နှင်းဆီ အဆီရဲ့ အသုံး၀င်ပုံ
Unicode
နှင်းဆီရည်နဲ့ နှင်းဆီအဆီ
နှင်းဆီရည်ဟာ
အသားရည် အတွင်း
pH level မျှတစေပါတယ်
ယောင်ရမ်းတာနဲ့
ဝက်ခြံဖြစ်စေတာ သက်သာစေပါတယ်
ချွေးပေါက်တွေထဲထိ
သန့်စင်စေပါတယ်နော်
ဒါကြောင့် cleaner အဖြစ်လဲ သုံးကြတာပါ
နောက်ပြီး
အသားရည်
ကြမ်းတမ်းခြောက်သွေ့နေရင်လဲ
နှင်းဆီရည်နဲ့
ပျားရည်
ငှက်ပျောသီး ရောပြီးတော့
ပေါင်းတင်ပေးလဲ ကောင်းပါတယ်နော်
နှင်းဆီပွင့်ဖတ်လေးတွေကို ခြွေပြီးတော့
အရက်ပြန်နည်းနည်းနဲ့
ရေရောပြီး
ပွင့်ဖတ်တွေကို အထက်အောက် လှန်ပြီး
ဖျန်းပြီး ဆေးကြောပေးပါ
ဒါမှမဟုတ်
ဆားနည်းနည်းထည့်ပြီးတော့ ခဏစိမ်ပြီး
ဆေးကြောပေးလဲရပါတယ်နော်
နှင်းဆီကို အနီထက်
ပန်းဆီရောင်တောက်တောက်လေးက
ပိုကောင်းပါတယ်
အနီက မလုပ်တတ်ရင်
နီညိုရောင် ဖြစ်ပြီး
အရောက်ထွက် သိပ်မလှလို့ပါ
နှင်းဆီပွင့်ဖတ်တွေကို
ရေအထပ်ထပ် နဲ့ ဖွဖွလေး ဆေးပေးပါ
ပြီးရင်
နှင်းဆီပွင့်ဖတ်တွေကို
ကြက်ပေါင်းရည်ပေါင်းသလို
အိုးထဲ ရေနည်းနည်းထည့်ပြီး
အလယ်မှာ ခွက်တစ်ခုထဲ
နှင်းဆီပွင့်ဖတ်တွေကို ထည့်ပြီး
ပေါင်းခံပေးပါ
နှင်းဆီရည်ရလာရင်
ရှားစောင်းလက်ပက် အတွင်းသားက အနှစ်ခြစ်ပြီး
အရည်သီးသန့်ဖြစ်သွားအောင်
ကြိတ်စက်နဲ့ကြိတ်ပါ
အဖတ်ကျန်မှာ စိုးလို့
ဇကာနဲ့တိုက်တာဖြစ်ဖြစ်
ပိတ်စ အကျဲနဲ့ဖြစ်ဖြစ်
ညှစ်လိုက်ပါ
ရလာတဲ့
နှင်းဆီပေါင်းခံရည် နဲ့
ရှားစောင်းအရည်ကို ရောပြီး
ဆံပင်ပဲ ဖြန်းဖြန်း
မျက်နှာပဲ ဖြန်းဖြန်း ရပါတယ်
မိတ်ကပ်မလိမ်းမှီ
နှင်းဆီတိုနာ အဖြစ်လဲ
သုံးပေးလို့ရပါတယ်နော်
သတိထားဖို့က အများကြီး မပြုလုပ်ထားပါနဲ့
သဘာဝမို့ မှိုတက်လာပြီး ပုပ်တတ်ပါတယ်နော်
တစ်ပုလင်းစာ ပြုလုပ်ပြီး
ရေခဲသေတ္တာထဲ ထည့်ထားပါ
.....…...... .............
နှင်းဆီရည် ပြီးတော့
နှင်းဆီ အဆီ ပြုလုပ်နည်း ပြောပြပါမယ်
နှင်းဆီ အဆီက
အရေပြားအတွက်လဲ ကောင်းကျိုးပေးသလို
ခြေသည်းလက်သည်းခွံတွေကိုလဲ အားဖြည့်ပေးပါတယ်
ဆံကေသာအတွက်လဲ ကောင်းပါတယ်နော်
ပြုလုပ်ဖို့အတွက်
နှင်းဆီပွင့်ဖတ်ကို
သေးသေးလေးတွေ
ညှပ်ထားပါ
လက်နဲ့ ဆွဲဖြဲလဲ ရပါတယ်
ပြီးရင်
နှင်းဆီဖတ်သေးသေးလေးတွေနဲ့အတူ
သံလွင်ဆီ ၅ဇွန်းစာကို
ပုလင်းတစ်လုံးထဲ ဖြစ်ဖြစ်
စတီးခွက်ထဲပဲဖြစ်ဖြစ်
ကြွေခွက်ထဲပဲ ဖြစ်ဖြစ်
ထည့်ပြီးတော့
နှင်းဆီဖတ်သေးသေးတွေ အတူ ရောပြီး
အနံ့ဆီ ဥပမာ လာဗင်ဒါနံ့
နှင်းဆီနံ့ လီမွန် နံ့ တို့ တစ်စက် နှစ်စက်ထည့်ပြီးတော့
အဖုံးအုပ်ထားပါ
အဲ့ဒီ
ပုလင်း သို့မဟုတ်
ကြွေခွက် သို့မဟုတ်
စတီးခွက်ကို
အဖုံးဖုံးပြီးတော့
ရေနွေးအိုးထဲမှာ
ပေါင်းလိုက်ပါ
၁၀မိနစ်နေရင်
ဆယ်ပြီးတော့
အဖုံးဖွင့် အအေးခံထားပါ
အေးသွားတာနဲ့
နှင်းဆီဖတ်တွေကို ဆယ်ပြီးတော့
နှင်းဆီနဲ့ သံလွင်ဆီပေါင်းစပ်ထားတဲ့
သံလွင်ဆီကိုပဲ ယူပါ
နှင်းဆီ အဆီပုလင်းမှန်း သိအောင်လို့
စောနက ဆီနဲ့စိမ်ထားတုန်းက ဖါယ်ထားတဲ့
အဖတ် နည်းနည်းပြန်ယူပြီး
နည်းနည်းထည့်ထားပါ
ဒါဆို နှင်းဆီ အဆီရပါပြီနော်
နှင်းဆီဖတ်ကို
သန့်စင်အောင်
ဆား သို့ အရက်ပြန်နဲ့ ဆေးပြီးတော့
ရေအထပ်ထပ်ဆေး
သံလွင်ဆီနဲ့ရောပြီး
အဖုံးပိတ်ထားပေးပါ
ပြီးရင် ရေနွေးအိုးထဲထည့်လိုက်ပါ
ပြန်ဆယ်ပြီး အအေးခံထားပါ
ပွင့်ဖတ်တွေကို ပြန်စစ်ထုတ် ဖါယ်လိုက်ပါ
အရောင်လှချင်ရင် ပွင့်ဖတ်နည်းနည်းပြန်ထည့်ထားပါ
ပေါင်းပြီးသားရော
မပေါင်းထားတဲ့
အပွင့်သပ်သပ်ရောထည့်
အလှဆင်ပါ
အသုံးပြုပြီးတိုင်း လေလုံအောင် ပြန်ပိတ်ပေးပါ
အသားရည်နဲ့
ဆံပင်
ခြေသည်းလက်သည်း တို့မှာ အသုံးပြုလို့ရပါတယ်နော်
Crd#
Source from internet
Zawgyi
ႏွင္းဆီရည္နဲ႕ ႏွင္းဆီအဆီ
ႏွင္းဆီရည္ဟာ
အသားရည္ အတြင္း
pH level မွ်တေစပါတယ္
ေယာင္ရမ္းတာနဲ႕
၀က္ၿခံျဖစ္ေစတာ သက္သာေစပါတယ္
ေခြၽးေပါက္ေတြထဲထိ
သန့္စင္ေစပါတယ္ေနာ္
ဒါေၾကာင့္ cleaner အျဖစ္လဲ သုံးၾကတာပါ
ေနာက္ၿပီး
အသားရည္
ၾကမ္းတမ္းေျခာက္ေသြ႕ေနရင္လဲ
ႏွင္းဆီရည္နဲ႕
ပ်ားရည္
ငွက္ေပ်ာသီး ေရာၿပီးေတာ့
ေပါင္းတင္ေပးလဲ ေကာင္းပါတယ္ေနာ္
ႏွင္းဆီပြင့္ဖတ္ေလးေတြကို ေႁခြၿပီးေတာ့
အရက္ျပန္နည္းနည္းနဲ႕
ေရေရာၿပီး
ပြင့္ဖတ္ေတြကို အထက္ေအာက္ လွန္ၿပီး
ဖ်န္းၿပီး ေဆးေၾကာေပးပါ
ဒါမွမဟုတ္
ဆားနည္းနည္းထည့္ၿပီးေတာ့ ခဏစိမ္ၿပီး
ေဆးေၾကာေပးလဲရပါတယ္ေနာ္
ႏွင္းဆီကို အနီထက္
ပန္းဆီေရာင္ေတာက္ေတာက္ေလးက
ပိုေကာင္းပါတယ္
အနီက မလုပ္တတ္ရင္
နီညိုေရာင္ ျဖစ္ၿပီး
အေရာက္ထြက္ သိပ္မလွလို႔ပါ
ႏွင္းဆီပြင့္ဖတ္ေတြကို
ေရအထပ္ထပ္ နဲ႕ ဖြဖြေလး ေဆးေပးပါ
ၿပီးရင္
ႏွင္းဆီပြင့္ဖတ္ေတြကို
ၾကက္ေပါင္းရည္ေပါင္းသလို
အိုးထဲ ေရနည္းနည္းထည့္ၿပီး
အလယ္မွာ ခြက္တစ္ခုထဲ
ႏွင္းဆီပြင့္ဖတ္ေတြကို ထည့္ၿပီး
ေပါင္းခံေပးပါ
ႏွင္းဆီရည္ရလာရင္
ရွားေစာင္းလက္ပက္ အတြင္းသားက အႏွစ္ျခစ္ၿပီး
အရည္သီးသန့္ျဖစ္သြားေအာင္
ႀကိတ္စက္နဲ႕ႀကိတ္ပါ
အဖတ္က်န္မွာ စိုးလို႔
ဇကာနဲ႕တိုက္တာျဖစ္ျဖစ္
ပိတ္စ အက်ဲနဲ႕ျဖစ္ျဖစ္
ညွစ္လိုက္ပါ
ရလာတဲ့
ႏွင္းဆီေပါင္းခံရည္ နဲ႕
ရွားေစာင္းအရည္ကို ေရာၿပီး
ဆံပင္ပဲ ျဖန္းျဖန္း
မ်က္ႏွာပဲ ျဖန္းျဖန္း ရပါတယ္
မိတ္ကပ္မလိမ္းမွီ
ႏွင္းဆီတိုနာ အျဖစ္လဲ
သုံးေပးလို႔ရပါတယ္ေနာ္
သတိထားဖို႔က အမ်ားႀကီး မျပဳလုပ္ထားပါနဲ႕
သဘာ၀မို႔ မွိုတက္လာၿပီး ပုပ္တတ္ပါတယ္ေနာ္
တစ္ပုလင္းစာ ျပဳလုပ္ၿပီး
ေရခဲေသတၱာထဲ ထည့္ထားပါ
.....…...... .............
ႏွင္းဆီရည္ ၿပီးေတာ့
ႏွင္းဆီ အဆီ ျပဳလုပ္နည္း ေျပာျပပါမယ္
ႏွင္းဆီ အဆီက
အေရျပားအတြက္လဲ ေကာင္းက်ိဳးေပးသလို
ေျခသည္းလက္သည္းခြံေတြကိုလဲ အားျဖည့္ေပးပါတယ္
ဆံေကသာအတြက္လဲ ေကာင္းပါတယ္ေနာ္
ျပဳလုပ္ဖို႔အတြက္
ႏွင္းဆီပြင့္ဖတ္ကို
ေသးေသးေလးေတြ
ညွပ္ထားပါ
လက္နဲ႕ ဆြဲၿဖဲလဲ ရပါတယ္
ၿပီးရင္
ႏွင္းဆီဖတ္ေသးေသးေလးေတြနဲ႕အတူ
သံလြင္ဆီ ၅ဇြန္းစာကို
ပုလင္းတစ္လုံးထဲ ျဖစ္ျဖစ္
စတီးခြက္ထဲပဲျဖစ္ျဖစ္
ေႂကြခြက္ထဲပဲ ျဖစ္ျဖစ္
ထည့္ၿပီးေတာ့
ႏွင္းဆီဖတ္ေသးေသးေတြ အတူ ေရာၿပီး
အနံ႕ဆီ ဥပမာ လာဗင္ဒါနံ႕
ႏွင္းဆီနံ႕ လီမြန္ နံ႕ တို႔ တစ္စက္ ႏွစ္စက္ထည့္ၿပီးေတာ့
အဖုံးအုပ္ထားပါ
အဲ့ဒီ
ပုလင္း သို႔မဟုတ္
ေႂကြခြက္ သို႔မဟုတ္
စတီးခြက္ကို
အဖုံးဖုံးၿပီးေတာ့
ေရေႏြးအိုးထဲမွာ
ေပါင္းလိုက္ပါ
၁၀မိနစ္ေနရင္
ဆယ္ၿပီးေတာ့
အဖုံးဖြင့္ အေအးခံထားပါ
ေအးသြားတာနဲ႕
ႏွင္းဆီဖတ္ေတြကို ဆယ္ၿပီးေတာ့
ႏွင္းဆီနဲ႕ သံလြင္ဆီေပါင္းစပ္ထားတဲ့
သံလြင္ဆီကိုပဲ ယူပါ
ႏွင္းဆီ အဆီပုလင္းမွန္း သိေအာင္လို႔
ေစာနက ဆီနဲ႕စိမ္ထားတုန္းက ဖါယ္ထားတဲ့
အဖတ္ နည္းနည္းျပန္ယူၿပီး
နည္းနည္းထည့္ထားပါ
ဒါဆို ႏွင္းဆီ အဆီရပါၿပီေနာ္
ႏွင္းဆီဖတ္ကို
သန့္စင္ေအာင္
ဆား သို႔ အရက္ျပန္နဲ႕ ေဆးၿပီးေတာ့
ေရအထပ္ထပ္ေဆး
သံလြင္ဆီနဲ႕ေရာၿပီး
အဖုံးပိတ္ထားေပးပါ
ၿပီးရင္ ေရေႏြးအိုးထဲထည့္လိုက္ပါ
ျပန္ဆယ္ၿပီး အေအးခံထားပါ
ပြင့္ဖတ္ေတြကို ျပန္စစ္ထုတ္ ဖါယ္လိုက္ပါ
အေရာင္လွခ်င္ရင္ ပြင့္ဖတ္နည္းနည္းျပန္ထည့္ထားပါ
ေပါင္းၿပီးသားေရာ
မေပါင္းထားတဲ့
အပြင့္သပ္သပ္ေရာထည့္
အလွဆင္ပါ
အသုံးျပဳၿပီးတိုင္း ေလလုံေအာင္ ျပန္ပိတ္ေပးပါ
အသားရည္နဲ႕
ဆံပင္
ေျခသည္းလက္သည္း တို႔မွာ အသုံးျပဳလို႔ရပါတယ္ေနာ္
Crd#
Source from internet
Comments
Post a Comment