လီလီပန်း စိုက်နည်း




 Zawgyi
လီလီပန္းစိုက္ပ်ိဳးနည္း

လီလီကိုအပင္ေဖာက္ၿပီး ၂လက္မေလာက္ေရာက္ရင္ ေျမခ်စိုက္ပါမယ္ ေျမျပင္နည္းၾကည့္ၿပီးဖတ္ၿပီးသား ျပင္ၿပီးသားျဖစ္ၾကမယ္ထင္ပါတယ္ေနာ္ စစိုက္ခ်ိန္မွာ အပင္ကို သူတို႔လာတုန္းက ကြန္တိန္နာထဲဥေရာ ေျမႀကီးပါ အားလံုးပိုးသတ္ထားၿပီးသားေပမယ့္ ကိုယ့္ေျမကပိုးေတြစိတ္မခ်လို႔ ဟိုမိုင္းဆိုတဲ့ ပိုးသတ္ေဆးစိမ္စိုက္ပါ အပင္ပိုးေတြမက်ႏိုင္ေအာင္လည္းကာကြယ္ၿပီးသားျဖစ္ေအာင္ ဟိုမိုင္း ၂၀ဂရမ္ ကို ေရေလးဂါလံနဲ႔ေရာပါ (ထမင္းစားဇြန္း တဇြန္းေမာက္ေမာက္ကို ေရေလးဂါလံထည့္ပါ) ပံုးႀကီးႀကီးနဲ႔လုပ္ပါ ၿပီးခါ ေျမႀကီးေလးေတြဖြဖြခါခ်ၿပီး (ညင္ညင္သာသာကိုင္တြယ္ပါ အျမစ္ေတြအပင္ေတြနာကုန္ရင္ မ်ိဳးဘယ္ေလာက္ေကာင္းေကာင္း သူျဖစ္သင့္သေလာက္မျဖစ္ပါဘူး) အပင္လိုက္ စိမ္ထားပါ ၁၅မိနစ္ထက္မပိုရ ၿပီးခါေျမႀကီးထဲစခ်စိုက္ပါၿပီ

👉🌹 အဲ့မွာသိထားရမယ့္အခ်က္တခုေျပာပါမယ္ ေျမၾသဇာေတြအရမ္းမသံုးေစခ်င္ဘူးလို႔ ကၽြန္ေတာ္ခဏခဏေျပာေနတာ အေၾကာင္းရွိပါတယ္ လီလီကဆားဓါတ္နဲ႔ ျပႆနာအႀကီးႀကီးကိုရွိပါတယ္ ဆားဓါတ္မ်ားတာနဲ႔ အျမစ္ရဲ႕ေရစုပ္အားေလ်ာ့က်လာၿပီး အပင္ေတြပုကုန္ေစပါတယ္ ဒီထက္ဆိုးရင္ အျမစ္ပုပ္တဲ့ေရာဂါပါျဖစ္လာႏိုင္ပါတယ္ ဆားဓါတ္ဘယ္ခ်ိန္မ်ားတတ္လဲဆိုရင္

👉 ၁- ႏြားေခ်း ၾကက္ေခ်း အစိုေတြသံုးထားတဲ့အခါမ်ိဳးေတြ
👉 သဘာဝမဟုတ္တဲ့ ဓါတ္ေျမၾသဇာေတြ အသံုးမ်ားရင္
👉 ၃- ကိုယ္အပင္ေလာင္းတဲ့ေရထဲ ဆားဓါတ္မ်ားေနရင္ 
👉 ၄- အရင္ကအျခားသီးႏွံစိုက္ခဲ့ရင္ (အထူးကေျပာင္းစိုက္ထားတဲ့အကြက္ေတြဆို ပန္းသမားေတြသတိထားရပါမယ္) အဲ့မွာက်န္ေနတာ ဆားဓါတ္မ်ားေနခဲ့ရင္

👉 ဆားဓါတ္မ်ားေနရင္ အပင္ေတြေသခ်ာေပါက္ပုကုန္မယ္ ဒါဆိုရင္ေရပိုေလာင္းေပးဖို႔လည္းလိုမယ္ သူ႔ဖာသာေရမႀကိဳက္တဲ့အပင္ျဖစ္ေနပါေစ အဲ့လိုေျမမ်ိဳးက ေရပိုကိုေလာင္းေပးရမယ္ ဒါေၾကာင့္ ႏြားေခ်းၾကက္ေခ်းက သဘာဝဟာပဲ ပိုထည့္မယ္တို႔ ဒါမွမဟုတ္ ဟိုလူဒီလူက အၾကံေပးသမွ် နင္းကန္ေျမျသဇာထည့္ရင္ ကိုယ္ပဲခံရမယ္သေဘာေပါက္ပါ

👉 ေျမႀကီးထဲခ်စိုက္တဲ့ခါ ဥကအနည္းေလး ေလးလက္မေလာက္ေျမႀကီးထဲမွာေနရပါမယ္ သူကအျမစ္အေပၚတက္တဲ့အမ်ိဳးမို႔ပါ ျဖည္းျဖည္းသက္သာထည့္ပါကၽြင္းထဲထည့္တဲ့အခါ ၿပီးခါျဖည္းျဖည္းသာသာေျမျပန္ဖံုးပါ ဇြတ္ဖိၿပီးက်ပ္ေနေအာင္မလုပ္ပါနဲ႔

👉🌴 စိုက္ၿပီဆိုတာနဲ႔ ဒါေတြသတိထားပါ

👉 ၁- ပူတဲ့အရပ္ေတြမွာ မနက္ပဲစိုက္ပါ ေနကုန္မစိုက္ပါနဲ႔
👉၂- စိုက္ေနတုန္းအျမစ္ေျခာက္ကုန္တာေတြမျဖစ္ရေလေအာင္ ပန္းဥအပင္ေဖာက္ၿပီးသား နည္းနည္းစီထုတ္လာစိုက္ပါ အျမစ္ေျခာက္ကုန္ရင္ ကြာလတီက်တတ္ပါတယ္

👉 🌷စိုက္ၿပီးရင္အေကာင္းဆံုးက စပါးခြံေဟာင္း ဒါမွမဟုတ္ အုန္းဆံမွဳန္႔ မဟုတ္လည္း ေကာက္႐ိုးေလးေတြမြမြႏုတ္ႏုတ္စဥ္းအေပၚကျဖဴးပါ တဧကကို ပိသာခ်ိန္၈၀ေလာက္ ျဖဴးပါ ၁၆/၁၈ ဆိုဒ္ကို တဥၾကား ၇လက္မ ပတ္လည္ျခားၿပီး ၁၈/၂၀ဆိ္ုဒ္ကို တဥၾကား ၈လက္မပတ္လည္ ခြာစိုက္ပါ

👉 🚿ေရေလာင္းရန္

👉ဘယ္ေတာ့မွ ေျခာက္ေနတဲ့ေျမေပၚ လီလီဥခ်စိုက္ဖို႔ မစဥ္းစားပါနဲ႔ မစိုက္ခင္ရက္ပိုင္းေရႀကိဳေလာင္းထားပါ စိုက္ၿပီးရင္ ေရေလာင္းပါ ၿပီးခါလိုက္ၾကည့္ပါ ေျခာက္ေနတယ္ထင္ရင္ ေရထပ္ေလာင္းပါ ေဘာင္လုပ္ထားတဲ့ အေပၚတေပေလာက္ဟာ အစိုဓါတ္ကိုရွိကိုရွိေနရပါမယ္

👉 ေရအလံုအေလာက္မရရင္ အပင္အတက္ေႏွးမယ္ တပင္နဲ႔တပင္ တိုလိုက္ရွည္လိုက္ မညီတာေတြျဖစ္မယ္ အပင္ေတြပုမယ္ ၿပီးခါ ေစာေစာပန္းေတြပြင့္လာမယ္ ဒီလိုေျပာလို႔ေရေတြစြတ္ေလာင္းမယ္လည္း မလုပ္ၾကနဲ႔ဦး ေရမ်ားရင္ အျမစ္စြဲခ်ိန္ေအာက္ဆီဂ်င္အလံုေလာက္မရပဲေနတတ္တယ္ အဲ့ခါ ဆဲလ္ေတြမတရားႀကီးထြားၿပီး ေပ်ာ့စိစိနဲ႔ အားမပါတဲ့ မသန္မာတဲ့ အပင္ေတြျဖစ္လာမယ္

👉 🌿အၾကမ္းဖ်င္းသတိထားလုပ္ေပးရမွာက

👉၁- ပူျပင္းေျခာက္ေသြ႕ခ်ိန္ေတြဆိုရင္ ေျမ ၁၀ေပပတ္လည္ကို ေရ၈လီတာနဲ႔ကိုးလီတာၾကား အသာေလးရပါေစ ေရသန္႔ဘူးနဲ႔ ၈ဗူး ၉ဗူးေပါ့ အၾကမ္းဖ်င္းဆိုရင္

👉 ေရကိုမနက္ပိုင္း ၉နာရီေနာက္ဆံုးအၿပီးစီးထားေလာင္းပါ ညေနေလာင္းတာမွိဳက်ဖို႔ပိုလြယ္ပါတယ္ မိုးေရ မဟုတ္တဲ့ အဝီစိတြင္းေရေလာင္းရင္ ျဖစ္တတ္တာက အရြက္ေပၚအဝါေျပာက္ေလးေတြေပၚလာတတ္ပါေသးတယ္

👉🌳 ေျမျကီးထဲရွိတဲ့ေရ အေနေတာ္ဟုတ္မဟုတ္စမ္းသပ္နည္း

👉 ၁- ေျမႀကီးကိုေကာက္ယူၿပီး လက္ထဲထည့္ၫွစ္ၾကည့္ပါ 
👉 ၂- တကယ္လို႔ လက္ထဲမွာစိုေနၿပီး လက္ထဲကေရေတြယိုစီးမလာပဲ လက္နဲ႔ဆုပ္လို႔ရတဲ့အေနဆို ေရကအေတာ္ပါပဲ

👉 💦ပထမပိုင္းအပင္ငယ္တုန္းဆိုအပင္ေပၚကေနေရဖ်န္းလည္းရေပမယ့္ ေနာက္ပိုင္း ေရကိုေအာက္ကေနပဲေလာင္းပါ။

Credit:Shwetheehnan

Unicode


 
လီလီပန်းစိုက်ပျိုးနည်း

လီလီကိုအပင်ဖောက်ပြီး ၂လက်မလောက်ရောက်ရင် မြေချစိုက်ပါမယ် မြေပြင်နည်းကြည့်ပြီးဖတ်ပြီးသား ပြင်ပြီးသားဖြစ်ကြမယ်ထင်ပါတယ်နော် စစိုက်ချိန်မှာ အပင်ကို သူတို့လာတုန်းက ကွန်တိန်နာထဲဥရော မြေကြီးပါ အားလုံးပိုးသတ်ထားပြီးသားပေမယ့် ကိုယ့်မြေကပိုးတွေစိတ်မချလို့ ဟိုမိုင်းဆိုတဲ့ ပိုးသတ်ဆေးစိမ်စိုက်ပါ အပင်ပိုးတွေမကျနိုင်အောင်လည်းကာကွယ်ပြီးသားဖြစ်အောင် ဟိုမိုင်း ၂၀ဂရမ် ကို ရေလေးဂါလံနဲ့ရောပါ (ထမင်းစားဇွန်း တဇွန်းမောက်မောက်ကို ရေလေးဂါလံထည့်ပါ) ပုံးကြီးကြီးနဲ့လုပ်ပါ ပြီးခါ မြေကြီးလေးတွေဖွဖွခါချပြီး (ညင်ညင်သာသာကိုင်တွယ်ပါ အမြစ်တွေအပင်တွေနာကုန်ရင် မျိုးဘယ်လောက်ကောင်းကောင်း သူဖြစ်သင့်သလောက်မဖြစ်ပါဘူး) အပင်လိုက် စိမ်ထားပါ ၁၅မိနစ်ထက်မပိုရ ပြီးခါမြေကြီးထဲစချစိုက်ပါပြီ

👉🌹 အဲ့မှာသိထားရမယ့်အချက်တခုပြောပါမယ် မြေသြဇာတွေအရမ်းမသုံးစေချင်ဘူးလို့ ကျွန်တော်ခဏခဏပြောနေတာ အကြောင်းရှိပါတယ် လီလီကဆားဓါတ်နဲ့ ပြဿနာအကြီးကြီးကိုရှိပါတယ် ဆားဓါတ်များတာနဲ့ အမြစ်ရဲ့ရေစုပ်အားလျော့ကျလာပြီး အပင်တွေပုကုန်စေပါတယ် ဒီထက်ဆိုးရင် အမြစ်ပုပ်တဲ့ရောဂါပါဖြစ်လာနိုင်ပါတယ် ဆားဓါတ်ဘယ်ချိန်များတတ်လဲဆိုရင်

👉 ၁- နွားချေး ကြက်ချေး အစိုတွေသုံးထားတဲ့အခါမျိုးတွေ
👉 သဘာဝမဟုတ်တဲ့ ဓါတ်မြေသြဇာတွေ အသုံးများရင်
👉 ၃- ကိုယ်အပင်လောင်းတဲ့ရေထဲ ဆားဓါတ်များနေရင် 
👉 ၄- အရင်ကအခြားသီးနှံစိုက်ခဲ့ရင် (အထူးကပြောင်းစိုက်ထားတဲ့အကွက်တွေဆို ပန်းသမားတွေသတိထားရပါမယ်) အဲ့မှာကျန်နေတာ ဆားဓါတ်များနေခဲ့ရင်

👉 ဆားဓါတ်များနေရင် အပင်တွေသေချာပေါက်ပုကုန်မယ် ဒါဆိုရင်ရေပိုလောင်းပေးဖို့လည်းလိုမယ် သူ့ဖာသာရေမကြိုက်တဲ့အပင်ဖြစ်နေပါစေ အဲ့လိုမြေမျိုးက ရေပိုကိုလောင်းပေးရမယ် ဒါကြောင့် နွားချေးကြက်ချေးက သဘာဝဟာပဲ ပိုထည့်မယ်တို့ ဒါမှမဟုတ် ဟိုလူဒီလူက အကြံပေးသမျှ နင်းကန်မြေသြဇာထည့်ရင် ကိုယ်ပဲခံရမယ်သဘောပေါက်ပါ

👉 မြေကြီးထဲချစိုက်တဲ့ခါ ဥကအနည်းလေး လေးလက်မလောက်မြေကြီးထဲမှာနေရပါမယ် သူကအမြစ်အပေါ်တက်တဲ့အမျိုးမို့ပါ ဖြည်းဖြည်းသက်သာထည့်ပါကျွင်းထဲထည့်တဲ့အခါ ပြီးခါဖြည်းဖြည်းသာသာမြေပြန်ဖုံးပါ ဇွတ်ဖိပြီးကျပ်နေအောင်မလုပ်ပါနဲ့

👉🌴 စိုက်ပြီဆိုတာနဲ့ ဒါတွေသတိထားပါ

👉 ၁- ပူတဲ့အရပ်တွေမှာ မနက်ပဲစိုက်ပါ နေကုန်မစိုက်ပါနဲ့
👉၂- စိုက်နေတုန်းအမြစ်ခြောက်ကုန်တာတွေမဖြစ်ရလေအောင် ပန်းဥအပင်ဖောက်ပြီးသား နည်းနည်းစီထုတ်လာစိုက်ပါ အမြစ်ခြောက်ကုန်ရင် ကွာလတီကျတတ်ပါတယ်

👉 🌷စိုက်ပြီးရင်အကောင်းဆုံးက စပါးခွံဟောင်း ဒါမှမဟုတ် အုန်းဆံမှုန့် မဟုတ်လည်း ကောက်ရိုးလေးတွေမွမွနုတ်နုတ်စဉ်းအပေါ်ကဖြူးပါ တဧကကို ပိသာချိန်၈၀လောက် ဖြူးပါ ၁၆/၁၈ ဆိုဒ်ကို တဥကြား ၇လက်မ ပတ်လည်ခြားပြီး ၁၈/၂၀ဆိုဒ်ကို တဥကြား ၈လက်မပတ်လည် ခွာစိုက်ပါ

👉 🚿ရေလောင်းရန်

👉ဘယ်တော့မှ ခြောက်နေတဲ့မြေပေါ် လီလီဥချစိုက်ဖို့ မစဉ်းစားပါနဲ့ မစိုက်ခင်ရက်ပိုင်းရေကြိုလောင်းထားပါ စိုက်ပြီးရင် ရေလောင်းပါ ပြီးခါလိုက်ကြည့်ပါ ခြောက်နေတယ်ထင်ရင် ရေထပ်လောင်းပါ ဘောင်လုပ်ထားတဲ့ အပေါ်တပေလောက်ဟာ အစိုဓါတ်ကိုရှိကိုရှိနေရပါမယ်

👉 ရေအလုံအလောက်မရရင် အပင်အတက်နှေးမယ် တပင်နဲ့တပင် တိုလိုက်ရှည်လိုက် မညီတာတွေဖြစ်မယ် အပင်တွေပုမယ် ပြီးခါ စောစောပန်းတွေပွင့်လာမယ် ဒီလိုပြောလို့ရေတွေစွတ်လောင်းမယ်လည်း မလုပ်ကြနဲ့ဦး ရေများရင် အမြစ်စွဲချိန်အောက်ဆီဂျင်အလုံလောက်မရပဲနေတတ်တယ် အဲ့ခါ ဆဲလ်တွေမတရားကြီးထွားပြီး ပျော့စိစိနဲ့ အားမပါတဲ့ မသန်မာတဲ့ အပင်တွေဖြစ်လာမယ်

👉 🌿အကြမ်းဖျင်းသတိထားလုပ်ပေးရမှာက

👉၁- ပူပြင်းခြောက်သွေ့ချိန်တွေဆိုရင် မြေ ၁၀ပေပတ်လည်ကို ရေ၈လီတာနဲ့ကိုးလီတာကြား အသာလေးရပါစေ ရေသန့်ဘူးနဲ့ ၈ဗူး ၉ဗူးပေါ့ အကြမ်းဖျင်းဆိုရင်

👉 ရေကိုမနက်ပိုင်း ၉နာရီနောက်ဆုံးအပြီးစီးထားလောင်းပါ ညနေလောင်းတာမှိုကျဖို့ပိုလွယ်ပါတယ် မိုးရေ မဟုတ်တဲ့ အဝီစိတွင်းရေလောင်းရင် ဖြစ်တတ်တာက အရွက်ပေါ်အဝါပြောက်လေးတွေပေါ်လာတတ်ပါသေးတယ်

👉🌳 မြေကြီးထဲရှိတဲ့ရေ အနေတော်ဟုတ်မဟုတ်စမ်းသပ်နည်း

👉 ၁- မြေကြီးကိုကောက်ယူပြီး လက်ထဲထည့်ညှစ်ကြည့်ပါ 
👉 ၂- တကယ်လို့ လက်ထဲမှာစိုနေပြီး လက်ထဲကရေတွေယိုစီးမလာပဲ လက်နဲ့ဆုပ်လို့ရတဲ့အနေဆို ရေကအတော်ပါပဲ

👉 💦ပထမပိုင်းအပင်ငယ်တုန်းဆိုအပင်ပေါ်ကနေရေဖျန်းလည်းရပေမယ့် နောက်ပိုင်း ရေကိုအောက်ကနေပဲလောင်းပါ။

Credit:Shwetheehnan

Comments

Popular posts from this blog

စံပယ်ပန်း စိုက်ပျိုးနည်း

နှင်းဆီ အမျိုးအစား