မေမြို့ပန်းစိုက်ပျိုးနည်း
Zawgyi
ေမၿမိဳ႕ပန္း
ေမၿမိဳ ႔ ပန္းသည္ ဂႏၶမာပန္းနွင့္ဆင္တူၿပီးရွမ္းျပည္ေမၿမိဳ႕တြင္ စတင္စိုက္ပ်ိဳးခဲ့ေသာေၾကာင့္ ေမၿမိဳပန္းဟုေခၚျဖစ္ၾကျခင္းျဖစ္သည္။
ေမၿမိဳ႕ပန္းတို႔သည္ - (၁) ေျမေဘာင္ႀကိဳက္သည္။
(၂) သမေသာရာသီဥတုကိုနွစ္သက္သည္။
(၃) ေရအလြန္ႀကိဳက္သည္။
နုန္းဆန္ေသာေျမသည္ ေရအစိုဓာတ္ကိုထိန္းထားနိုင္ေသာေၾကာင့္ ေမၿမိဳ႕ပန္းစိုက္ပ်ိဳးရန္ အျဖစ္ထြန္းဆံုး ျဖစ္သည္။ အပူခ်ိန္ဖာရင္ဟိုက္ ၅၅နွင့္ ၇၀ ဒီဂရီၾကားရွိေသာေနရာမ်ိဳးတြင္ ပိုမိုသင့္ေတာ္သည္။ ေမၿမိဳ႕ပန္တို႔ကိုပ်ိဳးပင္ကေလးမ်ားမွ ေရႊ႕ေျပာင္းၿပီးစိုက္ပ်ိဳးနို္င္သလိုမ်ိဳးေစ့ကိုႀကဲပက္ၿပီးစိုက္ပ်ိဳးနိုင္သည္။ ပ်ိဳးပင္ကေလးမ်ားျဖင့္ စိုက္ပ်ိဳးျခင္းသည္ ပိုမိုေအာင္ျမင္ေၾကာင္းေတြ႔ရွိလာသည္။
ေမၿမိဳ႕ပန္းသည္ ေျမေကာင္းႀကိဳက္သည့္အျပင္ ေရကိုလည္းအလြန္နွစ္သက္ေသာေၾကာင့္ ေျမၾသဇာနွင့္ ေရလိႈင္လိႈင္ေလာင္းေပးရမည္။ စိုက္ခင္းတစ္ဧကလွ်င္ ႏြားေခ်း၊ ဆယ္စီးမွဆယ္႔ငါးစီးထိခ်ေပးရမည္။ စိုက္ပ်ိဳး၍အညႊန္႔အတက္ကေလးမ်ားထြက္လာလွ်င္ နိုက္ထရိုဂ်င္ ေဖာ့စဖာရပ္၊ ပိုတက္ ဓါတ္ေျမၾသဇာမ်ားေကၽြးေပးရန္ အေရးႀကီးသည္။
ဖ်က္စီးတတ္ေသာပိုးမႊာမ်ားမွာပိုးလံုးဝါနွင့္ အျမစ္ပိုးတို႔ျဖစ္ၿပီး ၄င္းေရာဂါကို ဆာလ္ပါနက္ေဆးျဖင့္ နွိမ္နင္းေပးနိုင္သလို ျမစ္ပုိးမွတစ္ဆင့္ မိႈေရာဂါကိုဆာလ္ပါနက္ေဆးျဖင့္ နွိမ္နင္းေပးနိင္သလို ျမစ္ပိုးမွတစ္ဆင့္ မိႈေရာဂါမ်ား ျဖစ္ပြားၿပီးအရြက္မ်ားဝါလာေသာအခါ အပင္အားႏုတ္ပစ္ၿပီးအေျခအေနဆိုးလာပါကအျခားေနရာသစ္သို႔ ေျပာင္းေရႊ႕စိုက္ပ်ိဳးသင့္ေပသည္။
ေတာင္ကုန္က်ေသာအရပ္ေဒသမ်ားတြင္ ေမၿမိဳ႕ပန္းကိုမိုးဦးက်လွ်င္က်ျခင္း၊ ပ်ိဳးေထာင္ေပးရမည္ျဖစ္ၿပီးပ်ိဳးပင္ကေလးမ်ားကိုတစ္လခြဲအၾကာတြင္ စိုက္ခင္းသို႕ေရႊ႕ေျပာင္းစိုက္သင့္သည္။ ေမၿမိဳ႕ပန္းမ်ာသည္ အေရာင္အေသြးစံုၿပီးအပြင့္လည္းလွ၊ ၾကာရွည္အထားခံနိုင္မႈေၾကာင့္ ေမၿမိဳ႕တစ္ဝိုက္ရွိေက်းရြာမ်ားတြင္ အႀကီးအက်ယ္စိုက္ပ်ိဳးေနၾကၿပီး ျဖစ္သည္။
ေမၿမိဳ႕ပန္းသည္ စို္က္ပ်ိဳးရန္လြယ္ကူၿပီး ျပဳျပင္ေပးရမႈမွာလည္းေပါင္းရွင္း၊ ေျမဆြေပးျခင္းတို႔ကိုသာလိုအပ္လွ်က္ ေဒလီယာ၊ ဂႏၶာမာပန္းမ်ားကဲ့သို႔ ေခါင္ညႊန္႔မ်ားနွိမ္ေပးစရာမလိုေပ။ တက္နိုင္လွ်င္ ေမၿမိဳ႕ပန္းတို႔ကိုစိုက္ခင္းမွ နွစ္ႀကိမ္ေရႊ႔ေျပာင္းစိုက္ေပးနုိင္လွ်င္ အေကာင္းဆံုးျဖစ္ေပမည္။ အသေရမခ်ိဳသည့္ ေရႊၿမိဳ႕သူၿမိဳ႕သားမ်ားအေနျဖင့္လည္း″တို႔မွာစိုက္စရာေျမမွမရိွေတာ့ဘဲ″ဆိုသည့္စကားျဖင့္ နွစ္သိမ့္မေနၾကဘဲရွိနိုင္သမွ်ေျမလြတ္ေျမကြက္ကေလးမ်ားတြင္ ေမၿမိဳ႕ပန္းကိုစမ္းသပ္စိုက္ပ်ိဳးၾကျခင္းျဖင့္ ဘဝတစ္ဏွာအေငြ႔ေဇာေတြကိုျဖင့္ ခဏတာေမ့ေမ်ာသြားေစမွာအမွန္ျဖစ္ပါသည္။
Ref; နည္းသစ္စြယ္စံု၊ စိုက္ပ်ိဳးေရးနွွင့္ေမႊးျမဴေရးနည္းပညာဂ်ာနယ္၊ေရႊၿမိဳ႕ တစ္ခြင္ လန္းေစမည္ ေမၿမိဳ႕ပန္း၊ အတြဲ - ၅၊ အမွတ္ - ၂၊ ေရႊတည္တင္ဦးေလး၊
Unicode
မေမြို့ပန်း
မေမြို့ ပန်းသည် ဂန္ဓမာပန်းနှင့်ဆင်တူပြီးရှမ်းပြည်မေမြို့တွင် စတင်စိုက်ပျိုးခဲ့သောကြောင့် မေမြိုပန်းဟုခေါ်ဖြစ်ကြခြင်းဖြစ်သည်။
မေမြို့ပန်းတို့သည် - (၁) မြေဘောင်ကြိုက်သည်။
(၂) သမသောရာသီဥတုကိုနှစ်သက်သည်။
(၃) ရေအလွန်ကြိုက်သည်။
နုန်းဆန်သောမြေသည် ရေအစိုဓာတ်ကိုထိန်းထားနိုင်သောကြောင့် မေမြို့ပန်းစိုက်ပျိုးရန် အဖြစ်ထွန်းဆုံး ဖြစ်သည်။ အပူချိန်ဖာရင်ဟိုက် ၅၅နှင့် ၇၀ ဒီဂရီကြားရှိသောနေရာမျိုးတွင် ပိုမိုသင့်တော်သည်။ မေမြို့ပန်တို့ကိုပျိုးပင်ကလေးများမှ ရွှေ့ပြောင်းပြီးစိုက်ပျိုးနိုင်သလိုမျိုးစေ့ကိုကြဲပက်ပြီးစိုက်ပျိုးနိုင်သည်။ ပျိုးပင်ကလေးများဖြင့် စိုက်ပျိုးခြင်းသည် ပိုမိုအောင်မြင်ကြောင်းတွေ့ရှိလာသည်။
မေမြို့ပန်းသည် မြေကောင်းကြိုက်သည့်အပြင် ရေကိုလည်းအလွန်နှစ်သက်သောကြောင့် မြေသြဇာနှင့် ရေလှိုင်လှိုင်လောင်းပေးရမည်။ စိုက်ခင်းတစ်ဧကလျှင် နွားချေး၊ ဆယ်စီးမှဆယ့်ငါးစီးထိချပေးရမည်။ စိုက်ပျိုး၍အညွှန့်အတက်ကလေးများထွက်လာလျှင် နိုက်ထရိုဂျင် ဖော့စဖာရပ်၊ ပိုတက် ဓါတ်မြေသြဇာများကျွေးပေးရန် အရေးကြီးသည်။
ဖျက်စီးတတ်သောပိုးမွှာများမှာပိုးလုံးဝါနှင့် အမြစ်ပိုးတို့ဖြစ်ပြီး ၎င်းရောဂါကို ဆာလ်ပါနက်ဆေးဖြင့် နှိမ်နင်းပေးနိုင်သလို မြစ်ပိုးမှတစ်ဆင့် မှိုရောဂါကိုဆာလ်ပါနက်ဆေးဖြင့် နှိမ်နင်းပေးနိင်သလို မြစ်ပိုးမှတစ်ဆင့် မှိုရောဂါများ ဖြစ်ပွားပြီးအရွက်များဝါလာသောအခါ အပင်အားနုတ်ပစ်ပြီးအခြေအနေဆိုးလာပါကအခြားနေရာသစ်သို့ ပြောင်းရွှေ့စိုက်ပျိုးသင့်ပေသည်။
တောင်ကုန်ကျသောအရပ်ဒေသများတွင် မေမြို့ပန်းကိုမိုးဦးကျလျှင်ကျခြင်း၊ ပျိုးထောင်ပေးရမည်ဖြစ်ပြီးပျိုးပင်ကလေးများကိုတစ်လခွဲအကြာတွင် စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်သင့်သည်။ မေမြို့ပန်းမျာသည် အရောင်အသွေးစုံပြီးအပွင့်လည်းလှ၊ ကြာရှည်အထားခံနိုင်မှုကြောင့် မေမြို့တစ်ဝိုက်ရှိကျေးရွာများတွင် အကြီးအကျယ်စိုက်ပျိုးနေကြပြီး ဖြစ်သည်။
မေမြို့ပန်းသည် စိုက်ပျိုးရန်လွယ်ကူပြီး ပြုပြင်ပေးရမှုမှာလည်းပေါင်းရှင်း၊ မြေဆွပေးခြင်းတို့ကိုသာလိုအပ်လျှက် ဒေလီယာ၊ ဂန္ဓာမာပန်းများကဲ့သို့ ခေါင်ညွှန့်များနှိမ်ပေးစရာမလိုပေ။ တက်နိုင်လျှင် မေမြို့ပန်းတို့ကိုစိုက်ခင်းမှ နှစ်ကြိမ်ရွှေ့ပြောင်းစိုက်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပေမည်။ အသရေမချိုသည့် ရွှေမြို့သူမြို့သားများအနေဖြင့်လည်း″တို့မှာစိုက်စရာမြေမှမရှိတော့ဘဲ″ဆိုသည့်စကားဖြင့် နှစ်သိမ့်မနေကြဘဲရှိနိုင်သမျှမြေလွတ်မြေကွက်ကလေးများတွင် မေမြို့ပန်းကိုစမ်းသပ်စိုက်ပျိုးကြခြင်းဖြင့် ဘဝတစ်ဏှာအငွေ့ဇောတွေကိုဖြင့် ခဏတာမေ့မျောသွားစေမှာအမှန်ဖြစ်ပါသည်။
Ref; နည်းသစ်စွယ်စုံ၊ စိုက်ပျိုးရေးနှှင့်မွှေးမြူရေးနည်းပညာဂျာနယ်၊ရွှေမြို့ တစ်ခွင် လန်းစေမည် မေမြို့ပန်း၊ အတွဲ - ၅၊ အမှတ် - ၂၊ ရွှေတည်တင်ဦးလေး၊

Comments
Post a Comment