ဒေလီယာပန်းစိုက်ပျိုးနည်း
Zawgyi
ေဒလီယာပန္းစိုက္ပ်ိဳးနည္း
ေဒလီယာသည္ အနံ႔မရွိေသာ္လည္း အေရာင္စုံသည့္ အေရာင္အမ်ိဳးမ်ိဴးရွိသည္။ ေဒလီယာသည္ စိုက္ပ်ိဳးရာတြင္ လြယကူေသာ ပန္းျဖစ္ပါသည္။
ေဒလီယာဥ
ေဒလီယာစိုက္လွ်င္ စိုက္ၿပီး(၇) ရက္ရလွ်င္ အပင္ေပါက္သည္။ (၁၅) ေက်ာ္၍ အပင္မေပါက္ပါက အပင္ေပါက္မည္ မဟုတ္ေတာ့ေပ။ ဥမွ အပင္မေပါက္သည္မွာ ႏွစ္ခ်ိဳ႕ဥမ်ားကို စိုက္၍လည္း မေပါက္ပါ။ ထို႔အျပင္ ေဒလီယာဥမ်ား က်ိဳးပဲ့ေနလွ်င္လည္း အပင္မေပါက္ပါ။
မ်ိဳးေစ့ခံပုံ
ေဒလီယာမ်ိဳးေစ့ ယူရန္မွာ တစ္ပင္မွ ပထမဆုံးပြင့္လာသည့္ အပြင့္ေခ်ာေခ်ာတစ္ပြင့္ကို ပလပ္စတစ္အိတ္စြပ္၍ ခ်န္ထားပါ။ တစ္ပင္လုံးတြင္ ၎တစ္ပြင့္တည္းထားပါ။ တျဖည္းျဖည္း ရင့္လာၿပီး မ်ိဴးေစ့မ်ားရလာမည္ျဖစ္ပါသည္။ သို႔ေသာ္ ေဒလီယာမ်ိဳးေစ့စိုက္သည္ထက္ ဥ (သို႔) အကိုင္းကို ခ်ိဳး၍စိုက္သည္က ပိုေကာင္းသည္။ မူလအပင္တိုင္းပြင့္သည္။ အေစ့စိုက္ျခင္းသည့္ အခ်ိန္ၾကာသည့္အျပင္ အကိုင္းေလာက္ စိတ္မခ်ရႏိုင္ေပ။
အပြင့္ေကာင္းပြင့္ရန္
ေဒလီယာသည္ အလင္းေရာင္အလြန္ ႀကိဳက္သည္။ ေလာင္းရိပ္က်လွ်င္ ေကာင္းစြာႀကီးထြားမႉ မရွိ။ အပြင့္လည္းမေအာင္ျမင္ႏိုင္ေပ။ ေနေရာင္ေကာင္းစြာရဖို႔လိုသည္။ အထူးသျဖင့္ နံနက္ေန ေကာင္းစြာရေအာင္စိုက္ပါ။ ေျမၾသဇာကို ေကာင္းစြာေကြၽးပါ။ ေဒလီယာသည္ ေျမၾသဇာ အလြန္ႀကိဳက္သည္။ ႏြားေခ်း ေျမေဆြး ေကာင္းေကာင္းခ်ေပးပါ။ ဓာတ္ေျမၾသဇာကို အခ်ိဳးက် အသုံးျပဳပါ။ ေဒလီယာသည္ ေရဝပ္မခံႏိုင္းပါ။ ထို႔ေၾကာင့္ေျမေပၚ တြင္စိုက္လွ်င္ ေျမခုံလုပ္ၿပီးစိုက္ပါ။ ေျမေစးလွ်င္ သဲရာခိုင္းႏွန္း ၅၀၊ ေျမေဆြး(သို႔) ႏြားေခ်း ရာခိုင္ႏွန္း ၃၀ ေရာစပ္ၿပီးစိုက္ပါ။
ပု႐ြက္ဆိတ္ႏွင့္ ခ်ပိုးရန္မွ ကာကြယ္ပုံ
ေဒလီယာသည္ ခ်ိဳသည္။ ထို႔ေၾကာင့္ ပု႐ြက္ဆိပ္မ်ားႀကိဳက္တတ္ သည္။ မစိုက္မီ ေျမကို ျပဳျပင္စဥ္က ကာဘိုဖ်ဴရမ္ ျဖဴး၍ ေျမကိုသမေအာင္ ေမႊ၍စိုက္ပ်ိဳးျခင္းျဖင့္ ကာကြယ္ႏိုင္ပါသည္။
အဝါေျပာက္ေရာဂါ
တစ္ခါတစ္ရံ ေဒလီယာအ႐ြက္မ်ားေပါတြင္ အဝါစက္ကေလးမ်ား ေပၚလာတတ္သည္။ အခ်ိဴ႕အဝါစက္သာမက အဝါစက္ဝိုင္း ကေလးမ်ား ၊ အဝါေရာင္လႈိင္းတြန႔္ အေၾကာင္းကေလးမ်ား ေပၚလာတတ္သည္။ အ႐ြက္မ်ားညႇိးေျခာက္သြားတတ္သည္။ တစ္ခ်ိဳ ေရာဂါျပင္းထန္လာလ်င္ အ႐ြက္မ်ားအားလုံးေႂကြက်ကုန္သည္။
အပင္ႀကီးထြားႏွန္းကို ထိခိုက္၍ အပြင့္ညံ့ဖ်င္းေစသည္။ အျခာအပင္မ်ားကိုလည္း ကူးစက္ႏိုင္သည္။ ဤသို႔ျဖစ္ရသည္မွာ ဗိုင္းရပ္ေရာဂါ က်ေရာက္ေသာေၾကာင့္ျဖစ္သည္။ ဤအပင္သို႔လာေရာက္စားေသာက္ေသာ ပိုးမႊားမ်ားမွတစ္ဆင့္ အျခားအပင္မ်ားသို႔ ကူးတတ္သျဖင့္ ၎ပိုးမ်ားမက်ေရာက္ရန္ က်န္အပင္မ်ားကို အစီဖိတ္ (သို႔) ကာတက္ဟိုက္ဒ႐ိုကလို႐ိုက္တိုကို ေဆးဗူးပါ ႏွန္းထားအတိုင္း အသုံးျပဳ၍ ကာကြယ္ႏိုင္ပါသည္။
ဗိုင္းရပ္ေရာဂါ
တစ္ခါတစ္ရံ ေဒလီယာပင္တြင္ အတက္ကေလးမ်ား အေျမာက္အမ်ား ထြက္ၿပီး ခ်ဳံပုတ္လို ျဖစ္ေနတတ္သည္။ဤသို႔ျဖစ္ရသည္မွာ ဗိုင္းရပ္ေရာဂါေၾကာင့္ျဖစ္သည္။ အမ်ားအားျဖင့္ စြတ္စိုထိုင္းမႈိင္း၍ ေအးေသာအခါ ျဖစ္တတ္သည္။ ေႏႊုဦးေပါက္တြင္ျဖစ္ခဲသည္။ အပြင့္မ်ားညံ့ဖ်င္းတတ္သည္။ တစ္ခါတစ္ရံ အပြင့္ပုံသ႑ာန္ အတိုင္းအေပၚဘဲ ျခမ္းပဲ့(သိုံ) အငုံျဖစ္ေနတတ္သည္။ ဤသို႔ျဖစ္ရသည္မွာ ဗိုင္းရပ္ေရာဂါေၾကာင့္ျဖစ္သည္။ အပင္ကို ႏုတ္၍ မီးရႈိ႕ပစ္ပါ။ အျခားပင္မ်ား ကိုပိုးမႊားမွတစ္ဆင့္မကူးရန္ ပ႐ိုပိုကြန္ကာေဇာ္ကို အသုံးျပဳႏိုင္ပါသည္။
အျခားမႈိေရာဂါမ်ား
စိုစြတ္၍ မိုးအုံေနေသာ ရာသီမ်ားတြင္ ေဒလီယာအ႐ြက္မ်ား၊ ပြင့္ခ်က္ပြင့္ဖက္မ်ား ၊ အဖူးႏွင့္ ႐ိုးတံအႏုကေလးမ်ားေပၚတြင္ မြဲျပာျပာအစက္ကေလးမ်ား (သို႔) အညိဳစက္မ်ားေပၚလာတတ္သည္။ ပြင့္ဖက္မ်ားကိုေႂကြေစတတ္သည္။ မႈိေရာဂါ တစ္မ်ိဳးေၾကာင့္ျဖစ္သည္။ ထုံးကန႔္ေဆးရည္ကို ပတ္ဖ်န္းေပးႏိုင္ပါ သည္။ ကန႔္မႈန႔္လည္း ပတ္ျဖဴးကာကြယ္ႏိုင္ပါသည္။ ၎ေဆးမ်ားသည္ပြင့္ဖက္မ်ားကို ေလာင္ကြၽမ္းတတ္
ေသာေၾကာင့္ ေရမ်ားမ်ားစပ္၍ပတ္ျဖန္းပါ။
တစ္ခါတစ္ရံ ေဒလီယာပင္မ်ား ႐ုတ္တရက္ ညႇိးၿပီးေသတတ္သည္။ မ်ားေသာအားျဖင့္မိုးလြန္ရက္မ်ားတြင္လည္းေကာင္း၊ စိုလြန္းေသာေျမေပၚတြင္ စိုက္ထားလွ်င္ေသာ္လည္းေကာင္း၊ ျဖစ္တတ္သည္။ အပင္ရင္းကိုၾကည့္လွ်င္ ေမွးမွိန္ေသာ အျဖဴေရာင္မႈိမွ်င္မ်ား ေပါက္ေရာက္ဖုံးလႊမ္းေနသည္ကိုေတြ႕ရသည္။ ၎ေနရာ တစ္ဝိုက္တြင္ စိုပြပြျဖစ္ေနသည္။ ၎မႈိမွ်င္မ်ားပင္စည္ကို ပတ္မိသည္ႏွင့္ အပင္မွာ ညႇိး၍ေသေတာ့သည္။ ၄င္မႈိကို တိုင္မန္ကာေဇာ္( သို႔) သမားေတာ္မွိူေဆးျဖင့္ ကုသႏိုင္ပါသည္။
ပိုးမႊား
တစ္ခါတစ္ရံ ေဒလီယာပင္မ်ား ပုၿပီး အကိုင္းမ်ားမွာ ေသးေသးသြယ္သြယ္ ေလးျဖစ္ေနတတ္သည္။အပင္ရင္းကို တူးၾကည့္လွ်င္ ေဒလီယာအျမစ္မ်ားမွာ ဖုထစ္ကုန္တတ္သည္။ ဤသို႔ျဖစ္ရျခင္းမွာ နီမတုတ္( သို႔) တီပိုးမ်ားေၾကာင့္ ျဖစ္သည္။ ၎ပိုးမ်ားကို ကာဘိုဖ်ဴရန္(သို႔) အျခားေသာေျမေအာင္းပိုးသတ္ေဆးကိုအသုံးျပဴ၍ ကာကြယ္ႏိုင္သည္။
Credit, မူရင္း
Unicode
ဒေလီယာပန်းစိုက်ပျိုးနည်း
ဒေလီယာသည် အနံ့မရှိသော်လည်း အရောင်စုံသည့် အရောင်အမျိုးမျိူးရှိသည်။ ဒေလီယာသည် စိုက်ပျိုးရာတွင် လွယကူသော ပန်းဖြစ်ပါသည်။
ဒေလီယာဥ
ဒေလီယာစိုက်လျှင် စိုက်ပြီး(၇) ရက်ရလျှင် အပင်ပေါက်သည်။ (၁၅) ကျော်၍ အပင်မပေါက်ပါက အပင်ပေါက်မည် မဟုတ်တော့ပေ။ ဥမှ အပင်မပေါက်သည်မှာ နှစ်ချို့ဥများကို စိုက်၍လည်း မပေါက်ပါ။ ထို့အပြင် ဒေလီယာဥများ ကျိုးပဲ့နေလျှင်လည်း အပင်မပေါက်ပါ။
မျိုးစေ့ခံပုံ
ဒေလီယာမျိုးစေ့ ယူရန်မှာ တစ်ပင်မှ ပထမဆုံးပွင့်လာသည့် အပွင့်ချောချောတစ်ပွင့်ကို ပလပ်စတစ်အိတ်စွပ်၍ ချန်ထားပါ။ တစ်ပင်လုံးတွင် ၎င်းတစ်ပွင့်တည်းထားပါ။ တဖြည်းဖြည်း ရင့်လာပြီး မျိူးစေ့များရလာမည်ဖြစ်ပါသည်။ သို့သော် ဒေလီယာမျိုးစေ့စိုက်သည်ထက် ဥ (သို့) အကိုင်းကို ချိုး၍စိုက်သည်က ပိုကောင်းသည်။ မူလအပင်တိုင်းပွင့်သည်။ အစေ့စိုက်ခြင်းသည့် အချိန်ကြာသည့်အပြင် အကိုင်းလောက် စိတ်မချရနိုင်ပေ။
အပွင့်ကောင်းပွင့်ရန်
ဒေလီယာသည် အလင်းရောင်အလွန် ကြိုက်သည်။ လောင်းရိပ်ကျလျှင် ကောင်းစွာကြီးထွားမှူ မရှိ။ အပွင့်လည်းမအောင်မြင်နိုင်ပေ။ နေရောင်ကောင်းစွာရဖို့လိုသည်။ အထူးသဖြင့် နံနက်နေ ကောင်းစွာရအောင်စိုက်ပါ။ မြေသြဇာကို ကောင်းစွာကျွေးပါ။ ဒေလီယာသည် မြေသြဇာ အလွန်ကြိုက်သည်။ နွားချေး မြေဆွေး ကောင်းကောင်းချပေးပါ။ ဓာတ်မြေသြဇာကို အချိုးကျ အသုံးပြုပါ။ ဒေလီယာသည် ရေဝပ်မခံနိုင်းပါ။ ထို့ကြောင့်မြေပေါ် တွင်စိုက်လျှင် မြေခုံလုပ်ပြီးစိုက်ပါ။ မြေစေးလျှင် သဲရာခိုင်းနှန်း ၅၀၊ မြေဆွေး(သို့) နွားချေး ရာခိုင်နှန်း ၃၀ ရောစပ်ပြီးစိုက်ပါ။
ပုရွက်ဆိတ်နှင့် ချပိုးရန်မှ ကာကွယ်ပုံ
ဒေလီယာသည် ချိုသည်။ ထို့ကြောင့် ပုရွက်ဆိပ်များကြိုက်တတ် သည်။ မစိုက်မီ မြေကို ပြုပြင်စဉ်က ကာဘိုဖျူရမ် ဖြူး၍ မြေကိုသမအောင် မွှေ၍စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
အဝါပြောက်ရောဂါ
တစ်ခါတစ်ရံ ဒေလီယာအရွက်များပေါတွင် အဝါစက်ကလေးများ ပေါ်လာတတ်သည်။ အချိူ့အဝါစက်သာမက အဝါစက်ဝိုင်း ကလေးများ ၊ အဝါရောင်လှိုင်းတွန့် အကြောင်းကလေးများ ပေါ်လာတတ်သည်။ အရွက်များညှိးခြောက်သွားတတ်သည်။ တစ်ချို ရောဂါပြင်းထန်လာလျင် အရွက်များအားလုံးကြွေကျကုန်သည်။
အပင်ကြီးထွားနှန်းကို ထိခိုက်၍ အပွင့်ညံ့ဖျင်းစေသည်။ အခြာအပင်များကိုလည်း ကူးစက်နိုင်သည်။ ဤသို့ဖြစ်ရသည်မှာ ဗိုင်းရပ်ရောဂါ ကျရောက်သောကြောင့်ဖြစ်သည်။ ဤအပင်သို့လာရောက်စားသောက်သော ပိုးမွှားများမှတစ်ဆင့် အခြားအပင်များသို့ ကူးတတ်သဖြင့် ၎င်းပိုးများမကျရောက်ရန် ကျန်အပင်များကို အစီဖိတ် (သို့) ကာတက်ဟိုက်ဒရိုကလိုရိုက်တိုကို ဆေးဗူးပါ နှန်းထားအတိုင်း အသုံးပြု၍ ကာကွယ်နိုင်ပါသည်။
ဗိုင်းရပ်ရောဂါ
တစ်ခါတစ်ရံ ဒေလီယာပင်တွင် အတက်ကလေးများ အမြောက်အများ ထွက်ပြီး ချုံပုတ်လို ဖြစ်နေတတ်သည်။ဤသို့ဖြစ်ရသည်မှာ ဗိုင်းရပ်ရောဂါကြောင့်ဖြစ်သည်။ အများအားဖြင့် စွတ်စိုထိုင်းမှိုင်း၍ အေးသောအခါ ဖြစ်တတ်သည်။ နွှေုဦးပေါက်တွင်ဖြစ်ခဲသည်။ အပွင့်များညံ့ဖျင်းတတ်သည်။ တစ်ခါတစ်ရံ အပွင့်ပုံသဏ္ဍာန် အတိုင်းအပေါ်ဘဲ ခြမ်းပဲ့(သိုံ) အငုံဖြစ်နေတတ်သည်။ ဤသို့ဖြစ်ရသည်မှာ ဗိုင်းရပ်ရောဂါကြောင့်ဖြစ်သည်။ အပင်ကို နုတ်၍ မီးရှို့ပစ်ပါ။ အခြားပင်များ ကိုပိုးမွှားမှတစ်ဆင့်မကူးရန် ပရိုပိုကွန်ကာဇော်ကို အသုံးပြုနိုင်ပါသည်။
အခြားမှိုရောဂါများ
စိုစွတ်၍ မိုးအုံနေသော ရာသီများတွင် ဒေလီယာအရွက်များ၊ ပွင့်ချက်ပွင့်ဖက်များ ၊ အဖူးနှင့် ရိုးတံအနုကလေးများပေါ်တွင် မွဲပြာပြာအစက်ကလေးများ (သို့) အညိုစက်များပေါ်လာတတ်သည်။ ပွင့်ဖက်များကိုကြွေစေတတ်သည်။ မှိုရောဂါ တစ်မျိုးကြောင့်ဖြစ်သည်။ ထုံးကန့်ဆေးရည်ကို ပတ်ဖျန်းပေးနိုင်ပါ သည်။ ကန့်မှုန့်လည်း ပတ်ဖြူးကာကွယ်နိုင်ပါသည်။ ၎င်းဆေးများသည်ပွင့်ဖက်များကို လောင်ကျွမ်းတတ်
သောကြောင့် ရေများများစပ်၍ပတ်ဖြန်းပါ။
တစ်ခါတစ်ရံ ဒေလီယာပင်များ ရုတ်တရက် ညှိးပြီးသေတတ်သည်။ များသောအားဖြင့်မိုးလွန်ရက်များတွင်လည်းကောင်း၊ စိုလွန်းသောမြေပေါ်တွင် စိုက်ထားလျှင်သော်လည်းကောင်း၊ ဖြစ်တတ်သည်။ အပင်ရင်းကိုကြည့်လျှင် မှေးမှိန်သော အဖြူရောင်မှိုမျှင်များ ပေါက်ရောက်ဖုံးလွှမ်းနေသည်ကိုတွေ့ရသည်။ ၎င်းနေရာ တစ်ဝိုက်တွင် စိုပွပွဖြစ်နေသည်။ ၎င်းမှိုမျှင်များပင်စည်ကို ပတ်မိသည်နှင့် အပင်မှာ ညှိး၍သေတော့သည်။ ၄င်မှိုကို တိုင်မန်ကာဇော်( သို့) သမားတော်မှိူဆေးဖြင့် ကုသနိုင်ပါသည်။
ပိုးမွှား
တစ်ခါတစ်ရံ ဒေလီယာပင်များ ပုပြီး အကိုင်းများမှာ သေးသေးသွယ်သွယ် လေးဖြစ်နေတတ်သည်။အပင်ရင်းကို တူးကြည့်လျှင် ဒေလီယာအမြစ်များမှာ ဖုထစ်ကုန်တတ်သည်။ ဤသို့ဖြစ်ရခြင်းမှာ နီမတုတ်( သို့) တီပိုးများကြောင့် ဖြစ်သည်။ ၎င်းပိုးများကို ကာဘိုဖျူရန်(သို့) အခြားသောမြေအောင်းပိုးသတ်ဆေးကိုအသုံးပြူ၍ ကာကွယ်နိုင်သည်။
Credit, မူရင်း

Comments
Post a Comment