သစ်ခွပန်းလက်တွေ့ ကျကျ
[Zawgyi]
သစ်ခွပန်း လက်တွေ့ကျကျ စိုက်ပျိုးဖို့ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရမလဲ
===========================================================
သစ်ခွစိုက်ပျိုးတော့မယ်ဆိုရင် ပထမဆုံး အလင်းရောင်၊ ရေနဲ့ လေဝင်လေထွက် ကောင်းမွန်မှုတွေကို စဉ်းစားဖို့ လိုပါတယ်။ ဒီ(၃)မျိုးမှာ ဘယ်ဟာက ပိုအရေးကြီးတယ်ဆိုတာ ပြောဖို့ ခဲယဉ်းပါတယ်။ (၃)မျိုးစလုံး အရေးကြီး တယ်လို့တွေးထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့
အလင်းရောင်
----------------
သစ်ခွတွေအတွက် သူတို့ခံနိုင်တဲ့နေရောင်ကို တစ်နေ့တာလုံး ရနိုင်သမျှ များများရနိုင်ဖို့ လိုအပ်ပါတယ်။
ဥပမာ လိပ်ပြာသစ်ခွအတွက် တိုက်ရိုက်နေရောင်ခြည်ရဲ့ ၃၀% (သို့မဟုတ်) ၅၀% ကိုလိုအပ်မှာဖြစ်ပြီး
မိုးပေါ်ထောင် သစ်ခွအများစုအတွက် ၇၀% (သို့မဟုတ်) ၉၀ % ကိုလိုအပ်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့
အလင်းရောင်ရရှိနိုင်ဖို့ အရိပ်ပိုက်၊ အုန်းလက် စတာတွေနဲ့ မိုးပေးရမှာ ဖြစ်ပါတယ်။ စပိုက်ဒါစတဲ့
နေရောင်တိုက်ရိုက်ကိုကြိုက်တဲ့ သစ်ခွတွေကလွဲပြီးကျန်တဲ့သစ်ခွတွေကို လိုအပ်တဲ့ နေရောင်တွေရနိုင်ဖို့
အရိပ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ရေ
-----
သစ်ခွတွေက ရေငတ်ခံနိုင်တယ်ဆိုပေမယ့် ရေပုံမှန်လောင်ပေးဖို့ လိုပါတယ်။ ရေလောင်းတဲ့ခါ တစ်ပင်လုံး
မိနစ် ၂၀ ကနေ ၁ နာရီ ၀န်းကျင်လောက်ထိ စိုရွှဲနေအောင်လောင်းပေးရပါမယ်။ သို့သော်လည်း ရေ
၀ပ်ခြင်း ရေတင်ကျန်နေခြင်းမျိုးမဖြစ်အောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ရေကို တစ်နေ့ နှစ်ကြိမ်၊
နံနက်တစ်ကြိမ် ညနေတစ်ကြိမ် လောင်းပေးရန် လိုပါတယ်။ မနက်ပိုင်းရေကို ၉း၃၀ အချိန်ထိ လောင်းပေးနိုင်ပြီး ညနေရေလောင်းတဲ့ခါ ၄း ၀၀ နောက်ပိုင်းလောင်းနိုင်ပါတယ်။
လေ၀င်လေထွက်
----------------------
သစ်ခွတွေ ကျန်းမာဖို့အတွက် လေ၀င်လေထွက်ဟာလည်း အလင်းရောင်၊ ရေတို့နည်းတူ အရေးကြီးပါ
တယ်။ ဒါကြောင့် သစ်ခွတွေကို စင်မှာစိုက်တဲ့ခါဖြစ်စေ အိုးဆွဲချိတ်ပြီး စိုက်တဲ့ခါဖြစ်စေ အလင်းရောင်
ရနိုင်တဲ့နေရာ၊ လေ၀င်လေထွက်ကောင်းမွန်တဲ့နေရာတွေကို ရွေးချယ်ဖို့ လိုပါတယ်။
Credit ; ko phyu
====================================================================
[Unicode]
သစ်ခွပန်း လက်တွေ့ကျကျ စိုက်ပျိုးဖို့ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရမလဲ
==================================================================
သစ်ခွစိုက်ပျိုးတော့မယ်ဆိုရင် ပထမဆုံး အလင်းရောင်၊ ရေနဲ့ လေဝင်လေထွက် ကောင်းမွန်မှုတွေကို စဉ်းစားဖို့ လိုပါတယ်။ ဒီ(၃)မျိုးမှာ ဘယ်ဟာက ပိုအရေးကြီးတယ်ဆိုတာ ပြောဖို့ ခဲယဉ်းပါတယ်။ (၃)မျိုးစလုံး အရေးကြီး တယ်လို့တွေးထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့
အလင်းရောင်
----------------
သစ်ခွတွေအတွက် သူတို့ခံနိုင်တဲ့နေရောင်ကို တစ်နေ့တာလုံး ရနိုင်သမျှ များများရနိုင်ဖို့ လိုအပ်ပါတယ်။
ဥပမာ လိပ်ပြာသစ်ခွအတွက် တိုက်ရိုက်နေရောင်ခြည်ရဲ့ ၃၀% (သို့မဟုတ်) ၅၀% ကိုလိုအပ်မှာဖြစ်ပြီး
မိုးပေါ်ထောင် သစ်ခွအများစုအတွက် ၇၀% (သို့မဟုတ်) ၉၀ % ကိုလိုအပ်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့
အလင်းရောင်ရရှိနိုင်ဖို့ အရိပ်ပိုက်၊ အုန်းလက် စတာတွေနဲ့ မိုးပေးရမှာ ဖြစ်ပါတယ်။ စပိုက်ဒါစတဲ့
နေရောင်တိုက်ရိုက်ကိုကြိုက်တဲ့ သစ်ခွတွေကလွဲပြီးကျန်တဲ့သစ်ခွတွေကို လိုအပ်တဲ့ နေရောင်တွေရနိုင်ဖို့
အရိပ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ရေ
-----
သစ်ခွတွေက ရေငတ်ခံနိုင်တယ်ဆိုပေမယ့် ရေပုံမှန်လောင်ပေးဖို့ လိုပါတယ်။ ရေလောင်းတဲ့ခါ တစ်ပင်လုံး
မိနစ် ၂၀ ကနေ ၁ နာရီ ဝန်းကျင်လောက်ထိ စိုရွဲှနေအောင်လောင်းပေးရပါမယ်။ သို့သော်လည်း ရေ
ဝပ်ခြင်း ရေတင်ကျန်နေခြင်းမျိုးမဖြစ်အောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ရေကို တစ်နေ့ နှစ်ကြိမ်၊
နံနက်တစ်ကြိမ် ညနေတစ်ကြိမ် လောင်းပေးရန် လိုပါတယ်။ မနက်ပိုင်းရေကို ၉း၃၀ အချိန်ထိ လောင်းပေးနိုင်ပြီး ညနေရေလောင်းတဲ့ခါ ၄း ၀၀ နောက်ပိုင်းလောင်းနိုင်ပါတယ်။
လေဝင်လေထွက်
----------------------
သစ်ခွတွေ ကျန်းမာဖို့အတွက် လေဝင်လေထွက်ဟာလည်း အလင်းရောင်၊ ရေတို့နည်းတူ အရေးကြီးပါ
တယ်။ ဒါကြောင့် သစ်ခွတွေကို စင်မှာစိုက်တဲ့ခါဖြစ်စေ အိုးဆွဲချိတ်ပြီး စိုက်တဲ့ခါဖြစ်စေ အလင်းရောင်
ရနိုင်တဲ့နေရာ၊ လေဝင်လေထွက်ကောင်းမွန်တဲ့နေရာတွေကို ရွေးချယ်ဖို့ လိုပါတယ်။
Credit ; ko phyu
Comments
Post a Comment