထိပ္ဆုံးမွာ
ေနရာရထားပါတယ္။ သူ႕ရဲ႕ပင္ကိုယ္အလွေၾကာင့္မို႔လို႔ အမ်ိဳးအစားအလိုက္ ေစ်းအမ်ိဳး
မ်ိဳးတင္ကစားၿပီး ေစ်းကြက္စီးပြားေရးမွာ ေရာင္းခ်ရပါတယ္။ အပင္ရယ္ အပြင့္ရယ္ ေရ
ရွည္ခံတဲ့အမ်ိဳးအစားမဟုတ္ေပမယ့္ သူ႕ရဲ႕စြဲေဆာင္မႈရွိလွတဲ့ သူ႕ရဲ႕ပြင့္လႊာတည္ေဆာက္
ပုံေၾကာင့္ အမ်ားစုက သူ႕ကိုႀကိဳက္ၾကသလိုမ်ိဳး ေနရာတိုင္း အိမ္တိုင္းလိုလို ပန္းၿခံတိုင္း
လိုလိုမွာ အလွအျဖစ္စိုက္ထားၾကတာမ်ားပါတယ္။ အမ်ားစုကေတာ့ အလွအျဖစ္အတြက္
ဆိုရင္ေတာ့ အိုးနဲ႕ပဲစိုက္ၾကတာမ်ားပါတယ္။ ကိုင္းအရင့္ကိုကူးၿပီး စိုက္ရတာလည္လြယ္
ပါတယ္။ ဒါေပမယ့္ သူ႕ကိုေတာ့ ဂ႐ုစိုက္ေပးရမယ့္အမ်ိဳးအစားပါ။ ေျမပုပ္ေျမေဆြး
ႏြားေခ်း စာသည္ေရာထားသည့္ ေျမပုပ္ေျမေဆြးကိုႀကိဳက္ႏွစ္သက္သလိုမ်ိဳး ပုံမွန္လည္း
ေရေလာင္းေပးရ မၾကာခဏဆိုသလို ေျမကိုလည္းဆြေပးရပါတယ္။
သူကို႔ တစ္ခါစိုက္ေပး႐ုံျဖင့္ ဂ႐ုစိုက္နိုင္သည့္အေလွ်ာက္ သက္ရွည္ပင္မ်ိဳးလည္းျဖစ္ပါ
တယ္။ သူ႕ရဲ႕အပြင့္ကေတာ့ သူ႕ရဲ႕အတက္အားေလ်ာ္စြာ ပြင့္လာပါတယ္။ ဆိုေတာ့
ပြင့္ခ်ိန္ကုန္သည့္အခါ သူ႕ရဲ႕ကိုင္းအရင့္ကိုလည္း ညွပ္ထုတ္ေပးရပါတယ္။
ႏွင္းဆီရဲ႕ အတက္ထြက္ခ်ိန္ ႐ြက္ႏုထြက္ခ်ိန္ကေတာ့ ရာသိဥတု ေနရာေဒသအားေလ်ာ္
စြာ အမ်ားစု ေဖေဖၚဝါရီလ.ႏွင့္မတ္လျဖစ္ပါတယ္။ ဧၿပီလဆိုရင္ေတာ့ အဖူးေတြစုံသ
ေလာက္ အပြင့္ေတြလည္းပြင့္လာပါတယ္။ ဒါကေတာ့ က်ေနာ္ရဲကိုေတြ႕သက္သက္သာ
ျဖစ္ပါတယ္။
နည္းစနစ္က်က်နနနဲ႕စိုက္ပ်ိဳးခ်င္တယ္ဆိုရင္ေတာ့ ေအာက္ပါ (MMO -အင္ဂ်င္နီယာ
ဖိုရမ္နဲ႕. Win Thaw Nyein) ေဖစ္ဘုတ္စာမ်က္ႏွာမွာလည္း အေသးစိပ္စိုက္ပ်ိဳးနည္းကို
တင္ျပေပးထားပါတယ္။
#ႏွင္းဆီပင္ကို စိုက္ပ်ိဳးရန္ေ႐ြးခ်ယ္ျခင္း
ပန္းအလွစိုက္ပ်ိဳးဖို႔ စိတ္၀င္စားၿပီဆိုတာနဲ႕ ႏွင္းဆီပင္ဟာ စိုက္ပ်ိဳးေရးသမားေတြအတြက္ ပထမဆုံးေ႐ြးခ်ယ္ခ်င္တဲ့ အပင္ပါ။ ဘာေၾကာင့္လည္းဆိုေတာ့ သူ႕ရဲ႕အဆင္းအလွႏွင့္ ေတာ္၀င္နန္းဆန္တဲ့ အပြင့္သ႑ာန္၊ သင္းပ်ံ့ရစ္မူးဖြယ္ေကာင္းတဲ့ ရနံ႕ေမႊးပ်ံ့မႈေတြက အျခားအပင္ေတြထက္ ဆြဲေဆာင္အား ပိုေကာင္းေနတာကိုး။ အဲဒီလိုဆြဲေဆာင္နိုင္တဲ့သူ႕ကို စိုက္ပ်ိဳးမယ္ ဆိုရင္ေတာ့ အထူးသတိထားရမဲ့ အခ်က္ေတြကိုလည္း ေမ့မေနသင့္ပါဘူး။ အေရးအႀကီးဆုံးက အေအးပိုင္းေဒသေတြမွာ ရာသီဥတု ၾကမ္းတမ္းတဲ့ အေျပာင္းအလဲဒါဏ္ကို ႀကံႀကံခံနိုင္ဖို႔ပါပဲ။ အေအးပိုင္း အပူခ်ိန္ေတြရဲ႕ အနိမ့္ဆုံး အပူခ်ိန္ဟာ အပင္ရွင္သန္နိုင္ဖို႔ လိုအပ္တဲ့ အပူခ်ိန္ျဖစ္ရမယ္။
မိုးေခါင္ရာသီဥတုျဖစ္ေနေပမဲ့၊ စိုစြတ္မႈျမင့္မားၿပီး အားနည္းတဲ့ ေျမဆီလႊာေတြကို ႏွင္းဆီပင္ေတြ ပိုမိုႏွစ္သက္တတ္ပါတယ္။ အဲဒီအေျခအေနေတြမွာဆို ေအာင္ျမင္ဖို႔ ပိုမ်ားၿပီး သာမန္ဂ႐ုစိုက္မႈထက္ ေလွ်ာ့နည္းတတ္ပါတယ္တဲ့။ ဘယ္လိုျဖစ္ျဖစ္ပါ ႏွင္းဆီပင္စိုက္ေတာ့မယ္ဆိုရင္ စိုက္ပ်ိဳးေရးျမတ္နိုးတဲ့ တနည္း ႏွင္းဆီကိုခ်စ္ၾကတဲ့ ႏွင္းဆီသခင္ေတြ ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ အဖြဲ႕ေလး သေဘာမ်ိဳး ရွိေနတတ္ပါတယ္။ အဲဒီပုဂၢိဳလ္ေတြဟာ ႏွင္းဆီစိုက္ပ်ိဳးတဲ့ အေတြ႕အႀကဳံမ်ားစြာရွိေတာ့ ခုမွစိုက္ပ်ိဳးမဲ့သူေတြကို အကူအညီေတြ အႀကံဥာဏ္ေတြ စိတ္အားတတ္ႂကြစြာ ေပးတတ္ပါတယ္။
ဒါနဲ႕ ႏွင္းဆီပင္ကို အမ်ိဳးအစား (၂) မ်ိဳးရနိုင္ပါတယ္။ ျမစ္ပြားအပင္(bare-root) အျဖစ္တစ္မ်ိဳး၊ ပန္းအိုးႏွင့္ ပ်ိဳးပင္(in containers) အျဖစ္တစ္မ်ိဳး ေရာင္းခ်တတ္ၾကပါတယ္။
ျမစ္ပြားပင္ေတြကေတာ့ အၿမဳံပင္ေတြလိုပါပဲ။ သူတို႔မွာ အကိုင္းပဲရွိၿပီး အ႐ြက္မပါပါဘူး။ အျမစ္ကေတာ့ ေျမႀကီးႏွင့္ ထားပါတယ္။ ပ်ိဳးၿခံေတြမွာ လူအမ်ားစု သေဘာက်တတ္တာေတာ့ ျမစ္ပြားပင္ကိုပါပဲ။ ဘာေၾကာင့္လည္းဆိုေတာ့ ျမစ္ပြားပင္ေတြက သာမန္အားျဖင့္ ေရာင္းခ်ရတာႏွင့္ ပို႔ေဆာင္သယ္ယူတာ အဆင္ေျပၿပီး စိုက္ပ်ိဳးရမဲ့ အခ်ိန္ (ေႏြဦးရာသီျဖစ္ျဖစ္၊ ေဆာင္းဦးရာသီျဖစ္ျဖစ္) နဲ႕ သင့္ေလွ်ာ္လို႔ပါ။ ေနာက္တစ္ခ်က္က ျမစ္ပြားပင္(bear-root) ေတြကို ခ်က္ခ်င္းမစိုက္နိုင္ေသးရင္လည္း အပူခ်ိန္ (၅၀)ဒီဂရီေအာက္ရွိတဲ့ ေနရာမွာ သိမ္းထားလို႔ရနိုင္ပါတယ္။ အဲဒီလိုလုပ္ထားတဲ့အတြက္ သူ႕ရဲ႕ သေႏၶမပ်က္စီးနိုင္ပါဘူး။ ေနာက္တစ္ခ်က္က စြတ္စိုထိုင္းမွိုင္းတဲ့ေနရာမွာ ထားရင္လည္း မေသနိုင္ပါဘူး။
ပန္းအိုးႏွင့္ပ်ိဳးထားတဲ့ အပင္ေတြကေတာ့ ထုံးစံအားျဖင့္ ျမစ္ပြားပင္ေတြထက္ ေစ်းႀကီးၿပီး ရနိုင္တာမွာလည္း အကန့္အသတ္ရွိပါတယ္။ အပင္ က်န္းမာသန္စြမ္းစြာ ႀကီးထြားဖို႔ရာလည္း ဂ႐ုစိုက္ရပါတယ္။ ေနာက္ အပင္ရဲ႕ အျမစ္ေတြဟာ ပန္းအိုးအေပၚတတ္လာရင္ပဲျဖစ္ေစ။ ပန္းအိုးေအာက္ကေနထိုးထြက္ေနရင္ပဲျဖစ္ေစ အဲဒီအပင္ဟာ အဲဒီပန္းအိုးအတြက္ အရမ္းရွည္ေနတတ္ပါတယ္။ ေယဘုယ်အားျဖင့္ ပန္းအိုး ႏွင္းဆီပ်ိဳးပင္ေတြကို ေႏြဦးရာသီေတြႏွင့္ ေႏြရာသီအလယ္ပိုင္းေတြမွာ ဒါမွမဟုတ္ ေဆာင္းရာသီ အဦးအစေတြမွာ စိုက္ပ်ိဳးနိုင္ပါတယ္။
ျမန္မာနိုင္ငံမွာဆို ပူေႏြးစိုစြတ္တဲ့သမပိုင္းေတြမွာ စိုက္ရင္အဆင္ေျပနိုင္ပါတယ္။
#ေျမဆီလႊာ ျပင္ဆင္ျခင္း
ႏွင္းဆီပင္ေတြဟာ ေျမဆီလႊာမ်ိဳးစုံမွာ ရွင္သန္နိုင္ပါတယ္။ အဲ...လိုအပ္တာက ေရဆင္းေကာင္းဖို႔နဲ႕ အရမ္းမေျခာက္ေသြ႕ေအာင္ လုပ္ေဆာင္ေပးဖို႔ပါ။ ႏွင္းဆီစိုက္ပ်ိဳးတဲ့ေျမထဲမွာ ေအာ္ဂဲနစ္ပစၥည္း(ေျမၾသဇာ) ေတြမ်ားစြာ ပါ၀င္ေနရပါမယ္။ အဲဒီပစၥည္းေတြဟာ ေျမဆီလႊာအတြက္ အဟာရျပည့္ဝေနေစၿပီး အပင္ရဲ႕ အျမစ္ေတြ ေျမႀကီးကို လြယ္ကူစြာ ထိုးေဖာက္နိုင္ေအာင္ ေထာက္ပံ့ေပးရမွာပါ။ ေနာက္ ေျမႀကီးကို ေပ်ာ့ၿပဲမေနဘဲ ေရကိုထိန္းသိမ္းထားနိုင္ေအာင္ အကူအညီေပးဖို႔ပါ။ ႏွင္းဆီပင္ရဲ႕ အျမစ္ေတြဟာ အရမ္းေျခာက္လြန္းရင္ မေကာင္းသလို၊ ေရေတြ အရမ္းစိုစြက္ၿပီးေျမဆီလႊာ ႏုညံ့ေပ်ာ့ၿပဲလြန္း ေနရင္လည္း မေကာင္းပါဘူး။
ႏွင္းဆီပင္ စိုက္ပ်ိဳးဖို႔ ပ်ိဳးပင္အမ်ားႀကီးမမွာယူခင္မွာ အေကာင္းဆုံးအႀကံေပးခ်င္တာက ဓါတ္ခြဲခန္းမွာ ေျမဆီစမ္းသပ္မႈ ျပဳလုပ္သင့္တာပါ။ ေျမဆီစမ္းသပ္ျခင္းက ကုန္က်စာရိတ္ပိုသက္သာေစသလို ဓါတ္ခြဲခန္းက ႏွင္းဆီစိုက္ပ်ိဳးျခင္းအတြက္ လိုအပ္မယ့္ ေျမရရွိဖို႔ ဓါတ္ေျမၾသဇာေရာစပ္ျခင္းကို ခ်ိန္ညွို ေပးနိုင္ပါလိမ့္မယ္။ (ႏွင္းဆီပင္ေတြဟာ အက္ဆစ္ဓါတ္ အနည္းငယ္ကဲေသာ ေျမဆီလႊာကို ပိုမိုႏွစ္သက္ၾကပါတယ္။)
သာမန္အားျဖင့္ သင္စိုက္ပ်ိဳးမယ့္ ေျမဆီလႊာဟာ ေကာင္းမြန္ေနတယ္ဆိုရင္ ဘယ္လိုေအာ္ဂဲနစ္ပစၥည္းျဖစ္ေစ ႏွင္းဆီပင္အတြက္ ပိုမိုေကာင္းမြန္ေစမယ္ဆို ထည့္နိုင္ပါတယ္။ ႏွင္းဆီဂု႐ု (Rosarians; as rose experts are called) ရိုစာရီးယန္းေတြက အေကာင္းဆုံး ဥယ်ာဥ္ေျမဆီေရာစပ္နည္းေတြ အႀကံေပးပါလိမ့္မယ္။
ေအာ္ဂဲနစ္ပစၥည္းႏွင့္ညီမွ်တဲ့ ပမာဏရရွိေအာင္ ေျမၾသဇာ၊ သစ္ေဆြးေျမ၊ ေျမေဆြး၊ ေရညွိုေျမေဆြး အစရွိတဲ့ ပစၥည္းေတြႏွင့္ အတူ သဲေျမ (၁၀) ရာခိုင္ႏႈန္းကို ေရာစပ္ေပးရပါတယ္။ သဲေျမထည့္တာကေတာ့ ေရဆင္းေကာင္းေအာင္ ထည့္ေပးရတာပါ။ အားနည္းတဲ့ ေျမဆီလႊာေတြမွာ ျဖည့္ထည့္မႈ ပမာဏပိုမိုပါတယ္။ ဒါမွမဟုတ္ရင္လည္း ၁၆လက္မမွ ၂၀လက္မအထိရွိတဲ့ ေျမလႊာ ခင္းေပးၿပီး အဲဒီေပၚမွာ ေျမေဆြးေတြ ထည့္ေပးၿပီးစိုက္ပ်ိဳးနိုင္ပါေသးတယ္။ အဲဒီေနာက္မွာေတာ့ ႏွင္းဆီပင္ေတြကို သီးျခားစီ စိုက္နိုင္ဖို႔ ခုနက ေျမေတြ ျပင္ဆင္ျဖည့္သြင္းထားတဲ့ ေျမလႊာမွာ အပင္စိုက္ဖို႔ က်င္းတူးရပါေတာ့မယ္။ က်င္းကို ခပ္ႀကီးႀကီးေလး တူးေပးသင့္ပါတယ္။ (၁၈)လက္မ ပတ္လည္ အက်ယ္၊ အနက္ ေလာက္ထားသင့္ၿပီး လိုအပ္သလို အဆင္ေျပေအာင္ ျပင္ဆင္ တူးသင့္ပါတယ္။ အထူးသျဖင့္ ျဖည့္ေျမတူးထားတာ နည္းရင္ အႏၲရယ္မ်ားပါတယ္။ မူလေျမဆီလႊာ အားနည္းတဲ့ေနရာေတြမွာ အျမစ္ေတြဟာ အျပင္ကေျမဆီကို မထိုးေဖာက္နိုင္မွာေၾကာင့္ပါပဲ။ ဘယ္ႏွင္းဆီအမ်ိဳးအစားက မူလလက္ခံေျမႏွင့္ အဆင္ေျပသလဲဆိုတာကို ေဒသခံႏွင္းဆီစိုက္ပ်ိဳးေရးသမားေတြႏွင့္ ေျပာဆိုေဆြးေႏြးသင့္ပါတယ္။ အေကာင္းဆုံးအႀကံေပးခ်င္တာကေတာ့ ႏွင္းဆီရွင္သန္ႀကီးထြားနိုင္မဲ့ အခ်က္ေတြကို မစိုက္ပ်ိဳးခင္ စိတ္ေက်နပ္မႈရသည္ထိေအာင္ ရွာေဖြေလ့လာရမွာပါ။
ေနာက္ အေရးအႀကီးဆုံး မျဖစ္မေနလုပ္ေဆာင္သင့္တဲ့ အခ်က္ကေတာ့ ေရဆင္းေကာင္းျခင္းပါ။ စိုက္ပ်ိဳးမဲ့ ေျမဟာ ေရဆင္းေကာင္းမေကာင္း စမ္းသပ္မယ္ဆိုရင္ (၁)ေပပတ္လည္ က်င္းတစ္က်င္းတူးလိုက္ၿပီး ေရအျပည့္ျဖည့္ထားေပးပါ။ တစ္နာရီအတြင္း ေရအကုန္ခန္းမသြားဘူးဆိုရင္ ေရဆင္းေကာင္းေအာင္လုပ္ေဆာင္ေပးဖို႔ လိုအပ္ပါမယ္။ ေရနည္းနည္းပဲက်န္တယ္ဆိုရင္ေတာ့ ဓါတုပစၥည္းအနည္းထည့္ေပးၿပီးေျဖရွင္းနိုင္ပါတယ္။ အမ်ားႀကီးက်န္ေနတယ္ဆိုရင္ေတာ့ အျမစ္ပတ္၀န္းက်င္ေနရာ တစ္ဝုိက္မွာ ေရဆင္းပိုက္ တပ္ဆင္ေပးထားဖို႔ လိုအပ္ပါလိမ့္မယ္။
အခုေလာက္ဆို ရင္ ေျမဆီလႊာအတြက္အေတာ္ေလး အခ်က္အလက္စုံလင္သြားေလာက္ပါပီ။ ဘယ္လိုျဖစ္ျဖစ္ပါ တကယ္စိုက္ပ်ိဳးခ်ိန္မွာ အေတြ႕အႀကဳံရွိတဲ့ စိုက္ပ်ိဳးေရးသမားေတြကေတာ့ အေကာင္းဆုံး အႀကံဥာဏ္ေပးနိုင္မွာပါပဲ။
#စိုက္ပ်ိဳးျခင္း
ႏွင္းဆီပင္မ်ားဟာ စိုက္ပ်ိဳးရတာ လြယ္ကူတဲ့ အပင္ေတြပါပဲ။ အဲ အနည္းငယ္ရႈပ္ေထြးေစတာက ႏွင္းဆီပင္ရဲ႕ ဖူးပြင့္လာမဲ့ အကိုင္းအခက္ေတြ ဘယ္ဘက္ကို ရွင္သန္ႀကီးထြားေစမလဲဆိုတာပါပဲ။ မ်ားစြာေသာနာမည္ႀကီးထင္ရွားတဲ့ ႏွင္းဆီပင္အမ်ိဳးအစားေတြဟာ သူတို႔ဘာသာႀကီးထြားတာထက္ တျခားအမွီတစ္ခုေပၚမွာ မွီၿပီး ႀကီးထြားတတ္ပါတယ္။ ႏွင္းဆီပင္ေတြကို သူ႕တို႔ပင္စည္မွာပဲသူ႕ဘာသာ ႀကီးထြားေစခ်င္ယင္ေတာ့ ကြင္းျပင္ထဲမွာ အျမင့္ညီညီထားၿပီး စိုက္ပ်ိဳးျခင္းပါပဲ။ အမ်ားအားျဖင့္ အပင္ရဲ႕ အေျခမွာေတာ့ ဆြဲေဆာင္နိုင္မႈ ေလွ်ာ့က်သြားမွာျဖစ္ပါတယ္။
#ျမစ္ပြားႏွင္းဆ္ီပင္BARE-ROOT ROSES) စိုက္ပ်ိဳးျခင္း
၁။ အျမစ္ေတြကိုနာရီအနည္းငယ္ ေရဆြတ္ေပးပါ။(အခ်ိန္အၾကာႀကီးမထားပါနဲ႕)။ အဲဒီေနာက္ က်ိဳးပဲ့ၿပီးမေကာင္းေတာ့တဲ့ အကိုင္းအလတ္ေတြကို ျဖတ္ေတာက္ေပးပါ။
၂။ ေျမခင္းအလွလုပ္ထားတဲ့ ေျမေနရာမွာ ျဖစ္ေနပါေစ သင့္ေတာ္ႀကီးမားတဲ့ ေျမက်င္းတူးေပးပါ။ က်င္းေအာက္ေျခမွာ အပင္ရဲ႕ပင္စည္ကိုင္းေနရာကို ေျမေပၚမွာ ေသခ်ာထား နိုင္ေလာက္တဲ့အထိ ေျမစာခဲမ်ားကို စုပုံေပးပါ။
၃။ အျမစ္ေတြကို ေျမစာခဲပုံေပၚမွာ ျဖန့္တင္ေပးလိုက္ပါ။ က်င္းမွာထည့္ဖို႔ အရမ္းရွည္လြန္းေနလွ်င္ အနည္းငယ္ျဖတ္ေတာက္လိုက္ပါ။ အျမစ္တစ္ေလွ်ာက္မွာရွိတဲ့ ေျမကို ေလမခိုေအာင္ဂ႐ုတစိုက္ျပဳလုပ္ၿပီး က်င္းတစ္၀က္ ျပည့္တဲ့ အထိျဖည့္ေပးပါ။
၄။ အျမစ္ေတြႏွင့္ေျမႀကီးေတြ ေရ႐ြဲ႐ြဲစိုေအာင္ ေလာင္ေပးပါ။ ေနာက္ ေရကို စီးထြက္သြားေစၿပီး ေျမႀကီးထည့္ေပးပါ။ ေနာက္ေရထပ္ေလာင္းပါ။
၅။ ေျမႀကီးကို ၈လက္မမွာ ၁၂လက္မအထိ ကိုင္းမ်ားဖုံးေအာင္ မို႔ေမာက္စုပုံေပးထားရပါမယ္။ ဒါမွသာ ေနဒါဏ္ေလဒါဏ္မွ ကာကြယ္နိုင္မွာျဖစ္ပါတယ္။ ရွည္လွ်ားလြန္းတဲ့ အခက္အလက္ အသစ္ေတြကို ျဖည္းျဖည္းညင္းသာစြာ ေဆးေၾကာၿပီး အပင္ေျခမွာ ဖို႔ထားတဲ့ ေျမႀကီးမ်ားမွ လြတ္ကင္းအာင္ ျပဳလုပ္ထားေပးရပါမယ္။
၆။ အဲဒီေနာက္ ပင္စည္ေခါက္ေတြမေျခာက္ေသြ႕ေအာင္ ျပဳလုပ္ထားေပးရပါမယ္။ ေျမေဆြးခဲေတြ၊ ေျမစိုင္ခဲေတြက ေရေငြ႕ျပန္တာကို ထိန္းသိမ္းထားေပးနိုင္ပါတယ္။ ေရညွိုေျမေဆြးမ်ားကို အပင္က်င္းရဲ႕ပတ္လည္မွာ ၁လက္မနီးပါးအထူအထိ ထည့္ေပးျခင္းကလည္း ေရမေျခာက္ေအာင္ ထိန္းထားေပးနိုင္ပါတယ္။
#ပန္းအိုးႏွင္းဆီပင္ (CONTAINER- GROWN ROSES)ကိုစိုက္ပ်ိဳးျခင္း
၁။ မစိုက္ခင္ ပန္းအိုးထဲကေျမမ်ားကို စြတ္စိုေအာင္ လုပ္ပါ။ ေျမႀကီးမွာ စြတ္စို(ေပ်ာ့ၿပဲေနေအာင္ ႐ြဲ႐ြဲမစိုသင့္ပါ) လာလွ်င္ ပန္းအိုးကို လွီးထုတ္ျခင္း ခြဲျခင္းျပဳလုပ္ေပးပါ။ အျမစ္အုံကို ျဖစ္နိုင္သမွ် မထိခိုက္မိေအာင္ဂ႐ုစိုက္ပါ။ တတ္နိုင္သမွ် အနည္းဆုံးထိခိုက္မႈသာ ျဖစ္ေအာင္ဂ႐ုစိုက္ရမည္။ အျမစ္မ်ားစြာမွာ ပန္းအိုးမ်က္ႏွာျပင္တြင္ တြယ္ကပ္ေနတတ္သျဖင့္ ျဖည္းညွင္းစြာသာ အျမစ္ရႈပ္ေထြးမ်ားကို ဖယ္ရွားေပးပါ။
၂။ ေျမက်င္းထဲသို႔ ဂ႐ုတစိုက္ေနရာခ်ထားေပးပါ။ ရႈပ္ေထြးေနေသာ ျမစ္မႊာမ်ားကို ျဖန့္ကာ ေနရာခ်ေပးပါ။ အထူးသျဖင့္ အပင္၏ အျမစ္အုံကို ျပန္မေထြးေအာင္ ဂ႐ုျပဳရပါမယ္။ အျမစ္အုံေအာက္၌ ပင္စည္အကိုင္း အေနအထားမွန္ကန္သည္အထိရေအာင္ ေျမသားမ်ားျဖန့္ခင္း စီစဥ္ေပးပါ။
၃။ က်န္တဲ့ အခ်က္မ်ားမွာ ျမစ္ပြားပင္စိုက္သကဲ့သို႔ အတူတူပင္ျဖစ္ပါတယ္။ သတိထားရမွာက ပန္းအိုးႏွင္းဆီပင္မ်ားဟာ က်ိဳးပ်က္ေသာ အၿမဳံပင္မ်ားရွိတတ္သျဖင့္ ေျမေပၚမွာ ေျမႀကီး မို႔ေမာက္စုပုံျခင္း လုပ္ဖို႔မလိုအပ္ပါဘူး။
#ဂ႐ုစိုက္ျခင္းႏွင့္ ေျမဆီၾသဇာေကြၽးျခင္း
သစ္ပင္တစ္ပင္စိုက္ျခင္းကလည္း ခ်စ္စရာအိမ္ေမြးတရိစာၦန္ေ လးေတြေမြးရသလိုပါပဲ။ သူ႕ကို ဂ႐ုတစိုက္ျပဳစုေပးဖို႔၊ လိုအပ္ခ်ိန္မွာ ေရေလာင္း၊ ေျမဆီေကြၽးစတာေတြ ျပဳလုပ္ေပးဖို႔ လိုအပ္ပါတယ္။ ႏွင္းဆီပင္ေတြကေတာ့ ဂ႐ုစိုက္မႈအထူးလိုအပ္တဲ့ အပင္ေတြပါပဲ။
ဘာေၾကာင့္ဆိုေတာ့ ႏွင္းဆီေတြဟာ ေျမဆီအလြန္စားၿပီး အင္မတန္ဆာေလာင္တတ္တဲ့ အပင္တစ္မ်ိဳးျဖစ္ေနလို႔ပါ။ တနည္းေျပာရရင္ လိုအပ္ခ်က္ေတြ အင္မတန္မ်ားတဲ့ အပင္ေပါ့ဗ်ာ။ သူ႕ကိုစိုက္ထားတဲ့ေျမဟာ ဗြက္ထေနေအာင္ စိုစြတ္ဖို႔ မလိုအပ္ေပမဲ့ အစိုဓါတ္အၿမဲရွိေနဖို႔ လိုအပ္ေနတတ္ပါတယ္။
ေရေလာင္းတဲ့အခါမွာလည္း ေျမေအာက္ (စိုက္ပ်ိဳးအပင္ရဲ႕ အျမစ္ဇုံတည္ရွိတဲ့) ၁၆လက္မ ၁၇လက္မေလာက္အထိ စြတ္စိုေနေအာင္ေလာင္းရမွာပါ။ ကိုယ္စိုက္ပ်ိဳးခ်င္တဲ့ ေျမမွာ ေရဘယ္ေလာက္လိုအပ္သလဲ စမ္းသပ္ခ်င္ယင္ေတာ့ အဆင္ေျပနိုင္တဲ့ (ေရဆြဲပုံး၊ ေရပိုက္၊ ေရမႊားေရပန္း စသည္ျဖင့္) နည္းစနစ္တစ္ခုခုနဲ႕ လုံေလာက္နိုင္ၿပီလို႔ ထင္တဲ့ အထိေရေလာင္းေပးပါ။ အဲဒီေနာက္ ေလာင္းလိုက္တဲ့ ေရ ဘယ္အတိုင္းအတာအထိ ေျမႀကီးထဲ အမွန္တကယ္ စိမ့္၀င္နိုင္သလဲဆိုတာ ေျမႀကီး ကိုတူးၾကည့္ၿပီး သိနိုင္ပါတယ္။ လိုအပ္တယ္ဆိုရင္ ထပ္ၿပီးေလာင္းဖို႔ ခ်င့္ခ်ိန္ရေတာ့မွာေပါ့။ လက္ေတြ႕အပင္ေလာင္းၿပီဆိုရင္ေတာ့ အပင္ရဲ႕ အနီးတဝုိက္နားမွာ ၃လက္မေလာက္ က်င္းေလးတူးလိုက္ပါ။ ေနာက္ေရေလာင္းၿပီးေနာက္ အဲဒီအနက္အထိ စြတ္စိုေနရင္ ေစာင့္ေနလိုက္ပါ ေနာက္ ေျခာက္သြားၿပီဆိုမွ ခုနက မစိုက္ခင္ တိုင္းတာၿပီးဆုံးျဖတ္ထားတဲ့ ပမာဏထိ ေလာင္းေပးလိုက္ပါ။ အဲဒီနည္းကေတာ့ လက္ေတြ႕ေရေလာင္းရာမွာ လိုအပ္သေလာက္ ပမာဏရရွိေအာင္ ခန့္မွန္းနိုင္တဲ့ အေကာင္းဆုံးနည္းစနစ္တစ္ခုပါ။
ေနာက္အပင္ရဲ႕ အေျခအေနကိုၾကည့္ၿပီး လိုအပ္တဲ့ေျမၾသဇာ ကို အခ်ိန္ဇယားႏွင့္ ေကြၽးေပးရမွာပါ။ ဥယ်ာဥ္မႉးအမ်ားစုဟာ အဲဒီဇယားကို အေတာ္ေလး ဂ႐ုတစိုက္လိုက္နာၾကပါတယ္။ ေနာက္ ေျမၾသဇာကိုလည္း အရည္ျဖစ္ေစ၊ အေစ့အလုံးျဖစ္ေစ၊ ဒါမွမဟုတ္ ႏွင္းဆီအတြက္ အထူးေဖာ္စပ္ထားတဲ့ ပစၥည္းျဖစ္ေစ ေ႐ြးခ်ယ္ရမွာပါ။
ေႏြဦးရာသီအေစာပိုင္းမွာ ကိုင္းခြဲထြက္လာတတ္တဲ့ ႏွင္းဆီမ်ိဳးပြား အသစ္ေတြ၊ ႏွင္းဆီအပင္အိုႀကီးေတြ ႏွင့္ ႏြယ္တတ္သြားတဲ့ ႏွင္းဆီပင္ေတြကို ေျမၾသဇာျပည့္ျပည္၀၀ သီးသန္း ေကြၽးနိုင္ပါတယ္။ မူလေျမဆီမွာ ေျမၾသဇာဓါတ္ျပည့္ဝေနလွ်င္ေတာ့ ေျမၾသဇာ(Fertilizers) ထပ္မေကြၽးပဲ ရွင္သန္နိုင္ပါတယ္။ ပထမအႀကိမ္ ဖူးပြင့္ၿပီး ေနာက္တစ္ႀကိမ္ ဖူးပြင့္ဖို႔အတြက္ေတာ့ ေျမၾသဇာ(Fertilizers)ထပ္ေကြၽးရပါမယ္။
ေမာ္ဒန္ႏွင္းဆီပင္ေတြကေတာ့ ႀကီးထြားေနခ်ိန္အတြင္း ပုံမွန္ေကြၽးေနဖို႔လိုပါတယ္။ ႏွင္းဆီပင္သစ္ကေလးေတြကို စိုက္ပ်ိဳးၿပီး တစ္လေလာက္ထိ ေျမၾသဇာ ေကြၽးရပါမယ္။ အကိုင္းေတြမွာ အ႐ြက္သစ္ကေလးေတြ ထြက္လာခ်ိန္မွာ က်ိဳးပဲ့ ေျခာက္ေသြ႕ေနတဲ့ အကိုင္းအခက္မ်ားကိုျဖတ္ေတာက္ ၊ေပါင္းသင္ရွင္းလင္းၿပီး ခ်ိန္ကတည္းကစၿပီး ေျမၾသဇာကို ၆ပတ္ မွ ၈ပတ္ (သို႔) ၃ ပတ္မွ ၅ပတ္ ၾကာတဲ့ အခ်ိန္တိုင္းမွာ ပုံမွန္ ေကြၽးေပးသင့္ပါတယ္။ စိုက္ပ်ိဳးသူအေနနဲ႕
အပင္ရဲ႕ အေျခအေနကို ၾကည့္ၿပီး အေကာင္းဆုံးျဖစ္ေအာင္ သင့္ေတာ္သလို ေကြၽးရမွာပါ။
အေအးကဲေဆာင္းရာသီေတြမွာ စိုက္ပ်ိဳးသူေတြကေတာ့ ပထမဆုံးဆီးႏွင္း (ႏွင္းဦး) မက်ခင္ ၆ပတ္ေလာက္ အလိုကတည္းက နိုက္ထရိုဂ်က္(Nitrogen) ပါတဲ့ ေျမၾသဇာ ေကြၽးတာကို ရပ္ထား သင့္ပါတယ္။ နိုက္ထရိုဂ်င္ဟာ အေအးပိုင္းမွာ ႏုညံ့တဲ့ အၫြန့္အတတ္ေတြႀကီးထြားမႈကို ပ်က္စီးေစတတ္လို႔ပါ။ ေဖာ့စပါးရပ္(Phosphrous)
ႏွင့္ ပိုတတ္စီယမ္(Potassium) ကိုေတာ့ အျမစ္ႏွင့္ အၫႊန့္အတက္ေတြ သန္မာေအာင္ ေဆာင္းရာသီမွာ ဆက္ေကြၽးနိုင္ပါတယ္.။
#ထိန္းသိမ္းေစာင့္ေရွာက္ျခင္း
ေနာက္ပိုင္းမွာေတာ့ ႏွင္းဆီပြင့္ေအာင္ေစာင့္ရပါေတာ့မယ္။ ေန႕စဥ္နံနက္ပိုင္းေတြမွာ ပုံမွန္ေရေလာင္းေပးသင့္ပါတယ္။ ေနာက္ အကိုင္းမ်ား ေျခာက္လာလွ်င္ေသာ္လည္းေကာင္း၊ မသန္မာေသာ အကိုင္းမ်ားကို လည္းေကာင္း၊ အပင္ပြားမ်ား ေသသြားလွ်င္ေသာ္လည္းေကာင္း ရွင္းလင္းခုတ္ထြင္ပစ္ရပါမယ္။ ကတ္ေက်း ကဲ့သို႔ျဖတ္ေတာက္ကိရိယာကို ထက္ရွေအာင္ ျပဳလုပ္ထားသင့္ပါတယ္။ ပင္စည္ႀကီးတာေတြ ျဖတ္ေတာက္ဖို႔အတြက္ (purning saw) ေပါင္းရွင္းလႊေသးေသးတစ္လက္လည္း ေဆာင္ထားသင့္ပါတယ္။ ျဖတ္ေတာက္ၿပီးေသာ အကိုင္းမ်ားကို အေကာင္မ်ားတတ္ျခင္း၊ ႏွင္းဆီ ပိုးက်ျခင္းမ်ားမွ ကာကြယ္ရန္ အရက္ပ်ံဆြတ္ျဖန္းေပးထားသင့္ပါတယ္။
အကိုင္းျဖတ္ေတာက္ျခင္းကို ႏွစ္စဥ္ အပြင့္ ခူးၿပီးမွာ ျပဳလုပ္သင့္ပါတယ္။
အပင္ၿခဳံကို ကန္လန့္ျဖတ္ေနေသာ အကိုင္းမ်ားကိုလည္း ျဖတ္ေတာက္သင့္တယ္။ ထိုကိုင္းမ်ားကိုရွင္းျခင္းျဖင့္ အပင္ၿခဳံအတြင္း ေလႏွင့္ေန ျဖတ္သန္းဖို႔ ေကာင္းစြာ ေနရာရေစမွာပါ။
ျဖတ္ေတာက္ရာမွာလည္း အတိမျဖတ္ပဲ ေစြေစာင္းေစာင္းကို အပင္ရဲ႕ဆန့္က်င္ဘက္ကို မ်က္ႏွာမူၿပီး ျဖတ္ေတာက္ေပးပါ။ ဒါမွာသာ ေနာက္ပိုင္းထြက္လာမည့္ အကိုင္းအသစ္ေတြဟာ အပင္အလယ္မွာပဲ စုေနပါလိမ့္မယ္။ အရမ္းရွည္လြန္းတဲ့ အကိုင္းေတြကို သုံးပုံ တစ္ပုံေလာက္အထိ ပိုင္းျဖတ္သင့္ပါတယ္။ အပြင့္ပြင့္ခါနီးတဲ့အခါ အပြင္းနား ကပ္ေနတဲ့ အ႐ြက္ဟာ အလက္ငါးလက္ခြဲေနတဲ့ အ႐ြက္ပါ။ အကယ္၍ ႏွင္းဆီႏြယ္ပင္အျဖစ္ စိုက္မယ္ဆိုရင္ ေသခ်ာ ျဖတ္ပိုင္းတတ္ဖို႔ လိုအပ္ပါတယ္။ တကယ္ကြၽမ္းက်င္တဲ့ သူနဲ႕တိုင္ပင္ၿပီး ျပဳလုပ္ေပးသင့္ပါတယ္။
ႏွင္းဆီပင္ေတြဟာ ပိုးမြားေတြကို အလြန္ဆြဲေဆာင္နိုင္တဲ့ အပင္မ်ိဳးပါ။ ပိုးက်ျခင္း ပ်က္စီးျခင္းမွာ ကာကြယ္နိုင္ေအာင္ ျပဳလုပ္ေပးသင့္တာေတြက
-နံနက္တိုင္း ေရေလာင္းေပးပါ။ ဒါမွာသာ အ႐ြက္ေတြ အကိုင္းေတြ တစ္ေနကုန္ေျခာက္ေသြ႕ၿပီး မွိုတတ္ျခင္းမွ ကာကြယ္နိုင္မွာပါ။
-ေျခာက္ေသြ႕ေနတဲ့ အ႐ြက္ေတြ အကိုင္းေတြ၊ မွိုတတ္ေနတာေတြ ေတြ႕တာ နဲ႕ ခ်က္ခ်င္းဖယ္ရွားေပးပါ။
-ေဆာင္းတြင္းမွာဆိုလွ်င္ ေရာ္႐ြက္ေတြကိုဖယ္ရွားေပးပါ။
-ေပါင္းရွင္းကိုင္းျဖတ္ၿပီးလွ်င္ ႐ြက္သစ္၊ ကိုင္းသစ္မ်ားမထြက္ခင္ (lime-sulfure) ကဲ့သို႔ေသာ အရည္မ်ားကို အင္းဆက္ပိုးေတြ ဥမဥေအာင္ႏွင့္ အကိုင္းေတြ ေရာဂါမျဖစ္ေအာင္ ကာကြယ္တဲ့ အေနနဲ႕ ျဖန္းေပးသင့္ပါတယ္။
ဒါေတြကေတာ့ အၾကမ္းဖ်င္းေစာင့္ေရွာက္သင့္တဲ့ အခ်က္ေတြပါခင္ဗ်ာ။
တကယ္စိုက္ပ်ိဳးခဲ့ ရင္ေတာ့ ကြၽမ္းက်င္တဲ့သူေတြႏွင့္ တိုင္ပင္ၿပီး စိုက္ပ်ိဳးသင့္ပါတယ္။
Ref: MMO - ျမန္မာအင္ဂ်င္နီယာဖိုရမ္
Comments
Post a Comment