သစ္စာပန်းစိုက်ပျိုးနည်း

Zawgyi

စၥာပန္းစိုက္ပ်ိဳးနည္း

သစၥာပန္းဥမ်ားကိုတစ္ဥႏွင့္တစ္ဥ ကိုးလက္မ
ျခား၍ႀတိဂံပုံသဏၭန္ျခားစိုက္ပါ။တစ္တန္းႏွင့္တစ္တန္း၂ေပ×၂ေပခြဲျခား၍စိုက္ပ်ဳိးပါ။သို႔မွသာေရေလာင္းရန္ႏွင့္ေျမဆြရန္လြယ္ကူမည္။အပင္မ်ားမယိမ္းမယိုင္ေစရန္
အပင္ေျခရင္း၌ေျမကိုဖံုးေပးပါ။
ျပင္ဦးလြင္ပတ္ဝန္းက်င္၌သစၥာပန္းတို႔ကို
တစ္ႏွစ္ပတ္လံုး၌ႏွင္းအလြန္က်သည့္ဒီဇင္ဘာမွ
လြဲ၍စိုက္ပ်ဳိးၾကသည္။
ယူရီးယား(ပုလဲ)ေျမၾသဇာကိုသုံးစြဲမႈမ်ားလ်ွင္
အပြင့္အထားမခံျခင္း၊ေႂကြလြယ္ျခင္းတို႔ျဖစ္သည္။
ဂရုစိုက္၍သုံးစြဲရမည္။

#မ်ဳိးပြားနည္း

သစၥာပန္းဥမ်ားကိုတူးယူေသာအခါသစၥာပန္း
အ႐ြယ္အစားအမ်ဳိးမ်ဳိးရရွိမည္။အႀကီးဆုံးကိုသာ
မ်ဳိးအျဖစ္ထားရၿပီးေသးငယ္ေသာသစၥာပန္းဥမ်ားကိုသီးသန္႔ေ႐ြးထုတ္ထားရမည္။တူးၿပီးသည့္အခါ
၁၀ ရက္ခန္႔ေနလွန္းကာအခြံခြာၿပီးျပန္စိုက္ပါ။
သို႔မွသာအပင္ေပါက္ျမန္ၿပီးအပင္ေပါက္ေကာင္းႏိုင္မည္။

ဤသို႔ျပန္စိုက္ပ်ဳိးသည့္မ်ဳိးကိုေနာက္ထပ္
ခုႏွစ္လၾကာလ်ွင္စိုက္ပ်ဳိးရန္သင့္ေသာဥမ်ား
ျပန္ျဖစ္လာပါမည္။ႏွစ္လခန္႔အနားေပးၿပီး
ပန္းအျဖစ္ျပန္စိုက္ပ်ဳိးသည္။
အလြန္ေသးငယ္ေသာဥေသးမ်ားကိုလည္းထပ္မံ၍တစ္ႏွစ္ၿပီးတစ္ႏွစ္ပန္းအတြက္စိုက္ပ်ဳိးျခင္းျဖင့္
မ်ဳိးဥမ်ားျပန္လည္ရရွိႏိုင္သည္။
အနည္းဆံုးသုံးႏွစ္ၾကာသည္္။
မ်ဳိးအတြက္မ်ဳိးပြားခ်ိန္မွာၾသဂုတ္လႏွင့္စက္တင္ဘာလမ်ား၌ပ်ဳိးေထာင္ပါ။အနက္သုံးလက္မအထိစိုက္ရမည္။

#တစ္ဧကမ်ဳိးႏႈန္း

သစၥာပန္းစိုက္ရာတြင္မ်ဳိးေကာင္းဥမ်ားကိုသာ
ေ႐ြးခ်ယ္၍စိုက္ပ်ဳိးမွအပြင့္ေကာင္း၊အပင္ေကာင္းမ်ားရရွိႏိုင္မည္ျဖစ္၍ေကာင္းေသာမ်ဳိးဥမ်ားကိုေ႐ြးစိုက္ပါ။တစ္ဧကမ်ဳိးဥႏႈန္းမွာ(၁၀၀၀၀)ခန္႔လိုမည္။

#ေရသြင္းနည္း

မိုးေခါင္၊မိုးျပတ္လ်ွင္အပင္အေျခအေနကိုၾကည့္ၿပီး ေရလိုအပ္ပါကေရသြင္းေပးႏိုင္သည္။
ေရသြင္းသည့္အခါႏွံ႔စပ္သည့္တိုင္ေရသြင္းေပးရန္
လိုမည္။သို႔မွသာအပင္ေပါက္ညီၿပီးအပြင့္မ်ားလည္းလွမည္။
ေဆာင္းႏွင့္ေႏြရာသီတို႔တြင္ေျမႀကီး၏အစို
ထိန္းသိမ္းမႈအေပၚမူတည္ၿပီးသုံးရက္လ်ွင္
တစ္ႀကိမ္ေရေလာင္းေရသြင္းေပးလ်ွင္လံုေလာက္သည္။
ခဲေျမမဟုတ္ေသာေျမနီႏွင့္သဲႏုန္းေျမမ်ားတြင္
ႏွစ္ခါခန္႔ေရသြင္းေပးရမည္။

#အပင္ျပဳစုနည္း

စိုက္ပ်ဳိးၿပီးတစ္လခန္႔အတြင္းအပင္စုံလ်ွင္
ခပ္နက္နက္ေျမကိုဆြေပးပါ။အ႐ြက္ေလး႐ြက္
ရွိလာသည့္အခ်ိန္တြင္တဖန္ထပ္၍ဆြေပးပါ။
တတိယအႀကိမ္တြင္ငါး႐ြက္၊ေျခာက္႐ြက္ထြက္လာသည့္အခါထပ္၍ဆြေပးပါ။အ႐ြက္ခုႏွစ္႐ြက္ထြက္သည့္အခါ အဖူးတံတစ္ပါတည္းထြက္လာမည္ျဖစ္၍ ေျမဆြရန္မလိုေတာ့ပါ။ေရာဂါက်ေရာက္မႈနည္းပါးသည္။တစ္ခါတစ္ရံအ႐ြက္ေျခာက္ျခင္းပင္စည္ပုပ္ျခင္းေတြ႕ရွိလ်ွင္ခုတ္ပစ္ၿပီးမီးရႈိ႕ေပးျခင္းျဖင့္ ေရာဂါျပန္႔ပြားမႈကိုကာကြယ္ႏိုင္သည္။

#ပန္းမ်ားဆြတ္ခူးျခင္း

အဖူးတံရွိေအာက္ဆံုးအဖူး၏ပြင့္ဖတ္မ်ားမွ
စ၍အေရာင္သမ္းလာသည္ႏွင့္တၿပိဳင္နက္
ပန္းမ်ားကိုျဖတ္ခူးရမည္။ပန္းခူးလ်ွင္ေျမႀကီးမွ
ေလးလက္မခန္႔ခြာ၍ျဖတ္ေပးပါ။သစၥာပန္းမ်ားသည္ဥတစ္ဥမွပန္းတစ္ခိုင္ရႏိုင္ပါသည္။ေျမေကာင္းလ်ွင္
ဥပမာ-ျပင္ဦးလြင္၌စိုက္ေသာခဲေျမတို႔တြင္
ပန္းခိုင္သုံးခိုင္ထိရရွိႏိုင္သည္။ပန္းပြင့္ေကာင္းမ်ား
ရရွိႏိုင္ရန္ေရမွန္မွန္ေလာင္းေပးရန္အေရးႀကီးသည္။

ကိုရဲ(စိုက္ပ်ဳိးေရး)

Unicode


စ္စာပန်းစိုက်ပျိုးနည်း

သစ္စာပန်းဥများကိုတစ်ဥနှင့်တစ်ဥ ကိုးလက်မ
ခြား၍တြိဂံပုံသဏ္ဌန်ခြားစိုက်ပါ။တစ်တန်းနှင့်တစ်တန်း၂ပေ×၂ပေခွဲခြား၍စိုက်ပျိုးပါ။သို့မှသာရေလောင်းရန်နှင့်မြေဆွရန်လွယ်ကူမည်။အပင်များမယိမ်းမယိုင်စေရန်
အပင်ခြေရင်း၌မြေကိုဖုံးပေးပါ။
ပြင်ဦးလွင်ပတ်ဝန်းကျင်၌သစ္စာပန်းတို့ကို
တစ်နှစ်ပတ်လုံး၌နှင်းအလွန်ကျသည့်ဒီဇင်ဘာမှ
လွဲ၍စိုက်ပျိုးကြသည်။
ယူရီးယား(ပုလဲ)မြေသြဇာကိုသုံးစွဲမှုများလျှင်
အပွင့်အထားမခံခြင်း၊ကြွေလွယ်ခြင်းတို့ဖြစ်သည်။
ဂရုစိုက်၍သုံးစွဲရမည်။

#မျိုးပွားနည်း

သစ္စာပန်းဥများကိုတူးယူသောအခါသစ္စာပန်း
အရွယ်အစားအမျိုးမျိုးရရှိမည်။အကြီးဆုံးကိုသာ
မျိုးအဖြစ်ထားရပြီးသေးငယ်သောသစ္စာပန်းဥများကိုသီးသန့်ရွေးထုတ်ထားရမည်။တူးပြီးသည့်အခါ
၁၀ ရက်ခန့်နေလှန်းကာအခွံခွာပြီးပြန်စိုက်ပါ။
သို့မှသာအပင်ပေါက်မြန်ပြီးအပင်ပေါက်ကောင်းနိုင်မည်။

ဤသို့ပြန်စိုက်ပျိုးသည့်မျိုးကိုနောက်ထပ်
ခုနှစ်လကြာလျှင်စိုက်ပျိုးရန်သင့်သောဥများ
ပြန်ဖြစ်လာပါမည်။နှစ်လခန့်အနားပေးပြီး
ပန်းအဖြစ်ပြန်စိုက်ပျိုးသည်။
အလွန်သေးငယ်သောဥသေးများကိုလည်းထပ်မံ၍တစ်နှစ်ပြီးတစ်နှစ်ပန်းအတွက်စိုက်ပျိုးခြင်းဖြင့်
မျိုးဥများပြန်လည်ရရှိနိုင်သည်။
အနည်းဆုံးသုံးနှစ်ကြာသည်။
မျိုးအတွက်မျိုးပွားချိန်မှာသြဂုတ်လနှင့်စက်တင်ဘာလများ၌ပျိုးထောင်ပါ။အနက်သုံးလက်မအထိစိုက်ရမည်။

#တစ်ဧကမျိုးနှုန်း

သစ္စာပန်းစိုက်ရာတွင်မျိုးကောင်းဥများကိုသာ
ရွေးချယ်၍စိုက်ပျိုးမှအပွင့်ကောင်း၊အပင်ကောင်းများရရှိနိုင်မည်ဖြစ်၍ကောင်းသောမျိုးဥများကိုရွေးစိုက်ပါ။တစ်ဧကမျိုးဥနှုန်းမှာ(၁၀၀၀၀)ခန့်လိုမည်။

#ရေသွင်းနည်း

မိုးခေါင်၊မိုးပြတ်လျှင်အပင်အခြေအနေကိုကြည့်ပြီး ရေလိုအပ်ပါကရေသွင်းပေးနိုင်သည်။
ရေသွင်းသည့်အခါနှံ့စပ်သည့်တိုင်ရေသွင်းပေးရန်
လိုမည်။သို့မှသာအပင်ပေါက်ညီပြီးအပွင့်များလည်းလှမည်။
ဆောင်းနှင့်နွေရာသီတို့တွင်မြေကြီး၏အစို
ထိန်းသိမ်းမှုအပေါ်မူတည်ပြီးသုံးရက်လျှင်
တစ်ကြိမ်ရေလောင်းရေသွင်းပေးလျှင်လုံလောက်သည်။
ခဲမြေမဟုတ်သောမြေနီနှင့်သဲနုန်းမြေများတွင်
နှစ်ခါခန့်ရေသွင်းပေးရမည်။

#အပင်ပြုစုနည်း

စိုက်ပျိုးပြီးတစ်လခန့်အတွင်းအပင်စုံလျှင်
ခပ်နက်နက်မြေကိုဆွပေးပါ။အရွက်လေးရွက်
ရှိလာသည့်အချိန်တွင်တဖန်ထပ်၍ဆွပေးပါ။
တတိယအကြိမ်တွင်ငါးရွက်၊ခြောက်ရွက်ထွက်လာသည့်အခါထပ်၍ဆွပေးပါ။အရွက်ခုနှစ်ရွက်ထွက်သည့်အခါ အဖူးတံတစ်ပါတည်းထွက်လာမည်ဖြစ်၍ မြေဆွရန်မလိုတော့ပါ။ရောဂါကျရောက်မှုနည်းပါးသည်။တစ်ခါတစ်ရံအရွက်ခြောက်ခြင်းပင်စည်ပုပ်ခြင်းတွေ့ရှိလျှင်ခုတ်ပစ်ပြီးမီးရှို့ပေးခြင်းဖြင့် ရောဂါပြန့်ပွားမှုကိုကာကွယ်နိုင်သည်။

#ပန်းများဆွတ်ခူးခြင်း

အဖူးတံရှိအောက်ဆုံးအဖူး၏ပွင့်ဖတ်များမှ
စ၍အရောင်သမ်းလာသည်နှင့်တပြိုင်နက်
ပန်းများကိုဖြတ်ခူးရမည်။ပန်းခူးလျှင်မြေကြီးမှ
လေးလက်မခန့်ခွာ၍ဖြတ်ပေးပါ။သစ္စာပန်းများသည်ဥတစ်ဥမှပန်းတစ်ခိုင်ရနိုင်ပါသည်။မြေကောင်းလျှင်
ဥပမာ-ပြင်ဦးလွင်၌စိုက်သောခဲမြေတို့တွင်
ပန်းခိုင်သုံးခိုင်ထိရရှိနိုင်သည်။ပန်းပွင့်ကောင်းများ
ရရှိနိုင်ရန်ရေမှန်မှန်လောင်းပေးရန်အရေးကြီးသည်။

ကိုရဲ(စိုက်ပျိုးရေး)

Comments

Popular posts from this blog

စံပယ်ပန်း စိုက်ပျိုးနည်း

နှင်းဆီ အမျိုးအစား