သစ်ခွစိုက်ပျိုးနည်း


Zawgyi

အုန္းသီးခြံမွာ သစ္ခြ စိုက္ပ်ဳိးနည္း(credit)

#up minကုိအကူညီေတာင္းလာတာေလးတခု
ပုံေတြသာ တခ်ဳိ့ pageကတင္ေပးက်ၿပီး စိုတ္ပ်ဳိးပုံကုိ ႐ွင္းျပမေပးလို႔ အျမစ္ပိုင္း စိုက္ပ်ဳိးမူအပိုင္းကုိ ႐ွင္းျပေပးပါလို႔
အကူညီ ေတာင္းလာတယ္...

#ဒီလိုပါ ဒါကလြယ္ကူတ့ဲ စိုက္ပ်ဳိးမူတခုပါပဲ ပုံေတြမွာေတာ့ အုန္းသီးအစိုကုိ စိုက္ပ်ဳိးျပထားတာကုိ ျမင္ရပါလိမ့္မယ္ ...
ဘာေၾကာင့္လဲ ဆိုေတာ့ အေၾကာင္း ၂ခ်က္႐ွိပါတယ္
ၾကာ႐ွည္စြာ အထားခံဖို႔ န့ဲ အတြင္းသားကုိ လြယ္ကူစြာ
လွီးထုတ္ႏူိင္ဖို႔ လို႔ သိရတယ္...

ေကာင္းၿပီ အုန္းသီးအတြင္းပိုင္းမွာ ထည့္တာေတြက
ေျမႀကီးမပါပါဘူး...
သစ္ခြ ပင္ဟာ ကက္ႏြယ္ အမ်ဳိးအစားျဖစ္တာေၾကာင့္
သူ႔ရ႕ဲ သေဘားတရားကုိ႐ွင္းျပပါမယ္....

"ပေတာက္ပင္"နဘဲပင္'အုန္းပင္န႔ဲ အုန္းပင္ ရ့ဲ ပင္စည္ေတြမွာ
ျဖစ္ထြန္းမူအားေကာင္းပါတယ္...
ကက္ႏြယ္ အမ်ဳိးအစားေတြက အပင္ရ႕ဲ အေက်ာမွ ေရဓာတ္
အဟာရ ဓာတ္ကုိ ရယူ ႐ွင္သန္က်ေသာ မ်ဳိးႏြယ္ေတြျဖစ္ပါတယ္
ထိုက့ဲသို႔ အပင္ရ႕ဲ ပင္စည္မွာ စိုက္ပ်ဳိးျခင္းကုိ မိုးတြင္းကာလမ်ားမွာ အသင့္ေတာ္ဆုံးျဖစ္ပါတယ္...
စိုက္ပ်ဳိးမယ့္ အပင္ရ႕ဲ ပင္စည္ဟာ အေျခာက္ထူ အပြအမ်ဳိးစား
ရြယ္ကူစြာ ကက္ႏူိင္တ့ဲ အပင္အမ်ဳိးအစားျဖစ္ရပါမယ္...
ဒါကအပင္မွာ စိုက္ပ်ဳိးနည္းပါ အပင္မွာ႐ွင္သန္ တြယ္ကပ္ေနတ့ဲ သစ္ခြ ပင္ေလးေတြဟာ အစာအရဟာရ အပင္မွရ႐ွိေနေသာေၾကာင့္ မလို အပ္ပါ...

အုန္းသီးခြန္ အတြင္းပိုင္းကုိ ပုံမွာ ျပထားတ့ဲ အတိုင္း ဓားျဖစ္ ေသးငယ္စြာ ခုတ္ျဖတ္ထားေသာ အုန္းသီးခြန္ အတုံးေလးမ်ား..
အမူန္႔ ျပဳလုပ္ထားေသာ အုန္းစံမူန္႔..
ဒီ၂မ်ဳိးန႔ဲ ထည့္သြင္းစိုက္ပ်ဳိးရပါမယ္...
ဘာေၾကာင့္လဲ?..

အုန္းစံမႈန္႔ မွာ..
.ေရအစိုးဓာတ္ကုိ ထိန္းသိမ္းထားျခင္း အျမစ္မ်ားကုိ ေျခာက္ေသြ႔မသြားေအာင္ ထိန္းသိန္းျခင္းန႔ဲ သစ္ခြပင္ အျမစ္တည္ညိမ္ေစရန္ အတြက္ ျဖစ္ပါတယ္...

ခုတ္ျဖတ္ထားေသာအုန္းသီးခြန္ အတုံးေလးေတြကေတာ့ အျဖစ္
တြယ္ကပ္ ရစ္ေခြႏူိင္ဖို႔ပါ...

ဒီေနရာမွာ သတိထားရမယ့္ အခ်က္က ႏွစ္႐ွည္ထားလို႔မရပါဘူး..
ထားလို႔ေတာ့ရမယ္ သစ္ခြအပင္အတြက္ အာဟာရ သစ္ခြ ဓာတ္ေျမ ျသဇာန႔ဲ အုန္း သီးခြန္ကုိ လဲလည္ ျခင္းမ်ားျပဳလုပ္ရပါလိမ့္မယ္..

အုန္းသီးအခြန္ကုိပဲ အားျပဳ႐ွင္သန္ရျခင္းေၾကာင့္ ပန္းေလးမ်ားပြင့္တာကုိ အျမန္လိုခ်င္ လ်င္... သစ္ခြဓာတ္ေျမျသဇာ ေမးဝယ္ၿပီး
အပင္အျမစ္တြယ္ကပ္ခ်ိန္ ၁၅ရက္တခါ အနဲငယ္ထည့္ေပးပါ

သစ္ခြ ဓာတ္ေျမႀသဇာ ဆိုတာ.. သက္သက္႐ွိတာေနာ္
တျခားအပင္ေတြ ထည့္တ့ဲ ဓာတ္ေျမျသဇာသြားမထည့္န႔ဲ ေသသြားလိမ့္မယ္....

ADMIN. T.K.K

Dendrobium သစ္ခြ စုိက္ပ်ဳိးနည္း
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
ဒင္ဒရုိသစ္ခြမ်ဳိးအမ်ားစုအတြက္ အသင့္ေတာ္ဆုံးျဖစ္တဲ့ အပူခ်ိန္ကေတာ့ အနိမ့္ဆုံး(50 ံF)ႏွင့္ အျမင့္ဆုံး(90 ံF)ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအပူခ်ိန္ေတြထက္ အနည္းငယ္နိမ့္/ျမင့္တဲ႔ အပူခ်ိန္ေတြမွာလဲ အပင္ေတြရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမွဳကုိ မထိခုိက္ေစပဲ စုိက္ပ်ဳိးနိဳင္ပါတယ္။ဂရုစုိက္ရမွာက အပူခ်ိန္အရမ္းမ်ားေနတဲ့အခ်ိန္ေတြမွာ အပင္ေတြရဲ႕ အရြက္ေတြေပၚ ေနေရာင္တုိက္ရုိက္ မက်ေအာင္ အမုိးစိမ္းေလး မုိးေပးထားဖုိ႔ပါပဲ။ အသင့္ေတာ္ဆုံး စုိထုိင္းဆမွာ ၅၀% ၀န္းက်င္ျဖစ္ပါတယ္။ အပူခ်ိန္ 75 ံF / 80 ံF ၀န္းက်င္ရွိတဲ့ ေအးျမတဲ့ ေတာင္ေပၚေနရာေတြမွာ တစ္ပတ္ကုိ ေရႏွစ္ႀကိမ္ သုံးၾကိမ္ေလာက္ ေလာင္းေပးရင္ လုံေလာက္ပါတယ္။ 90 ံF / 100 ံF ၀န္းက်င္အပူခ်ိန္ရွိတဲ့ ေျမျပန္ေဒသေတြမွာမနက္/ည တစ္ရက္ကုိ ေရႏွစ္ႀကိမ္ေလာက္ေလာင္းေပးသင့္ပါတယ္။ ေႏြရာသီလုိမ်ဳိး အရမ္းကုိ ပူျပင္းတဲ့ရာသီမွာဆုိရင္ အပင္ေရာပြါးစာပါ ေျခာက္ေသြ႕လြန္းၿပီး ဥေယာင္ပင္စည္ေတြ (ေရငတ္ၿပီး) ပိန္ရွဳံ႕မသြားဖုိ႔ အပင္ပတ္၀န္းက်င္ေလထုထဲ ေရေငြ႕မ်ားေနေစဖုိ႔အတြက္ အပင္ေအာက္ေျခမွာ စက္ဖဲြြျပာခင္းၿပီး ေရေလာင္းေပးထားသင့္ပါတယ္။ မုိးရာသီနဲ႔ ေဆာင္းရာသီလုိမ်ဳိး စုိထုိင္းဆမ်ားတဲ့ရာသီေတြ ေျခာက္ေသြ႕ဖုိ႔ အခ်ိန္ၾကာတဲ့ ရာသီေတြမွာ အပင္ထိပ္ရြက္နဳၾကားထဲမွာ ေရေတြ တင္က်န္ေနတာမ်ဳိးက ထိပ္ပုပ္ေရာဂါနဲ႔မိႈေရာဂါေတြ အလြယ္တကူ က်ေရာက္နိဳင္ေစပါတယ္။ဒါေၾကာင့္ အဲဒီရာသီေတြမွာ ေရကုိ ဂရုတစုိက္ေလာင္းေပးသင့္ပါတယ္။ ေရေလာင္းတဲ့ခါ တစ္ႀကိမ္ႏွင့္ တစ္ႀကိမ္ၾကားမွာ စုိက္ပ်ဳိးတဲ့ခါသုံးတဲ့ အုန္းခြံ၊ မီးေသြး စတဲ့ပြါးစာေတြ ေျခာက္ေသြ႕ေနေစသင့္ပါတယ္။ေရေလာင္းတဲ့အခါ အပင္၊ အျမစ္၊ ပြါးစာအားလုံးစုိရႊဲေနေအာင္ေလာင္းပါ။
အလင္းေရာင္ကေတာ့ ပင္းပြင့္ေစဖုိ႔အတြက္ တုိက္ရုိက္ေနေရာင္ေဖ်ာ့ေဖ်ာ့ရရွိေနေစသင့္ပါတယ္။ အပူခ်ိန္ 75 ံF / 80 ံF ၀န္းက်င္ရွိတဲ့ ေအးျမတဲ့ ေတာင္ေပၚေနရာေတြမွာ တစ္ေနကုန္ ေနေရာင္ေအာက္မွာ ထားနိဳင္ပါတယ္။ 90 ံF / 100 ံF ၀န္းက်င္အပူခ်ိန္ရွိတဲ့ ေျမျပန္ေဒသေတြမွာေတာ့ မနက္ပုိင္း ၉း၃၀ ၀န္းက်င္ေလာက္ထိ တုိက္ရုိက္ေနေရာင္ျခည္ကုိ ခံနိဳင္ၿပီး မြန္းလဲြပုိင္းေတြ ညေနပုိင္းေတြမွာေတာ့ အရိပ္စေအာက္မွာပဲ ထားသင့္ပါတယ္။ အလင္းေရာင္ေကာင္းေကာင္းရမွ ပန္းပြင့္နိဳင္ေပမယ့္ အရြက္ေတြကုိ ေနေလာင္တဲ့ထိ ျပင္းထန္တဲ့ေနေရာင္က်ေရာက္ေစမွဳေတြကုိေတာ့ ေရွာင္ၾကဥ္သင့္ပါတယ္။ အရြက္ေတြကုိ ေနေလာင္သြားတယ္ဆုိတာနဲ႔ အရြက္ေတြေပၚမွာရွိတဲ့ ကလုိရုိဖီး (အစိမ္းေရာင္ျခယ္)ပ်က္စီးသြားတဲ့အတြက္ အပင္ရဲ႕ အစာခ်က္ႏွဳန္းကုိ ထိခုိက္ေစတာေၾကာင့္ပါ။

ေျမၾသဇာေကၽြးတဲ့အခါ ၁၃/၁၄-ပတ္လည္လုိမ်ဳိးေျမၾသဇာအခဲ အလုံးေတြကုိ အပင္ အျမစ္ေတြကုိ မထိေစပဲ အုိးတြင္းပြါးစာေတြထဲ တုိက္ရုိက္ထည့္ေကၽြးနိဳင္ပါတယ္။ ၂၁-ပတ္လည္လုိမ်ဳိးေျမၾသဇာအမွဳန္႔ကုိလဲ ေရတစ္ဂါလံမွာ ထမင္းစားဇြန္း တစ္ဇြန္းႏွဳန္းေဖ်ာ္ၿပီး တစ္ပတ္ တစ္ခါ အပင္ ပြါးစာ အကုန္လုံး ႏွံ႔ေအာင္ ဖ်န္းေပးနိဳင္ပါတယ္။ ၂၁-ပတ္လည္လုိေျမၾသဇာအမွဳန္႔ကုိေရေဖ်ာ္ဖ်န္းတဲ့အခါ အပင္ အျမစ္ ပါြးစာပါ အားလုံးႏွ႔ံေအာင္ဖ်န္းေပးပါ။ အရြက္ေအာက္မ်က္ႏွာျပင္ကုိ အဓိကဖ်န္းေပးပါ။ ရြက္ဖ်န္းေျမၾသဇာကုိ ေရေလာင္းတဲ့့အခါတုိင္းေပ်ာ့ေပ်ာ့ ေဖ်ာ္ၿပီး(ေရတစ္ဂါလံမွာ လဖက္စားဇြန္း တစ္ဇြန္းႏွဳန္းေဖ်ာ္ၿပီး)ဖ်န္းေပးနိဳင္ပါတယ္။ ၃၀၊၁၀၊၁၀၊ / ၂၅၊ ၅၊ ၅ လုိမ်ဳိး နိဳတ္ထရုိမ်ားတဲ့ ေျမၾသဇာေတြကုိ ပဲအၿမဲေကၽြးေနရင္ေတာ့ အရြက္ေတြပဲ သန္ၿပီး အျမစ္မထြက္ပဲ ပန္းေတြလည္းမပြင့္နိဳင္ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ ေရညွိနဲ႔ ေရေမွာ္ေတြပါ ေပါက္လာၿပီး အပင္ကလဲ နဳဖတ္ေနတဲ့ အတြက္ ေရာဂါက်လြယ္ပါတယ္။
ဒင္ဒရုိေတြကုိ စုိက္တဲ့ခါ အုိးငယ္ေတြနဲ႔ပဲ စုိက္သင့္ပါတယ္။ ဒီသစ္ခြေတြက အပင္အုပ္ထက္ အုိးၾကီးေနတာကုိ မႀကိဳက္ပါဘူး။ အျမစ္ပတ္၀န္းက်င္မွာ ေလ၀င္ေလထြက္ေကာင္းမြန္ဖုိ႔နဲ႕ အျမစ္ေတြ လြပ္လပ္စြာ ထြက္နိဳင္ဖုိ႔ အေပါက္ပါတဲ့ အုိးေလးေတြနဲ႔ စုိက္တာ ပုိေကာင္းပါတယ္။ ပြါးစာထည့္တဲ့ခါလဲ အပင္ေျချမဳပ္မေနဖုိ႔ လုိပါတယ္။ အပင္ေျခပြါးစာထဲ ျမဳပ္ေနရင္ မ်က္စိပုပ္သြားတတ္လုိ႔ပါ။ စုိက္ထားတာအဆင္ေျပတယ္ဆုိရင္ တစ္ႏွစ္ခဲြေလာက္ ၾကာတဲ့ခါ အပင္ေတြလဲ မ်ားလာၿပီး ပြါးစာအျဖစ္သုံးတဲ့ အုန္းသီးခြံေတြလဲ ေဆြးသြားမွာျဖစ္တဲ့အတြက္ အုိးလဲေပးသင့္ပါတယ္။ အုိးလဲေနစဥ္မွာ အပင္ သုံးပင္ေလာက္ပါေအာင္ျဖတ္ၿပီး အပင္ခဲြလုိ႔လဲ ရပါတယ္။ ဒါမွမဟုတ္ အပင္အုပ္အမ်ားၾကီးထားခ်င္ရင္လဲ နဂုိအုိးငယ္ထက္နဲနဲ ပုိၾကီးတဲ့အုိးထဲမွာ ပြါးစာအသစ္ထပ္ထည့္ၿပီး စုိက္ပ်ဳိးနိဳင္ပါတယ္။ သတိျပဳရမွာက အပင္အုပ္ထက္ အုိးက ပုိႀကီးမေနသင့္ပါဘူး။

Credit >> မ​ေအး​ေအးမိုး


Unicode


အုန်းသီးခွံမှာ သစ်ခွ စိုက်ပျိုးနည်း(credit)

#up minကိုအကူညီတောင်းလာတာလေးတခု
ပုံတွေသာ တချို့ pageကတင်ပေးကျပြီး စိုတ်ပျိုးပုံကို ရှင်းပြမပေးလို့ အမြစ်ပိုင်း စိုက်ပျိုးမူအပိုင်းကို ရှင်းပြပေးပါလို့
အကူညီ တောင်းလာတယ်...

#ဒီလိုပါ ဒါကလွယ်ကူတဲ့ စိုက်ပျိုးမူတခုပါပဲ ပုံတွေမှာတော့ အုန်းသီးအစိုကို စိုက်ပျိုးပြထားတာကို မြင်ရပါလိမ့်မယ် ...
ဘာကြောင့်လဲ ဆိုတော့ အကြောင်း ၂ချက်ရှိပါတယ်
ကြာရှည်စွာ အထားခံဖို့ နဲ့ အတွင်းသားကို လွယ်ကူစွာ
လှီးထုတ်နိူင်ဖို့ လို့ သိရတယ်...

ကောင်းပြီ အုန်းသီးအတွင်းပိုင်းမှာ ထည့်တာတွေက
မြေကြီးမပါပါဘူး...
သစ်ခွ ပင်ဟာ ကက်နွယ် အမျိုးအစားဖြစ်တာကြောင့်
သူ့ရဲ့ သဘေားတရားကိုရှင်းပြပါမယ်....

"ပတောက်ပင်"နဘဲပင်'အုန်းပင်နဲ့ အုန်းပင် ရဲ့ ပင်စည်တွေမှာ
ဖြစ်ထွန်းမူအားကောင်းပါတယ်...
ကက်နွယ် အမျိုးအစားတွေက အပင်ရဲ့ အကျောမှ ရေဓာတ်
အဟာရ ဓာတ်ကို ရယူ ရှင်သန်ကျသော မျိုးနွယ်တွေဖြစ်ပါတယ်
ထိုကဲ့သို့ အပင်ရဲ့ ပင်စည်မှာ စိုက်ပျိုးခြင်းကို မိုးတွင်းကာလများမှာ အသင့်တော်ဆုံးဖြစ်ပါတယ်...
စိုက်ပျိုးမယ့် အပင်ရဲ့ ပင်စည်ဟာ အခြောက်ထူ အပွအမျိုးစား
ရွယ်ကူစွာ ကက်နိူင်တဲ့ အပင်အမျိုးအစားဖြစ်ရပါမယ်...
ဒါကအပင်မှာ စိုက်ပျိုးနည်းပါ အပင်မှာရှင်သန် တွယ်ကပ်နေတဲ့ သစ်ခွ ပင်လေးတွေဟာ အစာအရဟာရ အပင်မှရရှိနေသောကြောင့် မလို အပ်ပါ...

အုန်းသီးခွန် အတွင်းပိုင်းကို ပုံမှာ ပြထားတဲ့ အတိုင်း ဓားဖြစ် သေးငယ်စွာ ခုတ်ဖြတ်ထားသော အုန်းသီးခွန် အတုံးလေးများ..
အမူန့် ပြုလုပ်ထားသော အုန်းစံမူန့်..
ဒီ၂မျိုးနဲ့ ထည့်သွင်းစိုက်ပျိုးရပါမယ်...
ဘာကြောင့်လဲ?..

အုန်းစံမှုန့် မှာ..
.ရေအစိုးဓာတ်ကို ထိန်းသိမ်းထားခြင်း အမြစ်များကို ခြောက်သွေ့မသွားအောင် ထိန်းသိန်းခြင်းနဲ့ သစ်ခွပင် အမြစ်တည်ညိမ်စေရန် အတွက် ဖြစ်ပါတယ်...

ခုတ်ဖြတ်ထားသောအုန်းသီးခွန် အတုံးလေးတွေကတော့ အဖြစ်
တွယ်ကပ် ရစ်ခွေနိူင်ဖို့ပါ...

ဒီနေရာမှာ သတိထားရမယ့် အချက်က နှစ်ရှည်ထားလို့မရပါဘူး..
ထားလို့တော့ရမယ် သစ်ခွအပင်အတွက် အာဟာရ သစ်ခွ ဓာတ်မြေ သြဇာနဲ့ အုန်း သီးခွန်ကို လဲလည် ခြင်းများပြုလုပ်ရပါလိမ့်မယ်..

အုန်းသီးအခွန်ကိုပဲ အားပြုရှင်သန်ရခြင်းကြောင့် ပန်းလေးများပွင့်တာကို အမြန်လိုချင် လျင်... သစ်ခွဓာတ်မြေသြဇာ မေးဝယ်ပြီး
အပင်အမြစ်တွယ်ကပ်ချိန် ၁၅ရက်တခါ အနဲငယ်ထည့်ပေးပါ

သစ်ခွ ဓာတ်မြေသြဇာ ဆိုတာ.. သက်သက်ရှိတာနော်
တခြားအပင်တွေ ထည့်တဲ့ ဓာတ်မြေသြဇာသွားမထည့်နဲ့ သေသွားလိမ့်မယ်....

ADMIN. T.K.K

Dendrobium သစ်ခွ စိုက်ပျိုးနည်း
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
ဒင်ဒရိုသစ်ခွမျိုးအများစုအတွက် အသင့်တော်ဆုံးဖြစ်တဲ့ အပူချိန်ကတော့ အနိမ့်ဆုံး(50 ံF)နှင့် အမြင့်ဆုံး(90 ံF)ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအပူချိန်တွေထက် အနည်းငယ်နိမ့်/မြင့်တဲ့ အပူချိန်တွေမှာလဲ အပင်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို မထိခိုက်စေပဲ စိုက်ပျိုးနိုင်ပါတယ်။ဂရုစိုက်ရမှာက အပူချိန်အရမ်းများနေတဲ့အချိန်တွေမှာ အပင်တွေရဲ့ အရွက်တွေပေါ် နေရောင်တိုက်ရိုက် မကျအောင် အမိုးစိမ်းလေး မိုးပေးထားဖို့ပါပဲ။ အသင့်တော်ဆုံး စိုထိုင်းဆမှာ ၅၀% ဝန်းကျင်ဖြစ်ပါတယ်။ အပူချိန် 75 ံF / 80 ံF ဝန်းကျင်ရှိတဲ့ အေးမြတဲ့ တောင်ပေါ်နေရာတွေမှာ တစ်ပတ်ကို ရေနှစ်ကြိမ် သုံးကြိမ်လောက် လောင်းပေးရင် လုံလောက်ပါတယ်။ 90 ံF / 100 ံF ဝန်းကျင်အပူချိန်ရှိတဲ့ မြေပြန်ဒေသတွေမှာမနက်/ည တစ်ရက်ကို ရေနှစ်ကြိမ်လောက်လောင်းပေးသင့်ပါတယ်။ နွေရာသီလိုမျိုး အရမ်းကို ပူပြင်းတဲ့ရာသီမှာဆိုရင် အပင်ရောပွါးစာပါ ခြောက်သွေ့လွန်းပြီး ဥယောင်ပင်စည်တွေ (ရေငတ်ပြီး) ပိန်ရှုံ့မသွားဖို့ အပင်ပတ်ဝန်းကျင်လေထုထဲ ရေငွေ့များနေစေဖို့အတွက် အပင်အောက်ခြေမှာ စက်ဖွဲွပြာခင်းပြီး ရေလောင်းပေးထားသင့်ပါတယ်။ မိုးရာသီနဲ့ ဆောင်းရာသီလိုမျိုး စိုထိုင်းဆများတဲ့ရာသီတွေ ခြောက်သွေ့ဖို့ အချိန်ကြာတဲ့ ရာသီတွေမှာ အပင်ထိပ်ရွက်နုကြားထဲမှာ ရေတွေ တင်ကျန်နေတာမျိုးက ထိပ်ပုပ်ရောဂါနဲ့မှိုရောဂါတွေ အလွယ်တကူ ကျရောက်နိုင်စေပါတယ်။ဒါကြောင့် အဲဒီရာသီတွေမှာ ရေကို ဂရုတစိုက်လောင်းပေးသင့်ပါတယ်။ ရေလောင်းတဲ့ခါ တစ်ကြိမ်နှင့် တစ်ကြိမ်ကြားမှာ စိုက်ပျိုးတဲ့ခါသုံးတဲ့ အုန်းခွံ၊ မီးသွေး စတဲ့ပွါးစာတွေ ခြောက်သွေ့နေစေသင့်ပါတယ်။ရေလောင်းတဲ့အခါ အပင်၊ အမြစ်၊ ပွါးစာအားလုံးစိုရွှဲနေအောင်လောင်းပါ။
အလင်းရောင်ကတော့ ပင်းပွင့်စေဖို့အတွက် တိုက်ရိုက်နေရောင်ဖျော့ဖျော့ရရှိနေစေသင့်ပါတယ်။ အပူချိန် 75 ံF / 80 ံF ဝန်းကျင်ရှိတဲ့ အေးမြတဲ့ တောင်ပေါ်နေရာတွေမှာ တစ်နေကုန် နေရောင်အောက်မှာ ထားနိုင်ပါတယ်။ 90 ံF / 100 ံF ဝန်းကျင်အပူချိန်ရှိတဲ့ မြေပြန်ဒေသတွေမှာတော့ မနက်ပိုင်း ၉း၃၀ ဝန်းကျင်လောက်ထိ တိုက်ရိုက်နေရောင်ခြည်ကို ခံနိုင်ပြီး မွန်းလွဲပိုင်းတွေ ညနေပိုင်းတွေမှာတော့ အရိပ်စအောက်မှာပဲ ထားသင့်ပါတယ်။ အလင်းရောင်ကောင်းကောင်းရမှ ပန်းပွင့်နိုင်ပေမယ့် အရွက်တွေကို နေလောင်တဲ့ထိ ပြင်းထန်တဲ့နေရောင်ကျရောက်စေမှုတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ အရွက်တွေကို နေလောင်သွားတယ်ဆိုတာနဲ့ အရွက်တွေပေါ်မှာရှိတဲ့ ကလိုရိုဖီး (အစိမ်းရောင်ခြယ်)ပျက်စီးသွားတဲ့အတွက် အပင်ရဲ့ အစာချက်နှုန်းကို ထိခိုက်စေတာကြောင့်ပါ။

မြေသြဇာကျွေးတဲ့အခါ ၁၃/၁၄-ပတ်လည်လိုမျိုးမြေသြဇာအခဲ အလုံးတွေကို အပင် အမြစ်တွေကို မထိစေပဲ အိုးတွင်းပွါးစာတွေထဲ တိုက်ရိုက်ထည့်ကျွေးနိုင်ပါတယ်။ ၂၁-ပတ်လည်လိုမျိုးမြေသြဇာအမှုန့်ကိုလဲ ရေတစ်ဂါလံမှာ ထမင်းစားဇွန်း တစ်ဇွန်းနှုန်းဖျော်ပြီး တစ်ပတ် တစ်ခါ အပင် ပွါးစာ အကုန်လုံး နှံ့အောင် ဖျန်းပေးနိုင်ပါတယ်။ ၂၁-ပတ်လည်လိုမြေသြဇာအမှုန့်ကိုရေဖျော်ဖျန်းတဲ့အခါ အပင် အမြစ် ပါွးစာပါ အားလုံးနှံ့အောင်ဖျန်းပေးပါ။ အရွက်အောက်မျက်နှာပြင်ကို အဓိကဖျန်းပေးပါ။ ရွက်ဖျန်းမြေသြဇာကို ရေလောင်းတဲ့အခါတိုင်းပျော့ပျော့ ဖျော်ပြီး(ရေတစ်ဂါလံမှာ လဖက်စားဇွန်း တစ်ဇွန်းနှုန်းဖျော်ပြီး)ဖျန်းပေးနိုင်ပါတယ်။ ၃၀၊၁၀၊၁၀၊ / ၂၅၊ ၅၊ ၅ လိုမျိုး နိုတ်ထရိုများတဲ့ မြေသြဇာတွေကို ပဲအမြဲကျွေးနေရင်တော့ အရွက်တွေပဲ သန်ပြီး အမြစ်မထွက်ပဲ ပန်းတွေလည်းမပွင့်နိုင်ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ရေညှိနဲ့ ရေမှော်တွေပါ ပေါက်လာပြီး အပင်ကလဲ နုဖတ်နေတဲ့ အတွက် ရောဂါကျလွယ်ပါတယ်။
ဒင်ဒရိုတွေကို စိုက်တဲ့ခါ အိုးငယ်တွေနဲ့ပဲ စိုက်သင့်ပါတယ်။ ဒီသစ်ခွတွေက အပင်အုပ်ထက် အိုးကြီးနေတာကို မကြိုက်ပါဘူး။ အမြစ်ပတ်ဝန်းကျင်မှာ လေဝင်လေထွက်ကောင်းမွန်ဖို့နဲ့ အမြစ်တွေ လွပ်လပ်စွာ ထွက်နိုင်ဖို့ အပေါက်ပါတဲ့ အိုးလေးတွေနဲ့ စိုက်တာ ပိုကောင်းပါတယ်။ ပွါးစာထည့်တဲ့ခါလဲ အပင်ခြေမြုပ်မနေဖို့ လိုပါတယ်။ အပင်ခြေပွါးစာထဲ မြုပ်နေရင် မျက်စိပုပ်သွားတတ်လို့ပါ။ စိုက်ထားတာအဆင်ပြေတယ်ဆိုရင် တစ်နှစ်ခွဲလောက် ကြာတဲ့ခါ အပင်တွေလဲ များလာပြီး ပွါးစာအဖြစ်သုံးတဲ့ အုန်းသီးခွံတွေလဲ ဆွေးသွားမှာဖြစ်တဲ့အတွက် အိုးလဲပေးသင့်ပါတယ်။ အိုးလဲနေစဉ်မှာ အပင် သုံးပင်လောက်ပါအောင်ဖြတ်ပြီး အပင်ခွဲလို့လဲ ရပါတယ်။ ဒါမှမဟုတ် အပင်အုပ်အများကြီးထားချင်ရင်လဲ နဂိုအိုးငယ်ထက်နဲနဲ ပိုကြီးတဲ့အိုးထဲမှာ ပွါးစာအသစ်ထပ်ထည့်ပြီး စိုက်ပျိုးနိုင်ပါတယ်။ သတိပြုရမှာက အပင်အုပ်ထက် အိုးက ပိုကြီးမနေသင့်ပါဘူး။

Credit >> မအေးအေးမိုး

Comments

Popular posts from this blog

စံပယ်ပန်း စိုက်ပျိုးနည်း

နှင်းဆီ အမျိုးအစား