နှင်းပန်း စိုက်ပျိုးနည်း
Zawgyi
ႏွင္းပန္း စိုက္ၿပီး ေရေမႊး ထုတ္ၾကစို႔
ႏွင္းပန္း ဟာ
ျမန္မာမ်ား ဘုရား ပန္းအျဖစ္ အသုံးျပဳ ၾကတဲ့ ပန္းတစ္မ်ိဳးပါ။ စိုက္ပ်ိဳးရ လြယ္ကူ သလို အၾကမ္းခံတဲ့ အပင္လည္း ျဖစ္ပါတယ္။
သို႔ေသာ္ ႏိုင္ငံ တစ္နံ တစ္လ်ား အသုံးျပဳ ေနတဲ့ ပန္းအျဖစ္ မေတြ႕ရဘဲ၊ ျမန္မာႏိုင္ငံ အထက္ပိုင္း ေဒသမ်ား မွာသာ အသုံး မ်ားတာ
ကိုေတြ႕ရ ပါတယ္။
ႏွင္းပန္းကို အဂၤလိပ္လို (Tuberose) လို႔ေခၚၿပီး၊ မ်ိဳးစု အမည္မွာ (Polianthes) ျဖစ္ကာ မ်ိဳးစိတ္ အမည္မွာ (tuberosa) ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သိပၸံ အမည္မွာ (Polianthes tuberose L.) ျဖစ္ ပါတယ္။ မ်ိဳးရင္းကေတာ့ (Polianthes tuberose L.) ျဖစ္ပါတယ္။
ႏွင္းပန္းရဲ႕ မူရင္း ေဒသဟာ မကၠစီကို ႏိုင္ငံ ျဖစ္ၿပီး ၁၆ ရာစုႏွစ္မ်ား အတြင္း ကမၻာ့ ေနရာအႏွံ႔ကို ျပန္႔ႏွံ႔သြားခဲ့ ပါတယ္။ ျမန္မာႏိုင္ငံကို
ေတာ့ ၁၆ ရာစု ႏွစ္မ်ား အတြင္း ေရာက္ရွိလာ ခဲ့တယ္လို႔ ယူဆရ ပါတယ္။
အသုံးျပဳမႈ
ႏွင္းပန္းကို ဘုရားပန္း တင္ျခင္း၊ ပန္းစည္း၊ ပန္းခိုင္မ်ား ျပဳလုပ္ျခင္း၊ ကုတ္ အက်ႌတြင္ ပန္းထိုးျခင္း စသည္ တို႔တြင္ သုံးၾကသည္။ စားပြဲ
တင္ပန္း အျဖစ္လည္း သုံးသည္။ ႏွင္းပန္းတြင္ သင္းပ်ံ႕သည့္ ရနံ႔ရွိသည့္ အတြက္ ႏွင္းပန္းဆီ ထုတ္လုပ္ကာ ေရေမႊး ေဖာ္စပ္ ရာတြင္ အသုံးျပဳ ၾကပါသည္။ တျခားေသာ အလွကုန္ မ်ားတြင္လည္း ထည့္သြင္း အသုံးျပဳႏိုင္ ပါသည္။ ထို႔ျပင္ ေခ်ာကလက္ အေျခခံ ထုတ္
လုပ္ သည့္ အားျဖည့္ ေဖ်ာ္ရည္မ်ား၊ စိတ္ဓာတ္ လႈံ႔ေဆာ္သည့္ ေဆးမ်ားတြင္ ပန္းရနံ႔ကို ထည့္သြင္း အသုံးျပဳႏိုင္ ပါသည္။ ႏွင္း ပန္းဥ
တြင္ (Lycorine) ဓာတ္ပါဝင္ သည့္အတြက္ စားသုံး မိပါက ေအာ့အန္ တတ္သည္။ ကေလးမ်ား၏ အသားေပၚတြင္ ေပါက္တတ္သည့္ အနီဖုမ်ား ေပ်ာက္ ကင္းေစရန္ ႏွင္းပန္းဥကို ေထာပတ္၊ နႏြင္း တို႔ႏွင့္ လူးနယ္ကာ သုတ္လိမ္း ေပးႏိုင္သည္။ အေျခာက္ခံ ထားသည့္
ႏွင္းပန္းဥကို အမႈန္႔ျပဳလုပ္၍ ဂႏိုေရာဂါ ေပ်ာက္ကင္း ေစရန္ သုံးသည္။ ဂ်ာဗား ကၽြန္းတြင္ ႏွင္းပန္း ပြင့္မ်ားကို ဟင္းသီး ဟင္း႐ြက္ရည္
မ်ားႏွင့္ အတူ စားသုံး ၾကသည္။
စိုက္ပ်ိဳးထုတ္လုပ္မႈ
ကမၻာ ေပၚတြင္ ႏွင္းပန္းကို ျပင္သစ္ ႏုိင္ငံ၊ ေတာင္အာဖရိက ႏုိင္ငံ၊ အေမရိကန္ ျပည္ေထာင္စု၏ ကာ႐ို ေျမာက္ကာ ႐ိုလိုင္း နားျပည္
နယ္ႏွင့္ အိႏၵိယႏိုင္ငံ အပါအဝင္ အပူပိုင္းႏွင့္ အပူေလ်ာ့ပိုင္း ႏုိင္ငံမ်ားတြင္ စီးပြားျဖစ္ စိုက္ပ်ိဳး ထုတ္လုပ္ေၾကာင္း ေတြ႕ရ ပါသည္။
အိႏၵိယႏိုင္ငံ သည္ ႏွင္းပန္းကို မ်ားစြာ အသုံးျပဳ ၾကၿပီး စီးပြား ျဖစ္လည္း စိုက္ပ်ိဳး ၾကပါသည္။ ျမန္မာ ႏုိင္ငံတြင္ ႏွင္းပန္းကို စိုက္ပ်ိဳး
ၾကေသာ္ လည္း က်ယ္ျပန္႔စြာအသုံး ျပဳမႈ မရွိေသးပါ။ စီးပြားျဖစ္ စိုက္ပ်ိဳး ထုတ္လုပ္ကာ ႏွင္းပန္းဆီ ထုတ္လုပ္၍ အလွကုန္ လုပ္ငန္း
သုံးကုန္ၾကမ္း အျဖစ္ပါ ေရာင္းခ် ႏိုင္သည့္ အတြက္ အိႏၵိယ ႏုိင္ငံတြင္ စိုက္ပ်ိဳး ျပဳျပင္ ေရာင္းခ် ေနမႈမ်ားကို အေျခခံကာ ႏွင္း
ပန္း စိုက္ပ်ိဳးမႈကို ေဖာ္ျပလိုက္ ပါသည္။
အပင္သြင္ျပင္လကၡဏာမ်ား
ႏွင္းပန္းပင္သည္ အသင့္အတင့္ အၾကမ္းခံ ႏုိင္သည့္ ႏွစ္ရွည္ခံ ဥပင္မ်ိဳး ျဖစ္သည္။ ႏွင္းပန္း ဥသည္ ၾကက္သြန္ျဖဴဥ ကဲ့သို႔ေသာ္
အေၾကး႐ြက္ မ်ားပါသည့္ ဥ အမ်ိဳးအစား ျဖစ္ကာ၊ ပင္စည္ကို အေၾကး႐ြက္ မ်ားျဖင့္ ဖုံးအုပ္ ထားသည္။ အျမစ္မ်ား မွာမူ ျခားျမစ္မ်ား
ျဖစ္ၾကကာ၊ ေျမေပၚ ပိုင္းတြင္ ရွိေနၿပီး ေျမထဲသို႔ နက္နက္ ထိုးဆင္းမႈ မရွိၾကပါ။ ပန္းပြင့္ မ်ားသည္ ကန္ေတာ့ပုံ ပြင့္ဖတ္မ်ား ပါၿပီး၊
အေမႊးရနံ႔ ရွိသည္။ ပန္းပြင့္ အျဖဴေရာင္တြင္ ဖေယာင္းလႊာ ဖုံးအုပ္ေနၿပီး၊ ပန္းပြင့္ အရွည္မွာ ၂၅ မီလီမီတာ ခန္႔ရွိသည္။ အဖို ဝတ္မႈန္
ေျခာက္ခု ပါၿပီး အေစ့အိမ္သုံးခု ပါသည္။ အေစ့ေလာင္း မ်ားစြာပါဝင္ ေနၿပီး၊ အသီးမွာ ကက္ပဆူး ျဖစ္သည္။ပန္းပြင့္ မ်ားသည္ အခိုင္
လိုက္ပြင့္ ၾကၿပီး ပန္းခိုင္ တစ္ခိုင္လၽွင္ ပန္းပြင့္ ၃၀ ခန္႔ထိပါႏိုင္သည္။
ျဖစ္ထြန္းသည့္ရာသီဥတု
ႏွင္းပန္းသည္ ပူေႏြး စြတ္စိုသည့္ ရာသီကို ႀကိဳက္ႏွစ္သက္ကာ အပူခ်ိန္ ၁၆ ဒီဂရီ ဆဲလ္စီးယပ္မွ ၃၀ ဒီဂရီ ဆဲလ္စီးယပ္ အတြင္း စိုက္
ပ်ိဳး ျဖစ္ထြန္း ႏုိင္သည္။ ပင္လယ္ျပင္မွ အျမင့္ ၁,၂၀၀ မီတာမွ ၁,၅၀၀ မီတာ အျမင့္ထိ စိုက္ပ်ိဳး ႏုိင္သည္။ ႏွင္းပန္း ပန္းခိုင္ အထြက္အ
နည္း အမ်ားမွာ အစိုဓာတ္ႏွင့္ ေရေငြ ႕ဓာတ္မ်ားေပၚ မူတည္ေန ပါသည္။ အပူခ်ိန္ ၄၀ ဒီဂရီဆဲလ္ စီးယပ္ ထက္ျမင့္ပါက ပန္းခိုင္ အရည္
အေသြး ညံ့ကာ၊ ပန္းခိုင္ မရွည္ဘဲ တိုေန တတ္သည္။ ထို႔အတူ အပူခ်ိန္ နိမ့္ကာ ဆီးႏွင္းက်ပါ ကလည္း အပင္ႏွင့္ ပန္းပြင့္ မ်ားကို ထိ
ခိုက္ ပ်က္စီးေစ ပါသည္။ ႏွင္းပန္းသည္ ေနေရာင္ ေကာင္းစြာ ရရွိမႈကို ႀကိဳက္ႏွစ္သက္ ပါသည္။ ထို႔ေၾကာင့္ အရိပ္ က်သည့္ ေနရာ၊ အလင္းေရာင္ ေကာင္းစြာ မရႏိုင္သည့္ ေနရာ မ်ားတြင္ စိုက္ပ်ိဳး ပါက ပန္းခိုင္ အထြက္ သိသာစြာ ေလ်ာ့နည္း က်ဆင္း ပါသည္။
ႏွင္းပန္း ပင္သည္ အလင္းေရာင္ အတိုအရွည္ အေပၚ သိသာစြာတုန္႔ျပန္ မႈမရွိေသာ္လည္း ေန႔တာရွည္မႈက အပင္ ပိုင္းႀကီးထြားမႈ ပိုမို ေကာင္းမြန္ေစ သကဲ့သို႔ ပန္းခိုင္ေစာထြက္ေစကာ ပန္းခိုင္ပိုမိုရွည္ လာေစပါသည္။ တစ္ေန႔လင္းတာ ၁၆ နာရီ ရရွိပါက အပင္ႀကီး
ထြား မႈႏွင့္ ပန္းပြင့္ေစမႈ ကို အားေပးေစပါသည္။
မ်ိဳးမ်ား
ႏွင္းပန္း တြင္ မ်ိဳးေလးမ်ိဳး ခြဲျခား ထားသည္
၁။ တစ္ထပ္ပန္းမ်ိဳး (Single) ပန္းပြင့္ဖတ္ တစ္ထပ္ သာရွိၿပီး ရနံ ႔အထူး ေမႊးသည့္ မ်ိဳး၊ ဤမ်ိဳးကို ႏွင္းပန္း အဆီ ထုတ္လုပ္ ရာတြင္
အသုံး ျပဳသည္။ အဆီ သုည ဒသမ ၀၈ ရာခိုင္ႏႈန္းမွ သုည ဒသမ ၁၁ ရာခိုင္ႏႈန္းထိ ပါဝင္သည္ဟု ေျပာသည္။ ပန္းတစ္ ပြင့္ျခင္း ေႁခြ၍ ပန္းအလွ ဆင္ရာတြင္လည္း သုံးၾကသည္။
၂။ ႏွစ္ထပ္ ပန္းမ်ိဳး (Semi-double)၊ ပြင့္ဖတ္ ႏွစ္ထပ္မွ သုံးထပ္ထိ ရွိသည္။ ႏွင္းပန္းဆီ ထုတ္လုပ္ ရန္ႏွင့္ ျဖတ္ပန္း အျဖစ္ သုံးသည္။
၃။ ပြင့္ဖတ္ အထပ္ မ်ားစြာ ရွိ္သည့္ မ်ိဳး (Double)၊ ဤ မ်ိဳးတြင္ ပြင့္ဖတ္ သုံးခုထက္ ပါဝင္သည္။ ျဖတ္ပန္းႏွင့္ ပန္းခိုင္၊ ပန္းကုံးမ်ား ျပဳ
လုပ္သည္။
၄။ အ႐ြက္တြင္ ေရာင္စုံစင္းမ်ား ပါသည့္မ်ိဳး (Variegatedvariety)၊ ဤ မ်ိဳး၏ အ႐ြက္ မ်ားတြင္ အစိမ္းႏွင့္ အဝါေရာင္ ေဒါင္လိုက္အ
စင္းမ်ား ပါသည္။
ႀကိဳက္ႏွစ္သက္သည့္ ေျမအမ်ိဳးအစား
ႏွင္းပန္းသည္ အနည္းငယ္ ေရဝပ္ ေနမႈကိုပင္ ခံႏႈိင္ရည္ မရွိသျဖင့္ ေရမဝပ္သည့္ ေရစီးစိမ့္ မႈေကာင္းသည့္ ေျမမ်ားတြင္ စိုက္ပ်ိဳးရပါ
မည္။ သို႔ေသာ္ ႏွင္းပန္းပင္သည္ သဲဆန္ေသာ ေျမမွသည္ ႐ႊံ႕ေျမ အမ်ိဳးအစား အထိ စိုက္ပ်ိဳးႏိုင္ သကဲ့သို႔၊ ဆားေပါက္ေျမ၊ ဆားငံေျမ
မ်ား မွာပင္ စိုက္ပ်ိဳး ႏုိင္ပါသည္။သို႔ေသာ္ ႏွင္းပန္း စိုက္ပ်ိဳးရန္ အသင့္ေတာ္ဆုံး ေျမမ်ိဳးမွာ ေျမဆီ ဩဇာ ထက္သန္သည့္ ေျမအခ်ဥ္အ
ငံ ဓာတ္ ၆ ဒသမ ၅ မွ ၇ ဒသမ ၅ အတြင္းရွိ ေလဝင္ ေလထြက္ ေကာင္းမြန္သည့္ သဲႏုန္းေျမ အမ်ိဳးအစား ျဖစ္ပါသည္။
ေျမျပဳျပင္ျခင္း
စိုက္ပ်ိဳးမည့္ ေျမကို ေကာင္းစြာ ထယ္ထိုးျခင္း၊ ထြန္ေမႊျခင္းမ်ား ျပဳလုပ္ေပးကာ ေျမသား အနက္ ၄၅ စင္တီမီတာ ရသည္ထိ ျပဳျပင္ပါ။
ေကာင္းစြာ ေဆြးေနသည့္ ေျမေဆြး၊ သစ္ေဆြး ေျမဩဇာကို တစ္ဟက္ တာလၽွင္ တန္ငါးႏႈန္း ထည့္သြင္း ႏုိင္က အေကာင္းဆုံး ျဖစ္
သည္။
စိုက္ပ်ိဳးျခင္း
ႏွင္းပန္းဥ မ်ားကို အတန္းလိုက္ စိုက္ပ်ိဳးသင့္ ပါသည္။ အတန္း တစ္တန္းႏွင့္ တစ္တန္း ၾကား ၃၀ စင္တီႏွင့္ အပင္ တစ္ပင္ႏွင့္ တစ္ပင္
ၾကား ၂၀ စင္တီ၊ သို႔မဟုတ္ အတန္းၾကားႏွင့္ အပင္ၾကား ၂၀ စင္တီမီတာ ပတ္လည္ ထား၍ စိုက္ပ်ိဳးသင့္ ပါသည္။ ႏွင္း ပန္းဥ မ်ားကို
ေျမေအာက္ အနက္ ေလးစင္တီ မီတာမွ ေျခာက္စင္တီ မီတာခန္႔ ထား၍ ျမႇဳပ္ စိုက္ပါ။ တစ္ဧက လၽွင္ အပင္ ၄၀,၀၀၀ မွ ၅၀,၀၀၀ ခန္႔
ဝင္ဆံ့ မည္ျဖစ္ ပါသည္။
မ်ိဳးပြားျခင္း
ႏွင္းပန္း ပင္ကို ဥမွ မ်ိဳးပြား ပါသည္။ ဥအ႐ြယ္ ၁ ဒသမ ၅ စင္တီ မီတာမွ ၂ ဒသမ ၅ စင္တီ မီတာ အ႐ြယ္ဥ မ်ားကို ရယူ စိုက္ပ်ိဳး ၾကသ
ျဖင့္ စိုက္ပ်ိဳးေျမ တစ္ဟက္တာ အတြက္ ႏွင္းပန္း မ်ိဳးဥ ၁ ဒသမ ၂၅ သိန္းမွ ၁ ဒသမ ၅ သိန္း၊ ႏွင္းပန္းဥ အေလးခ်ိန္ ၈၀၀ ကီလိုဂရမ္မွ
၉၀၀ ကီလို ဂရမ္ခန္႔ လိုအပ္သည္။
ႏွင္းပန္းဥမ်ား မစိုက္မီ ေဆးစီရင္ျခင္း
ႏွင္းပန္း ဥမ်ားကို မစိုက္မီ ေကာင္းစြာ သန္႔စင္ေပးၿပီး၊ ျပင္းအား သုည ဒသမ ၂ ရာခိုင္ႏႈန္း ျပင္းအားရွိ (Bavistin) ေဆးတြင္ ၃၀ မိနစ္
စိမ္ပါ။ ဥမ်ားကို ေလးရာခိုင္ႏႈန္း ျပင္း အားရွိ (Thiourea) ေဆးရည္တြင္ စိမ္ေပးျခင္း ျဖင့္ ဥမ်ား အနားယူ ေနမႈ (Resting period) ကို
ပယ္ဖ်က္ ေပးႏိုင္ ပါသည္၊ မစိုက္ပ်ိဳးမီ ဥမ်ားကို အပူခ်ိန္ ၁၀ ဒီဂရီစင္တီ ဂရိတ္တြင္ ၃၀ ရက္ထား ေပးျခင္းျဖင့္ အပင္ ႀကီးထြားမႈ ပိုမို
ေကာင္းမြန္ ေစကာ၊ ပန္းခိုင္ ႀကီးထြားမႈ ေကာင္းမြန္ ေစၿပီး ပန္းခိုင္ အထြက္ႏႈန္းလည္း တိုးတက္ေစႏိုင္ ပါသည္။ မစိုက္ပ်ိဳးမီ ဥမ်ားကို
(GA3, Thiourea, Etherel) တို႔ျဖင့္ စီမံေပး ထားျခင္းျဖင့္ ပန္းခိုင္မ်ား ေစာထြက္ ေစမႈကို အားေပးျခင္း၊ ပန္းခိုင္ရွည္ အေရအတြက္ ပိုမိုရရွိေစျခင္းႏွင့္ ပန္းပြင့္ငယ္ အေရအတြက္ အမ်ားဆုံး ရရွိေစႏိုင္ ပါသည္။
စိုက္ပ်ိဳးခ်ိန္
ႏွင္းပန္းဥ မ်ားကို ေျမျပန္႔တြင္ မတ္လ ႏွင့္ ဧၿပီလ မ်ားတြင္ လည္းေကာင္း၊ ေတာင္ေပၚ ေဒသ မ်ားတြင္ ဧၿပီလႏွင့္ ေမလမ်ားတြင္လည္း
ေကာင္း စိုက္ပ်ိဳး ႏုိင္သည္။
စိုက္ပ်ိဳးျပဳစုျခင္းေျမဩဇာ
ႏွင္းပန္းဥ မ်ားကို ေျမတြင္ မစိုက္မီ သဘာ၀ ေျမဩဇာမ်ား ျဖစ္သည့္ သစ္႐ြက္ေဆြး၊ ႏြားေခ်း၊ ၾကက္ေခ်း ေဆြးမ်ား စသည္ တို႔ကို ရႏိုင္
သမၽွ စုေဆာင္း၍ ထြန္ယက္ ျပဳျပင္ထားသည့္ ေျမတြင္ တစ္မီတာ စတုရန္းလၽွင္ ၁၀ ကီလိုဂရမ္ႏႈန္းျဖင့္လည္းေကာင္း၊ တီစူပါႏွင့္ ပို
တက္ ဓာတ္ေျမဩဇာ မ်ားကို ၁၅ ဂရမ္ ႏႈန္းက်စီ ဥမစိုက္မီ ၁၅ ရက္အလို ခန္႔တြင္ ထည့္သြင္းေပး ထားပါ။ ႏိုက္ဒ႐ိုဂ်င္ ဓါတ္ ေျမဩဇာ
ကိုမူ တစ္စတုရန္း မီတာလၽွင္ ၁၅ ဂရမ္ႏႈန္းျဖင့္ သုံးႀကိမ္ခြဲ ေကၽြးေပးပါ။ သုံးပုံ တစ္ပုံကို ေျမျပဳျပင္ စဥ္တြင္ လည္းေကာင္း၊ သုံးပုံ တစ္ပုံ
ကို ဥမ်ား စိုက္ၿပီး ရက္ ၆၀ အၾကာတြင္ လည္းေကာင္း၊ က်န္သုံးပုံ တစ္ပုံကို ပန္းစတင္ ပြင့္ခ်ိန္ တြင္လည္းေကာင္း ထည့္သြင္းေကၽြးေပး
ပါ။
ေရေလာင္းျခင္း၊ ေပါင္းရွင္းျခင္း
ႏွင္းပန္း ဥမ်ား စိုက္ပ်ိဳး ရာတြင္ အပင္ေပါက္ ေကာင္းေစရန္ အတြက္ ဥမ်ား ေျမထဲသို႔ မစိုက္ပ်ိဳးမီ ေျမတြင္ အစိုဓာတ္ ေကာင္းစြာ ရရွိေန
ေစရန္ ေရေကာင္းစြာ ေလာင္းေပး ထားပါ။ ဥမွ အပင္ေပါက္ လာသည္ထိ ေရထပ္ မေလာင္း ပါႏွင့္၊ ဥမွ အပင္ ေပါက္လာ ၿပီးေနာက္ပိုင္း
ေျမတြင္ အစိုဓာတ္ မျပတ္ ေစရန္ ေရကို တစ္ပတ္ တစ္ႀကိမ္က် ေလာင္းပါ။ ရာသီေအး ပါက ၁၀ ရက္ တစ္ႀကိမ္သာ ေလာင္းေပးပါ။
အပင္ တန္းၾကား လက္ေပါင္း လိုက္ျခင္းကို တစ္လ တစ္ႀကိမ္ခန္႔ ေဆာင္႐ြက္ပါ။ ေပါင္းသတ္ေဆး သုံးမည္ဆို ပါက စိုက္ခင္း တစ္ဟက္
တာအတြက္ (Atrazine) ေဆးကို တစ္ကီလိုဂရမ္မွ ၁ ဒသမ ၅ ကီလိုဂရမ္ကို ေရ ၁၀၀၀ လီတာတြင္ ေဖ်ာ္ၿပီး ႏွင္းပန္းဥမ်ား စိုက္ပ်ိဳးၿပီး
ေနာက္ ေျမေပၚပက္ ဖ်န္းေပးပါ။
ပန္းခူးျခင္း
ႏွင္းပန္း ဥမ်ား စိုက္ပ်ိဳးၿပီး ေနာက္ရက္ ၈၀ မွ ရက္ ၁၀၀ ၾကာေသာ္ ပန္းစတင္ပြင့္ ပါသည္။ အမ်ား အားျဖင့္ ဂ်ဴလိုင္လမွ စတင္ ပန္းပြင့္
ပါသည္။ ႏွင္းပန္း သည္ ႏွစ္လုံး ေပါက္ပန္းပြင့္ႏိုင္သည့္ အပင္မ်ိဳး ျဖစ္ပါသည္။ ပန္းခိုင္မွ လက္ရင္း ပန္းပြင့္မ်ား စတင္ပြင့္ လာေသာ္
႐ိုးတံရင္းမွ ဓား၊ သို႔မဟုတ္ ကတ္ေၾကးျဖင့္ ျဖတ္ယူပါ။ ပန္း ခိုင္မ်ားကို နံနက္ေစာေစာ၊ သို႔မဟုတ္ ညေန ခင္းပိုင္းတြင္သာ ခူးဆြတ္ပါ။ ပန္းခူးၿပီး ေနာက္ က်န္ခဲ့သည့္ဥမ်ား ေကာင္းစြာႀကီး ထြားဖြံ႕ၿဖိဳး လာေစရန္ အတြက္ ပန္းခိုင္ မ်ားကို ျဖတ္ယူရာတြင္ အရင္းပိုင္း ေလးစင္
တီ မီတာမွ ေျခာက္စင္ တီမီတာ ခန္႔ကို ခ်န္ျဖတ္ရန္ အေရးႀကီး ပါသည္။ ခူးဆြတ္ၿပီး ပန္းခိုင္မ်ား ၾကာရွည္ခံႏိုင္ ေစရန္ အတြက္ ျဖတ္ယူ
ထားသည့္ ပန္းခိုင္ အရင္းပိုင္းကို ခ်က္ျခင္း ေရတြင္ စိမ္ေပးထားပါ။ ပန္းပြင့္ တစ္ပြင့္ျခင္း သုံးရန္အတြက္မူ ေန႔စဥ္ပြင့္ေနသည့္ ပန္း မ်ား
ကို နံနက္ေစာေစာတစ္ပြင့္ျခင္း ခူးဆြတ္ရပါသည္။
ပန္းခိုင္အထြက္
ႏွင္းပန္း အထြက္မွာ စိုက္ပ်ိဳးသည့္ မ်ိဳးေပၚ မူတည္သည့္ အျပင္ စိုက္တန္းၾကားႏွင့္ အပင္တန္းၾကား အကြာအေဝးႏွင့္ စိုက္သည့္ ေဒသ
၏ ရာသီဥတု ေပၚတြင္ မူတည္ေန ပါသည္။ ပြင့္ဖတ္ တစ္ထပ္သာ ပြင့္သည့္ မ်ိဳးသည္ စိုက္ခင္း တစ္ဟက္တာမွ တစ္ႏွစ္လၽွင္ ပန္းခိုင္
ေလးသိန္းမွ ငါးသိန္းခန္႔ ရႏိုင္သည္။ တစ္ပြင့္ခ်င္း ခူးဆြတ္ပါက တစ္ဟက္တာမွ တစ္ႏွစ္ ၁၀ ဒသမ ၅ တန္ ခန္႔ ထြက္ႏိုင္သည္။ ႏွင္း
ပန္း စိုက္ခင္း တစ္ဟက္တာမွ စိုက္ပ်ိဳးၿပီး သုံးႏွစ္ၾကာေသာ္ ႏွင္းပန္းဥ ၂၀ တန္ခန္႔ ရရွိႏိုင္ပါသည္။
ႏွင္းပန္းဥတူးျခင္း
ပန္းခိုင္ထြက္မႈ မရွိေတာ့ဘဲ အပင္မွ အ႐ြက္မ်ား ဝါ၍ ေျခာက္လာေသာ္ ႏွင္းပန္း ဥမ်ား ရင့္လာၿပီျဖစ္ ပါသည္။ အမ်ားအား ျဖင့္ ေအးျမ
သည့္ ေဆာင္းရာသီ၊ ေဖေဖာ္ ဝါရီလႏွင့္ မတ္လ မ်ားတြင္ ျဖစ္ပါသည္။ ထို အခ်ိန္တြင္ ေရျဖတ္ ေပးကာ ေျမကို ေျခာက္ေသြ႕ေန ေစရန္ ထားပါ။ ေျမေပၚပိုင္း ေျခာက္လာေသာ္ အ႐ြက္ မ်ားကို ေျမႀကီး အရင္းမွ ကပ္၍ ျဖတ္ေပး ၿပီးေနာက္ ဥမ်ားကို တူးေဖာ္ ယူပါ။ ဥမ်ားကို
ေျမေပၚသို႔ ဆြဲယူၿပီး ေနာက္ ဥတြင္ ပက္ပါ လာသည့္ ေျမမ်ားကို ေျပာင္စင္ေအာင္ ခါခ်ပါ။ လက္ျဖင့္ ဥအတြဲ ငယ္မ်ား ရလာေစရန္ ဥၿမဳံ
မွ ခြဲေပးၿပီးေနာက္ ရာသီစိုက္ႏိုင္ရန္ ျပဳျပင္ထားပါ။ တူးေဖာ္ရရွိလာသည့္ ဥမ်ားကို ဥအ႐ြယ္အလိုက္ အတန္းအစား ခြဲထားပါ။ ဥအခ်င္း
၁ ဒသမ ၅ စင္တီမီတာ ထက္ႀကီး ပါက အ႐ြယ္ေရာက္ ဥအျဖစ္ လည္းေကာင္း၊ သူ႕ထက္ ငယ္သည့္ ဥမ်ားကို အ႐ြယ္ မရင့္ ေသးသည့္ ဥမ်ား အျဖစ္လည္းေကာင္း ခြဲျခားထားပါ။
အတန္းအစား ခြဲထားသည့္ ေျခာက္ေနသည့္ ဥမ်ားကို တန္းမ်ားျဖင့္ ျဖန္႔၍ ဥမ်ားရင့္၍ ေျခာက္လာ ေစရန္ႏွင့္ မပ်က္စီး ေစရန္ သို
ေလွာင္ ထားပါ။ ပို၍ လ်င္ျမန္စြာ ရင့္ေျခာက္ ေစလိုေသာ္ အပူခ်ိန္ ၂၇ ဒီဂရီ စင္တီ ဂရိတ္မွ ၃၅ ဒီဂရီ စင္တီ ဂရိတ္ ေပးပါ။ ဥမ်ားကို သုံးရက္ တစ္ခါ မႈိတက္၍ ပ်က္စီး မသြား ေစရန္ ေမႊေပးပါ၊ သို႔မဟုတ္ အထက္ ေအာက္လွန္ ေပးပါ။ ဥမ်ား မပုပ္ေစ ရန္အတြက္ သုည
ဒသမ ၂ ရာခိုင္ႏႈန္း (Vabistan)၊ သို႔မဟုတ္(Mancozeb) မႈန္႔ျဖင့္ လူးနယ္ ထားေပးႏိုင္ ပါသည္။ ဥမ်ားကို အပူခ်ိန္ ၁၈ ဒီဂရီ စင္တီဂ
ရိတ္တြင္ ရက္သတၱပတ္ ေလးပတ္မွ ေျခာက္ပတ္၊ သို႔မဟုတ္ ၃၀ ဒီဂရီ စင္တီဂရိတ္ တြင္ ေျခာက္ပတ္ ထားပါက ဥမ်ား ေကာင္းစြာ ရင့္
က်က္ လာေစကာ ဥထြက္ ေကာင္းေစၿပီး ေရာင္းတန္း ဝင္ဥမ်ား ရေစ ႏုိင္သည္။ ဥမ်ားကို ၃၀ ဒီဂရီ စင္တီဂရိတ္ တြင္ အခ်ိန္ၾကာ
ေလွာင္ထား ပါက ပန္းခိုင္ အထြက္ေကာင္း ေစႏိုင္ ေသာ္လည္း၊ ပန္း ခိုင္အရည္အေသြးညံ့ကာ၊ ဥထြက္ ေလ်ာ့နည္းေစ ပါသည္။
ႏွင္းပန္း ဆီထုတ္ျခင္း
ႏွင္းပန္းပြင့္ မ်ားမွ ႏွင္းပန္း ဆီထုတ္ရန္ ပြင့္အာမေန ေသးသည့္ ပြင့္စပန္း ပြင့္မ်ားကို ႏြမ္းသြားေစရန္ အတြက္ လက္ျဖင့္ ေကာင္းစြာေျခ
နယ္ ေပးပါ။ ထို႔ေနာက္ (Pet- roleum ether) တြင္ ေပ်ာ္ဝင္ ေစသည့္နည္း ျဖင့္ ထုတ္ႏိုင္ ပါသည့္ ပန္းပြင့္ ၁၅၀ မွ လက္ျဖင့္ေျခနယ္ၿပီး
အဖတ္မွ အဆီ ၁၁ ရာခိုင္ႏႈန္း မွ ၁၅ ရာခိုင္ႏႈန္း ပါဝင္သည့္ အရည္ တစ္ကီလို ဂရမ္ခန္႔ ရပါသည္။ ( ) ျဖင့္ ထုတ္ေသာ္ အဆီၾကမ္း သု
ည ဒသမ ၀၈ ရာခိုင္ႏႈန္းမွ သုည ဒသမ ၁၄ ရာခိုင္ႏႈန္း ရကာ၊ ၎မွ ႏွင္းပန္း အဆီသုံး ရာခိုင္ႏႈန္းမွ ေလး ရာခိုင္ႏႈန္း ရႏိုင္ပါသည္။
ႏွင္းပန္း စိုက္ခင္း တစ္ဟက္တာမွ သုံးႏွစ္ အတြင္း ပန္းပြင့္ သုံးတန္ ခန္႔ထြက္ကာ၊ အဆီၾကမ္း ၂၇ ဒသမ ၅ ကီလိုဂရမ္ရရွိႏိုင္ၿပီး အဆီ
၅ ဒသမ ၅ ကီလို ဂရမ္ ရႏိုင္ ပါသည္။ ႏွင္းပန္း တစ္ဟက္တာ စိုက္ခင္းမွ ပန္းပြင့္ ၁၂ တန္ထိ ထြက္ႏိုင္သည္။
ႏွင္းပန္း ပင္တြင္ က်ေရာက္ တတ္သည့္ ပိုးႏွင့္ ေရာဂါမ်ား
၁။ပိုးမ်ား
ႏွင္းပန္း ပင္တြင္ အဓိက က်ေရာက္ သည့္ ပိုးမ်ားမွာ သရစ္ပိုး (Thrips)၊ ပ်ပိုး (Aphids) ႏွင့္ ဆန္ပိုး (Weevil) တို႔ျဖစ္ ပါသည္။ ပန္းဖူး ထိုးပိုး (Bud Borer) လည္းက် ေရာက္တတ္ ပါသည္။ က်ေရာက္သည့္ ပိုးကို ႏွိမ္နင္းႏိုင္သည့္ သတ္မွတ္ ေပးထားေသာ ပိုးသတ္ေဆး
မ်ားကို အသုံးျပဳ ႏွိမ္နင္း ႏိုင္ပါသည္။
၂။နီမတုတ္
ႏွင္းပန္း ပင္တြင္ နီမတုတ္မ်ား က်ေရာက္ ဖ်က္ဆီး ႏုိင္ၿပီး အပင္ ပ်က္စီးကာ ပန္းခိုင္ အထြက္ကို အထူးထိခိုက္ ေစႏိုင္ပါသည္။ ႏွင္းပန္း
ပင္တြင္ ျမစ္ဖုနီ မတုတ္ (Root-knot nematode) ႏွင့္ အသဲပုံနီ မတုတ္ (Reniform nematode) တို႔ က်ေရာက္ ႏုိင္ၿပီး၊ ကာကြယ္ရန္
အတြက္ ဖ်ဴရာဒန္ေဆး (Furadon) ကို တစ္ပင္ ႏွစ္ဂရမ္ႏႈန္း ထည့္ေပးျခင္း၊ သို႔မဟုတ္ ကာဘိုဖ်ဴရန္ (Carbofuran) ကို တစ္ဟက္တာ
တြင္ ႏွစ္ကီလို ဂရမ္မွ ငါးကီလို ဂရမ္ႏႈန္း၊ သို႔မဟုတ္ တမာဖတ္ကို တစ္ဟက္တာတြင္ တစ္တန္ထည့္ သြင္းေပး ျခင္းျဖင့္ ကာကြယ္ႏိုင္
ပါသည္။
၃။ ေရာဂါမ်ား
ႏွင္းပန္း ပင္တြင္ ပန္းအဖူး ပုပ္ေရာဂါ (Flower budrot)၊ ႐ြက္ေျခာက္ေရာဂါ (Leaf blight) ႏွင့္ အ႐ြက္ေပ်ာက္ ေရာဂါ (Alternaria
Leaf spot မ်ား က်ေရာက္ တတ္ပါသည္။ က်ေရာက္ တတ္သည့္ ေရာဂါ မ်ားကို မက် ေရာက္မီ သင့္ေတာ္သည့္ မႈိသတ္ ေဆးမ်ားကို
အသုံးျပဳ ႀကိဳတင္ ကာကြယ္ႏိုင္ ပါသည္။
- ေဒါက္တာ စိန္လွဗုိလ္
(The farmar journal)
Unicode
နှင်းပန်း စိုက်ပြီး ရေမွှေး ထုတ်ကြစို့
နှင်းပန်း ဟာ
မြန်မာများ ဘုရား ပန်းအဖြစ် အသုံးပြု ကြတဲ့ ပန်းတစ်မျိုးပါ။ စိုက်ပျိုးရ လွယ်ကူ သလို အကြမ်းခံတဲ့ အပင်လည်း ဖြစ်ပါတယ်။
သို့သော် နိုင်ငံ တစ်နံ တစ်လျား အသုံးပြု နေတဲ့ ပန်းအဖြစ် မတွေ့ရဘဲ၊ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများ မှာသာ အသုံး များတာ
ကိုတွေ့ရ ပါတယ်။
နှင်းပန်းကို အင်္ဂလိပ်လို (Tuberose) လို့ခေါ်ပြီး၊ မျိုးစု အမည်မှာ (Polianthes) ဖြစ်ကာ မျိုးစိတ် အမည်မှာ (tuberosa) ဖြစ်ပါတယ်။ ဒါ့ကြောင့် သိပ္ပံ အမည်မှာ (Polianthes tuberose L.) ဖြစ် ပါတယ်။ မျိုးရင်းကတော့ (Polianthes tuberose L.) ဖြစ်ပါတယ်။
နှင်းပန်းရဲ့ မူရင်း ဒေသဟာ မက္ကစီကို နိုင်ငံ ဖြစ်ပြီး ၁၆ ရာစုနှစ်များ အတွင်း ကမ္ဘာ့ နေရာအနှံ့ကို ပြန့်နှံ့သွားခဲ့ ပါတယ်။ မြန်မာနိုင်ငံကို
တော့ ၁၆ ရာစု နှစ်များ အတွင်း ရောက်ရှိလာ ခဲ့တယ်လို့ ယူဆရ ပါတယ်။
အသုံးပြုမှု
နှင်းပန်းကို ဘုရားပန်း တင်ခြင်း၊ ပန်းစည်း၊ ပန်းခိုင်များ ပြုလုပ်ခြင်း၊ ကုတ် အကျႌတွင် ပန်းထိုးခြင်း စသည် တို့တွင် သုံးကြသည်။ စားပွဲ
တင်ပန်း အဖြစ်လည်း သုံးသည်။ နှင်းပန်းတွင် သင်းပျံ့သည့် ရနံ့ရှိသည့် အတွက် နှင်းပန်းဆီ ထုတ်လုပ်ကာ ရေမွှေး ဖော်စပ် ရာတွင် အသုံးပြု ကြပါသည်။ တခြားသော အလှကုန် များတွင်လည်း ထည့်သွင်း အသုံးပြုနိုင် ပါသည်။ ထို့ပြင် ချောကလက် အခြေခံ ထုတ်
လုပ် သည့် အားဖြည့် ဖျော်ရည်များ၊ စိတ်ဓာတ် လှုံ့ဆော်သည့် ဆေးများတွင် ပန်းရနံ့ကို ထည့်သွင်း အသုံးပြုနိုင် ပါသည်။ နှင်း ပန်းဥ
တွင် (Lycorine) ဓာတ်ပါဝင် သည့်အတွက် စားသုံး မိပါက အော့အန် တတ်သည်။ ကလေးများ၏ အသားပေါ်တွင် ပေါက်တတ်သည့် အနီဖုများ ပျောက် ကင်းစေရန် နှင်းပန်းဥကို ထောပတ်၊ နနွင်း တို့နှင့် လူးနယ်ကာ သုတ်လိမ်း ပေးနိုင်သည်။ အခြောက်ခံ ထားသည့်
နှင်းပန်းဥကို အမှုန့်ပြုလုပ်၍ ဂနိုရောဂါ ပျောက်ကင်း စေရန် သုံးသည်။ ဂျာဗား ကျွန်းတွင် နှင်းပန်း ပွင့်များကို ဟင်းသီး ဟင်းရွက်ရည်
များနှင့် အတူ စားသုံး ကြသည်။
စိုက်ပျိုးထုတ်လုပ်မှု
ကမ္ဘာ ပေါ်တွင် နှင်းပန်းကို ပြင်သစ် နိုင်ငံ၊ တောင်အာဖရိက နိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၏ ကာရို မြောက်ကာ ရိုလိုင်း နားပြည်
နယ်နှင့် အိန္ဒိယနိုင်ငံ အပါအဝင် အပူပိုင်းနှင့် အပူလျော့ပိုင်း နိုင်ငံများတွင် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်ကြောင်း တွေ့ရ ပါသည်။
အိန္ဒိယနိုင်ငံ သည် နှင်းပန်းကို များစွာ အသုံးပြု ကြပြီး စီးပွား ဖြစ်လည်း စိုက်ပျိုး ကြပါသည်။ မြန်မာ နိုင်ငံတွင် နှင်းပန်းကို စိုက်ပျိုး
ကြသော် လည်း ကျယ်ပြန့်စွာအသုံး ပြုမှု မရှိသေးပါ။ စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်ကာ နှင်းပန်းဆီ ထုတ်လုပ်၍ အလှကုန် လုပ်ငန်း
သုံးကုန်ကြမ်း အဖြစ်ပါ ရောင်းချ နိုင်သည့် အတွက် အိန္ဒိယ နိုင်ငံတွင် စိုက်ပျိုး ပြုပြင် ရောင်းချ နေမှုများကို အခြေခံကာ နှင်း
ပန်း စိုက်ပျိုးမှုကို ဖော်ပြလိုက် ပါသည်။
အပင်သွင်ပြင်လက္ခဏာများ
နှင်းပန်းပင်သည် အသင့်အတင့် အကြမ်းခံ နိုင်သည့် နှစ်ရှည်ခံ ဥပင်မျိုး ဖြစ်သည်။ နှင်းပန်း ဥသည် ကြက်သွန်ဖြူဥ ကဲ့သို့သော်
အကြေးရွက် များပါသည့် ဥ အမျိုးအစား ဖြစ်ကာ၊ ပင်စည်ကို အကြေးရွက် များဖြင့် ဖုံးအုပ် ထားသည်။ အမြစ်များ မှာမူ ခြားမြစ်များ
ဖြစ်ကြကာ၊ မြေပေါ် ပိုင်းတွင် ရှိနေပြီး မြေထဲသို့ နက်နက် ထိုးဆင်းမှု မရှိကြပါ။ ပန်းပွင့် များသည် ကန်တော့ပုံ ပွင့်ဖတ်များ ပါပြီး၊
အမွှေးရနံ့ ရှိသည်။ ပန်းပွင့် အဖြူရောင်တွင် ဖယောင်းလွှာ ဖုံးအုပ်နေပြီး၊ ပန်းပွင့် အရှည်မှာ ၂၅ မီလီမီတာ ခန့်ရှိသည်။ အဖို ဝတ်မှုန်
ခြောက်ခု ပါပြီး အစေ့အိမ်သုံးခု ပါသည်။ အစေ့လောင်း များစွာပါဝင် နေပြီး၊ အသီးမှာ ကက်ပဆူး ဖြစ်သည်။ပန်းပွင့် များသည် အခိုင်
လိုက်ပွင့် ကြပြီး ပန်းခိုင် တစ်ခိုင်လျှင် ပန်းပွင့် ၃၀ ခန့်ထိပါနိုင်သည်။
ဖြစ်ထွန်းသည့်ရာသီဥတု
နှင်းပန်းသည် ပူနွေး စွတ်စိုသည့် ရာသီကို ကြိုက်နှစ်သက်ကာ အပူချိန် ၁၆ ဒီဂရီ ဆဲလ်စီးယပ်မှ ၃၀ ဒီဂရီ ဆဲလ်စီးယပ် အတွင်း စိုက်
ပျိုး ဖြစ်ထွန်း နိုင်သည်။ ပင်လယ်ပြင်မှ အမြင့် ၁,၂၀၀ မီတာမှ ၁,၅၀၀ မီတာ အမြင့်ထိ စိုက်ပျိုး နိုင်သည်။ နှင်းပန်း ပန်းခိုင် အထွက်အ
နည်း အများမှာ အစိုဓာတ်နှင့် ရေငွေ့ဓာတ်များပေါ် မူတည်နေ ပါသည်။ အပူချိန် ၄၀ ဒီဂရီဆဲလ် စီးယပ် ထက်မြင့်ပါက ပန်းခိုင် အရည်
အသွေး ညံ့ကာ၊ ပန်းခိုင် မရှည်ဘဲ တိုနေ တတ်သည်။ ထို့အတူ အပူချိန် နိမ့်ကာ ဆီးနှင်းကျပါ ကလည်း အပင်နှင့် ပန်းပွင့် များကို ထိ
ခိုက် ပျက်စီးစေ ပါသည်။ နှင်းပန်းသည် နေရောင် ကောင်းစွာ ရရှိမှုကို ကြိုက်နှစ်သက် ပါသည်။ ထို့ကြောင့် အရိပ် ကျသည့် နေရာ၊ အလင်းရောင် ကောင်းစွာ မရနိုင်သည့် နေရာ များတွင် စိုက်ပျိုး ပါက ပန်းခိုင် အထွက် သိသာစွာ လျော့နည်း ကျဆင်း ပါသည်။
နှင်းပန်း ပင်သည် အလင်းရောင် အတိုအရှည် အပေါ် သိသာစွာတုန့်ပြန် မှုမရှိသော်လည်း နေ့တာရှည်မှုက အပင် ပိုင်းကြီးထွားမှု ပိုမို ကောင်းမွန်စေ သကဲ့သို့ ပန်းခိုင်စောထွက်စေကာ ပန်းခိုင်ပိုမိုရှည် လာစေပါသည်။ တစ်နေ့လင်းတာ ၁၆ နာရီ ရရှိပါက အပင်ကြီး
ထွား မှုနှင့် ပန်းပွင့်စေမှု ကို အားပေးစေပါသည်။
မျိုးများ
နှင်းပန်း တွင် မျိုးလေးမျိုး ခွဲခြား ထားသည်
၁။ တစ်ထပ်ပန်းမျိုး (Single) ပန်းပွင့်ဖတ် တစ်ထပ် သာရှိပြီး ရနံ့အထူး မွှေးသည့် မျိုး၊ ဤမျိုးကို နှင်းပန်း အဆီ ထုတ်လုပ် ရာတွင်
အသုံး ပြုသည်။ အဆီ သုည ဒသမ ၀၈ ရာခိုင်နှုန်းမှ သုည ဒသမ ၁၁ ရာခိုင်နှုန်းထိ ပါဝင်သည်ဟု ပြောသည်။ ပန်းတစ် ပွင့်ခြင်း ခြွေ၍ ပန်းအလှ ဆင်ရာတွင်လည်း သုံးကြသည်။
၂။ နှစ်ထပ် ပန်းမျိုး (Semi-double)၊ ပွင့်ဖတ် နှစ်ထပ်မှ သုံးထပ်ထိ ရှိသည်။ နှင်းပန်းဆီ ထုတ်လုပ် ရန်နှင့် ဖြတ်ပန်း အဖြစ် သုံးသည်။
၃။ ပွင့်ဖတ် အထပ် များစွာ ရှိသည့် မျိုး (Double)၊ ဤ မျိုးတွင် ပွင့်ဖတ် သုံးခုထက် ပါဝင်သည်။ ဖြတ်ပန်းနှင့် ပန်းခိုင်၊ ပန်းကုံးများ ပြု
လုပ်သည်။
၄။ အရွက်တွင် ရောင်စုံစင်းများ ပါသည့်မျိုး (Variegatedvariety)၊ ဤ မျိုး၏ အရွက် များတွင် အစိမ်းနှင့် အဝါရောင် ဒေါင်လိုက်အ
စင်းများ ပါသည်။
ကြိုက်နှစ်သက်သည့် မြေအမျိုးအစား
နှင်းပန်းသည် အနည်းငယ် ရေဝပ် နေမှုကိုပင် ခံနှိုင်ရည် မရှိသဖြင့် ရေမဝပ်သည့် ရေစီးစိမ့် မှုကောင်းသည့် မြေများတွင် စိုက်ပျိုးရပါ
မည်။ သို့သော် နှင်းပန်းပင်သည် သဲဆန်သော မြေမှသည် ရွှံ့မြေ အမျိုးအစား အထိ စိုက်ပျိုးနိုင် သကဲ့သို့၊ ဆားပေါက်မြေ၊ ဆားငံမြေ
များ မှာပင် စိုက်ပျိုး နိုင်ပါသည်။သို့သော် နှင်းပန်း စိုက်ပျိုးရန် အသင့်တော်ဆုံး မြေမျိုးမှာ မြေဆီ ဩဇာ ထက်သန်သည့် မြေအချဉ်အ
ငံ ဓာတ် ၆ ဒသမ ၅ မှ ၇ ဒသမ ၅ အတွင်းရှိ လေဝင် လေထွက် ကောင်းမွန်သည့် သဲနုန်းမြေ အမျိုးအစား ဖြစ်ပါသည်။
မြေပြုပြင်ခြင်း
စိုက်ပျိုးမည့် မြေကို ကောင်းစွာ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းများ ပြုလုပ်ပေးကာ မြေသား အနက် ၄၅ စင်တီမီတာ ရသည်ထိ ပြုပြင်ပါ။
ကောင်းစွာ ဆွေးနေသည့် မြေဆွေး၊ သစ်ဆွေး မြေဩဇာကို တစ်ဟက် တာလျှင် တန်ငါးနှုန်း ထည့်သွင်း နိုင်က အကောင်းဆုံး ဖြစ်
သည်။
စိုက်ပျိုးခြင်း
နှင်းပန်းဥ များကို အတန်းလိုက် စိုက်ပျိုးသင့် ပါသည်။ အတန်း တစ်တန်းနှင့် တစ်တန်း ကြား ၃၀ စင်တီနှင့် အပင် တစ်ပင်နှင့် တစ်ပင်
ကြား ၂၀ စင်တီ၊ သို့မဟုတ် အတန်းကြားနှင့် အပင်ကြား ၂၀ စင်တီမီတာ ပတ်လည် ထား၍ စိုက်ပျိုးသင့် ပါသည်။ နှင်း ပန်းဥ များကို
မြေအောက် အနက် လေးစင်တီ မီတာမှ ခြောက်စင်တီ မီတာခန့် ထား၍ မြှုပ် စိုက်ပါ။ တစ်ဧက လျှင် အပင် ၄၀,၀၀၀ မှ ၅၀,၀၀၀ ခန့်
ဝင်ဆံ့ မည်ဖြစ် ပါသည်။
မျိုးပွားခြင်း
နှင်းပန်း ပင်ကို ဥမှ မျိုးပွား ပါသည်။ ဥအရွယ် ၁ ဒသမ ၅ စင်တီ မီတာမှ ၂ ဒသမ ၅ စင်တီ မီတာ အရွယ်ဥ များကို ရယူ စိုက်ပျိုး ကြသ
ဖြင့် စိုက်ပျိုးမြေ တစ်ဟက်တာ အတွက် နှင်းပန်း မျိုးဥ ၁ ဒသမ ၂၅ သိန်းမှ ၁ ဒသမ ၅ သိန်း၊ နှင်းပန်းဥ အလေးချိန် ၈၀၀ ကီလိုဂရမ်မှ
၉၀၀ ကီလို ဂရမ်ခန့် လိုအပ်သည်။
နှင်းပန်းဥများ မစိုက်မီ ဆေးစီရင်ခြင်း
နှင်းပန်း ဥများကို မစိုက်မီ ကောင်းစွာ သန့်စင်ပေးပြီး၊ ပြင်းအား သုည ဒသမ ၂ ရာခိုင်နှုန်း ပြင်းအားရှိ (Bavistin) ဆေးတွင် ၃၀ မိနစ်
စိမ်ပါ။ ဥများကို လေးရာခိုင်နှုန်း ပြင်း အားရှိ (Thiourea) ဆေးရည်တွင် စိမ်ပေးခြင်း ဖြင့် ဥများ အနားယူ နေမှု (Resting period) ကို
ပယ်ဖျက် ပေးနိုင် ပါသည်၊ မစိုက်ပျိုးမီ ဥများကို အပူချိန် ၁၀ ဒီဂရီစင်တီ ဂရိတ်တွင် ၃၀ ရက်ထား ပေးခြင်းဖြင့် အပင် ကြီးထွားမှု ပိုမို
ကောင်းမွန် စေကာ၊ ပန်းခိုင် ကြီးထွားမှု ကောင်းမွန် စေပြီး ပန်းခိုင် အထွက်နှုန်းလည်း တိုးတက်စေနိုင် ပါသည်။ မစိုက်ပျိုးမီ ဥများကို
(GA3, Thiourea, Etherel) တို့ဖြင့် စီမံပေး ထားခြင်းဖြင့် ပန်းခိုင်များ စောထွက် စေမှုကို အားပေးခြင်း၊ ပန်းခိုင်ရှည် အရေအတွက် ပိုမိုရရှိစေခြင်းနှင့် ပန်းပွင့်ငယ် အရေအတွက် အများဆုံး ရရှိစေနိုင် ပါသည်။
စိုက်ပျိုးချိန်
နှင်းပန်းဥ များကို မြေပြန့်တွင် မတ်လ နှင့် ဧပြီလ များတွင် လည်းကောင်း၊ တောင်ပေါ် ဒေသ များတွင် ဧပြီလနှင့် မေလများတွင်လည်း
ကောင်း စိုက်ပျိုး နိုင်သည်။
စိုက်ပျိုးပြုစုခြင်းမြေဩဇာ
နှင်းပန်းဥ များကို မြေတွင် မစိုက်မီ သဘာ၀ မြေဩဇာများ ဖြစ်သည့် သစ်ရွက်ဆွေး၊ နွားချေး၊ ကြက်ချေး ဆွေးများ စသည် တို့ကို ရနိုင်
သမျှ စုဆောင်း၍ ထွန်ယက် ပြုပြင်ထားသည့် မြေတွင် တစ်မီတာ စတုရန်းလျှင် ၁၀ ကီလိုဂရမ်နှုန်းဖြင့်လည်းကောင်း၊ တီစူပါနှင့် ပို
တက် ဓာတ်မြေဩဇာ များကို ၁၅ ဂရမ် နှုန်းကျစီ ဥမစိုက်မီ ၁၅ ရက်အလို ခန့်တွင် ထည့်သွင်းပေး ထားပါ။ နိုက်ဒရိုဂျင် ဓါတ် မြေဩဇာ
ကိုမူ တစ်စတုရန်း မီတာလျှင် ၁၅ ဂရမ်နှုန်းဖြင့် သုံးကြိမ်ခွဲ ကျွေးပေးပါ။ သုံးပုံ တစ်ပုံကို မြေပြုပြင် စဉ်တွင် လည်းကောင်း၊ သုံးပုံ တစ်ပုံ
ကို ဥများ စိုက်ပြီး ရက် ၆၀ အကြာတွင် လည်းကောင်း၊ ကျန်သုံးပုံ တစ်ပုံကို ပန်းစတင် ပွင့်ချိန် တွင်လည်းကောင်း ထည့်သွင်းကျွေးပေး
ပါ။
ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း
နှင်းပန်း ဥများ စိုက်ပျိုး ရာတွင် အပင်ပေါက် ကောင်းစေရန် အတွက် ဥများ မြေထဲသို့ မစိုက်ပျိုးမီ မြေတွင် အစိုဓာတ် ကောင်းစွာ ရရှိနေ
စေရန် ရေကောင်းစွာ လောင်းပေး ထားပါ။ ဥမှ အပင်ပေါက် လာသည်ထိ ရေထပ် မလောင်း ပါနှင့်၊ ဥမှ အပင် ပေါက်လာ ပြီးနောက်ပိုင်း
မြေတွင် အစိုဓာတ် မပြတ် စေရန် ရေကို တစ်ပတ် တစ်ကြိမ်ကျ လောင်းပါ။ ရာသီအေး ပါက ၁၀ ရက် တစ်ကြိမ်သာ လောင်းပေးပါ။
အပင် တန်းကြား လက်ပေါင်း လိုက်ခြင်းကို တစ်လ တစ်ကြိမ်ခန့် ဆောင်ရွက်ပါ။ ပေါင်းသတ်ဆေး သုံးမည်ဆို ပါက စိုက်ခင်း တစ်ဟက်
တာအတွက် (Atrazine) ဆေးကို တစ်ကီလိုဂရမ်မှ ၁ ဒသမ ၅ ကီလိုဂရမ်ကို ရေ ၁၀၀၀ လီတာတွင် ဖျော်ပြီး နှင်းပန်းဥများ စိုက်ပျိုးပြီး
နောက် မြေပေါ်ပက် ဖျန်းပေးပါ။
ပန်းခူးခြင်း
နှင်းပန်း ဥများ စိုက်ပျိုးပြီး နောက်ရက် ၈၀ မှ ရက် ၁၀၀ ကြာသော် ပန်းစတင်ပွင့် ပါသည်။ အများ အားဖြင့် ဂျူလိုင်လမှ စတင် ပန်းပွင့်
ပါသည်။ နှင်းပန်း သည် နှစ်လုံး ပေါက်ပန်းပွင့်နိုင်သည့် အပင်မျိုး ဖြစ်ပါသည်။ ပန်းခိုင်မှ လက်ရင်း ပန်းပွင့်များ စတင်ပွင့် လာသော်
ရိုးတံရင်းမှ ဓား၊ သို့မဟုတ် ကတ်ကြေးဖြင့် ဖြတ်ယူပါ။ ပန်း ခိုင်များကို နံနက်စောစော၊ သို့မဟုတ် ညနေ ခင်းပိုင်းတွင်သာ ခူးဆွတ်ပါ။ ပန်းခူးပြီး နောက် ကျန်ခဲ့သည့်ဥများ ကောင်းစွာကြီး ထွားဖွံ့ဖြိုး လာစေရန် အတွက် ပန်းခိုင် များကို ဖြတ်ယူရာတွင် အရင်းပိုင်း လေးစင်
တီ မီတာမှ ခြောက်စင် တီမီတာ ခန့်ကို ချန်ဖြတ်ရန် အရေးကြီး ပါသည်။ ခူးဆွတ်ပြီး ပန်းခိုင်များ ကြာရှည်ခံနိုင် စေရန် အတွက် ဖြတ်ယူ
ထားသည့် ပန်းခိုင် အရင်းပိုင်းကို ချက်ခြင်း ရေတွင် စိမ်ပေးထားပါ။ ပန်းပွင့် တစ်ပွင့်ခြင်း သုံးရန်အတွက်မူ နေ့စဉ်ပွင့်နေသည့် ပန်း များ
ကို နံနက်စောစောတစ်ပွင့်ခြင်း ခူးဆွတ်ရပါသည်။
ပန်းခိုင်အထွက်
နှင်းပန်း အထွက်မှာ စိုက်ပျိုးသည့် မျိုးပေါ် မူတည်သည့် အပြင် စိုက်တန်းကြားနှင့် အပင်တန်းကြား အကွာအဝေးနှင့် စိုက်သည့် ဒေသ
၏ ရာသီဥတု ပေါ်တွင် မူတည်နေ ပါသည်။ ပွင့်ဖတ် တစ်ထပ်သာ ပွင့်သည့် မျိုးသည် စိုက်ခင်း တစ်ဟက်တာမှ တစ်နှစ်လျှင် ပန်းခိုင်
လေးသိန်းမှ ငါးသိန်းခန့် ရနိုင်သည်။ တစ်ပွင့်ချင်း ခူးဆွတ်ပါက တစ်ဟက်တာမှ တစ်နှစ် ၁၀ ဒသမ ၅ တန် ခန့် ထွက်နိုင်သည်။ နှင်း
ပန်း စိုက်ခင်း တစ်ဟက်တာမှ စိုက်ပျိုးပြီး သုံးနှစ်ကြာသော် နှင်းပန်းဥ ၂၀ တန်ခန့် ရရှိနိုင်ပါသည်။
နှင်းပန်းဥတူးခြင်း
ပန်းခိုင်ထွက်မှု မရှိတော့ဘဲ အပင်မှ အရွက်များ ဝါ၍ ခြောက်လာသော် နှင်းပန်း ဥများ ရင့်လာပြီဖြစ် ပါသည်။ အများအား ဖြင့် အေးမြ
သည့် ဆောင်းရာသီ၊ ဖေဖော် ဝါရီလနှင့် မတ်လ များတွင် ဖြစ်ပါသည်။ ထို အချိန်တွင် ရေဖြတ် ပေးကာ မြေကို ခြောက်သွေ့နေ စေရန် ထားပါ။ မြေပေါ်ပိုင်း ခြောက်လာသော် အရွက် များကို မြေကြီး အရင်းမှ ကပ်၍ ဖြတ်ပေး ပြီးနောက် ဥများကို တူးဖော် ယူပါ။ ဥများကို
မြေပေါ်သို့ ဆွဲယူပြီး နောက် ဥတွင် ပက်ပါ လာသည့် မြေများကို ပြောင်စင်အောင် ခါချပါ။ လက်ဖြင့် ဥအတွဲ ငယ်များ ရလာစေရန် ဥမြုံ
မှ ခွဲပေးပြီးနောက် ရာသီစိုက်နိုင်ရန် ပြုပြင်ထားပါ။ တူးဖော်ရရှိလာသည့် ဥများကို ဥအရွယ်အလိုက် အတန်းအစား ခွဲထားပါ။ ဥအချင်း
၁ ဒသမ ၅ စင်တီမီတာ ထက်ကြီး ပါက အရွယ်ရောက် ဥအဖြစ် လည်းကောင်း၊ သူ့ထက် ငယ်သည့် ဥများကို အရွယ် မရင့် သေးသည့် ဥများ အဖြစ်လည်းကောင်း ခွဲခြားထားပါ။
အတန်းအစား ခွဲထားသည့် ခြောက်နေသည့် ဥများကို တန်းများဖြင့် ဖြန့်၍ ဥများရင့်၍ ခြောက်လာ စေရန်နှင့် မပျက်စီး စေရန် သို
လှောင် ထားပါ။ ပို၍ လျင်မြန်စွာ ရင့်ခြောက် စေလိုသော် အပူချိန် ၂၇ ဒီဂရီ စင်တီ ဂရိတ်မှ ၃၅ ဒီဂရီ စင်တီ ဂရိတ် ပေးပါ။ ဥများကို သုံးရက် တစ်ခါ မှိုတက်၍ ပျက်စီး မသွား စေရန် မွှေပေးပါ၊ သို့မဟုတ် အထက် အောက်လှန် ပေးပါ။ ဥများ မပုပ်စေ ရန်အတွက် သုည
ဒသမ ၂ ရာခိုင်နှုန်း (Vabistan)၊ သို့မဟုတ်(Mancozeb) မှုန့်ဖြင့် လူးနယ် ထားပေးနိုင် ပါသည်။ ဥများကို အပူချိန် ၁၈ ဒီဂရီ စင်တီဂ
ရိတ်တွင် ရက်သတ္တပတ် လေးပတ်မှ ခြောက်ပတ်၊ သို့မဟုတ် ၃၀ ဒီဂရီ စင်တီဂရိတ် တွင် ခြောက်ပတ် ထားပါက ဥများ ကောင်းစွာ ရင့်
ကျက် လာစေကာ ဥထွက် ကောင်းစေပြီး ရောင်းတန်း ဝင်ဥများ ရစေ နိုင်သည်။ ဥများကို ၃၀ ဒီဂရီ စင်တီဂရိတ် တွင် အချိန်ကြာ
လှောင်ထား ပါက ပန်းခိုင် အထွက်ကောင်း စေနိုင် သော်လည်း၊ ပန်း ခိုင်အရည်အသွေးညံ့ကာ၊ ဥထွက် လျော့နည်းစေ ပါသည်။
နှင်းပန်း ဆီထုတ်ခြင်း
နှင်းပန်းပွင့် များမှ နှင်းပန်း ဆီထုတ်ရန် ပွင့်အာမနေ သေးသည့် ပွင့်စပန်း ပွင့်များကို နွမ်းသွားစေရန် အတွက် လက်ဖြင့် ကောင်းစွာခြေ
နယ် ပေးပါ။ ထို့နောက် (Pet- roleum ether) တွင် ပျော်ဝင် စေသည့်နည်း ဖြင့် ထုတ်နိုင် ပါသည့် ပန်းပွင့် ၁၅၀ မှ လက်ဖြင့်ခြေနယ်ပြီး
အဖတ်မှ အဆီ ၁၁ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း ပါဝင်သည့် အရည် တစ်ကီလို ဂရမ်ခန့် ရပါသည်။ ( ) ဖြင့် ထုတ်သော် အဆီကြမ်း သု
ည ဒသမ ၀၈ ရာခိုင်နှုန်းမှ သုည ဒသမ ၁၄ ရာခိုင်နှုန်း ရကာ၊ ၎င်းမှ နှင်းပန်း အဆီသုံး ရာခိုင်နှုန်းမှ လေး ရာခိုင်နှုန်း ရနိုင်ပါသည်။
နှင်းပန်း စိုက်ခင်း တစ်ဟက်တာမှ သုံးနှစ် အတွင်း ပန်းပွင့် သုံးတန် ခန့်ထွက်ကာ၊ အဆီကြမ်း ၂၇ ဒသမ ၅ ကီလိုဂရမ်ရရှိနိုင်ပြီး အဆီ
၅ ဒသမ ၅ ကီလို ဂရမ် ရနိုင် ပါသည်။ နှင်းပန်း တစ်ဟက်တာ စိုက်ခင်းမှ ပန်းပွင့် ၁၂ တန်ထိ ထွက်နိုင်သည်။
နှင်းပန်း ပင်တွင် ကျရောက် တတ်သည့် ပိုးနှင့် ရောဂါများ
၁။ပိုးများ
နှင်းပန်း ပင်တွင် အဓိက ကျရောက် သည့် ပိုးများမှာ သရစ်ပိုး (Thrips)၊ ပျပိုး (Aphids) နှင့် ဆန်ပိုး (Weevil) တို့ဖြစ် ပါသည်။ ပန်းဖူး ထိုးပိုး (Bud Borer) လည်းကျ ရောက်တတ် ပါသည်။ ကျရောက်သည့် ပိုးကို နှိမ်နင်းနိုင်သည့် သတ်မှတ် ပေးထားသော ပိုးသတ်ဆေး
များကို အသုံးပြု နှိမ်နင်း နိုင်ပါသည်။
၂။နီမတုတ်
နှင်းပန်း ပင်တွင် နီမတုတ်များ ကျရောက် ဖျက်ဆီး နိုင်ပြီး အပင် ပျက်စီးကာ ပန်းခိုင် အထွက်ကို အထူးထိခိုက် စေနိုင်ပါသည်။ နှင်းပန်း
ပင်တွင် မြစ်ဖုနီ မတုတ် (Root-knot nematode) နှင့် အသဲပုံနီ မတုတ် (Reniform nematode) တို့ ကျရောက် နိုင်ပြီး၊ ကာကွယ်ရန်
အတွက် ဖျူရာဒန်ဆေး (Furadon) ကို တစ်ပင် နှစ်ဂရမ်နှုန်း ထည့်ပေးခြင်း၊ သို့မဟုတ် ကာဘိုဖျူရန် (Carbofuran) ကို တစ်ဟက်တာ
တွင် နှစ်ကီလို ဂရမ်မှ ငါးကီလို ဂရမ်နှုန်း၊ သို့မဟုတ် တမာဖတ်ကို တစ်ဟက်တာတွင် တစ်တန်ထည့် သွင်းပေး ခြင်းဖြင့် ကာကွယ်နိုင်
ပါသည်။
၃။ ရောဂါများ
နှင်းပန်း ပင်တွင် ပန်းအဖူး ပုပ်ရောဂါ (Flower budrot)၊ ရွက်ခြောက်ရောဂါ (Leaf blight) နှင့် အရွက်ပျောက် ရောဂါ (Alternaria
Leaf spot များ ကျရောက် တတ်ပါသည်။ ကျရောက် တတ်သည့် ရောဂါ များကို မကျ ရောက်မီ သင့်တော်သည့် မှိုသတ် ဆေးများကို
အသုံးပြု ကြိုတင် ကာကွယ်နိုင် ပါသည်။
- ဒေါက်တာ စိန်လှဗိုလ်
(The farmar journal)
Comments
Post a Comment