သဇင်ပန်းစိုက်ပျိုးနည်း
Zawgyi
စိုက္ပ်ိဳးေရး နည္းပညာမ်ား ႐ွာေဖြ စုေဆာင္းျခင္း
Page Liked · 12 April · Edited ·
#သဇင္ပန္းစိုက္ပ်ိဳးနည္း
-----
တကယ္ေတာ့့ သဇင္စိုက္ဖို႔ ေနေရာင္အမ်ားႀကီးမလိုပါဘူး ၊
ေနျပင္းတာကိုလည္းၾကာရွည္မခံနိုင္ပါဘူး ၊ အသင့္အတင့္
ရဖို႔ပဲလိုပါတယ္ ၊ တကယ္လိုတာက အလင္းေရာင္မ်ားမ်ား
ရဖို႔ပါ ၊ အလင္းေရာင္အရနည္းရင္ ေရာဂါထူတတ္ၿပီး
အစာခ်က္လုပ္ဖို႔ အလင္းေရာင္မလံုေလာက္တဲ့အတြက္
ႀကီးထြားသန္စြမ္းတဲ့ ဥမ်ားရရွိဖို႔မျဖစ္နိုင္ပါဘူး ။
အဲဒီေတာ့ သဇင္စိုက္မယ္ဆိုရင္ ထားမယ့္ေနရာဟာ
အလင္းေရာင္ေကာင္းေကာင္းရမယ့္ေနရာ ျဖစ္ဖု႔ိလိုပါတယ္ ။
မိုးတြင္းမိုးေရဒါဏ္ကို ခံနိုင္ေပမယ့္ အေပၚက
ပိုက္စကာမုိုးေပးထားတာဒါမွမဟုတ္
အလင္းေရာင္ရတဲ့အမိုးအကာေအာက္မွာထားတာ
အေကာင္းဆံုးပါ ။ မိုးေပါက္မွန္တာမ်ားရင္ အ႐ြက္နာၿပီး
ရိသြားတတ္ပါတယ္ ၊ အ႐ြက္မရွိေတာ့ဘူးဆိုတာနဲ႔ ဥျဖစ္ဖို႔
လမ္းမရွိေတာ့ပါဘူး ။
ပိ်ဳးခံအေနနဲ႔ မွိုေဆးပံုမွန္ေပးနိုင္ရင္ အသင့္လုပ္ၿပီးတိုင္မ်ား
ဝယ္သံုးနိုင္ပါတယ္ ၊ အသင့္လုပ္ၿပီးတိုင္မ်ားဟာ
ပ်ိဳးစာထူလြန္းတဲ့အတြက္ေရထိန္းတာမ်ားၿပီး
ဘက္တီးရီးယားေရာဂါဝင္လြယ္ပါတယ္ ၊
မွိုေဆးပံုမွန္ေပးနိုင္ဖို႔လိုပါမယ္ ။
ကြၽန္ေတာ္ကေတာ့ အနည္းအက်ဥ္းစိုက္တာျဖစ္တဲ့အတြက္
ပ်ိဳးစာပါးပါးနဲ႔ ကိုယ္ဟာကိုယ္ပဲလုပ္ပါတယ္ ၊
သုံးမယ့္အုန္းဆံကိုေတာ့ရင့္ၿပီးေျခာက္တဲ့
အုန္းသီးေျခာက္အခြံအသန္႔ကိုပဲသံုးပါ ၊
မိုးထိထားတဲ့အုန္းခြံမ်ားဟာ ေရာဂါစံုပါလာန္ိုင္တဲ့အတြက္
မသံုးတာေကာင္းပါတယ္ ။
စိုက္ၿပီးၿပီးခ်င္းေႏြကာလမွာ ပင္တက္သစ္အတြက္ေရမွန္မွန္
ေပးၿပီးျပဳစုရပါမယ္ ၊ ပင္သစ္ထြက္စအားရွိမွ
သန္စြမ္းတဲ့အပင္မ်ားရရွ္ိမွာျဖစ္ပါတယ္ ၊အပင္ႏုခ်ိန္မွာ
ေဆးမေပးတာေကာင္းပါတယ္ ၊
မိုးၿဖိဳင္ၿဖိဳင္က်လာမွမိုးမ႐ြာတဲ့မနက္ခင္းမ်ားမွာ
ေပးသင့္ပါတယ္ ဒီအခ်ိန္ဆို အပင္ငယ္မ်ားလည္း
အေတာ္အသင့္ခံနိုင္ရည္ရွိတဲ့အ႐ြယ္ေရာက္ေနပါၿပီ ။
သဇင္႐ြက္မ်ားဟာႏုတဲ့အတြက္ ဒန္ဒရိုမ်ားေပးတဲ့ေဆးအခ်ိဳး
အတိုင္းေပးရင္မခံနိုင္ပါဘူး ၊ ဒါကိုအထူးသတိထားရပါမယ္ ။
ေဆးကိုေပ်ာ့ေပ်ာ့ပဲေပးပါ ။
( မ်ားရင္တာ့တာျပသြားေရာ ၊ ကိုယ္ေတြ႕ )
အမွန္ဆိုရင္ေတာ့သဇင္မ်ိဳးစိတ္မ်ားဟာအလင္းေရာင္
ေကာင္းေကာင္းရရင္ ေလထုနဲ႔
မိုးေရမွာပါတဲ့အာဟာရနဲ႔တင္ ပံုမွန္ႀကီးထြားသန္စြမ္းနိုင္တဲ့
အစြမ္းရွိပါတယ္ ။
မိုးရာသီအကုန္မွာေတာ့ ပင္ဥေတာ္ေတာ္ႀကီးလာ
ၿပီျဖစ္ပါတယ္ ၊ ဒီအခ်ိန္မွာေနေရာင္ေျဖာ့ေျဖာ့ရေစနိုင္ရင္
အေကာင္းဆံုးပါ ။
ပင္ဥျပည့္လာခ်ိန္ေရာက္ၿပီဆိုရင္ေတာ့
ေရျဖတ္ေပးရမယ့္အခ်ိန္ေရာက္ပါၿပီ ၊ ေတာ္ဝင္သဇင္မ်ားဟာ
အ႐ြက္ေႂကြၿပီးမွပြင့္ၾကပါတယ္ ၊
အခ်ိဳ႕ေစာေစာပြင့္ေစလိုသူမ်ားကေတာ့
အ႐ြက္မ်ားညႇပ္ေပးျခင္း ႐ြက္ေႁခြေဟာ္မုန္းသံုးျခင္းစသျဖင့္
အ႐ြက္မ်ားေႂကြေစေအာင္လုပ္ေဆာင္ၾကပါတယ္ ။
အိမ္မွာေတာ့ေႂကြခ်င္တဲ့အခ်ိန္ေႂကြ ပြင့္ခ်င္တဲ့အခ်ိန္ပြင့္
စနစ္သံုးၿပီးစိုက္ပါတယ္ ။
စိုက္ခ်င္သူမ်ားအေနနဲ႔
မိမိကိုယ္ပိုင္အေတြ႕အႀကံဳနဲ႔ေပါင္းစပ္ၿပီး
မိမိနဲ႔အဆင္ေျပသလိုစိုက္လို႔ရပါတယ္ ။
နည္းစနစ္ကေတာ့ တိုင္မွာကပ္စိုက္တာအသင့္ေလ်ာ္ဆံုးပါ ၊
ပက္လက္ဗန္းနဲ႔စိုက္သူမ်ားအတြက္ကေတာ့
ေရဆင္းေကာင္းဖို႔ကိုအထူးစီမံေပးဖို႔ သတိေပးခ်င္ပါတယ္ ။
Credit Htay Aung
Unicode
စိုက်ပျိုးရေး နည်းပညာများ ရှာဖွေ စုဆောင်းခြင်း
Page Liked · 12 April · Edited ·
#သဇင်ပန်းစိုက်ပျိုးနည်း
-----
တကယ်တော့ သဇင်စိုက်ဖို့ နေရောင်အများကြီးမလိုပါဘူး ၊
နေပြင်းတာကိုလည်းကြာရှည်မခံနိုင်ပါဘူး ၊ အသင့်အတင့်
ရဖို့ပဲလိုပါတယ် ၊ တကယ်လိုတာက အလင်းရောင်များများ
ရဖို့ပါ ၊ အလင်းရောင်အရနည်းရင် ရောဂါထူတတ်ပြီး
အစာချက်လုပ်ဖို့ အလင်းရောင်မလုံလောက်တဲ့အတွက်
ကြီးထွားသန်စွမ်းတဲ့ ဥများရရှိဖို့မဖြစ်နိုင်ပါဘူး ။
အဲဒီတော့ သဇင်စိုက်မယ်ဆိုရင် ထားမယ့်နေရာဟာ
အလင်းရောင်ကောင်းကောင်းရမယ့်နေရာ ဖြစ်ဖု့ိလိုပါတယ် ။
မိုးတွင်းမိုးရေဒါဏ်ကို ခံနိုင်ပေမယ့် အပေါ်က
ပိုက်စကာမိုးပေးထားတာဒါမှမဟုတ်
အလင်းရောင်ရတဲ့အမိုးအကာအောက်မှာထားတာ
အကောင်းဆုံးပါ ။ မိုးပေါက်မှန်တာများရင် အရွက်နာပြီး
ရိသွားတတ်ပါတယ် ၊ အရွက်မရှိတော့ဘူးဆိုတာနဲ့ ဥဖြစ်ဖို့
လမ်းမရှိတော့ပါဘူး ။
ပျိုးခံအနေနဲ့ မှိုဆေးပုံမှန်ပေးနိုင်ရင် အသင့်လုပ်ပြီးတိုင်များ
ဝယ်သုံးနိုင်ပါတယ် ၊ အသင့်လုပ်ပြီးတိုင်များဟာ
ပျိုးစာထူလွန်းတဲ့အတွက်ရေထိန်းတာများပြီး
ဘက်တီးရီးယားရောဂါဝင်လွယ်ပါတယ် ၊
မှိုဆေးပုံမှန်ပေးနိုင်ဖို့လိုပါမယ် ။
ကျွန်တော်ကတော့ အနည်းအကျဉ်းစိုက်တာဖြစ်တဲ့အတွက်
ပျိုးစာပါးပါးနဲ့ ကိုယ်ဟာကိုယ်ပဲလုပ်ပါတယ် ၊
သုံးမယ့်အုန်းဆံကိုတော့ရင့်ပြီးခြောက်တဲ့
အုန်းသီးခြောက်အခွံအသန့်ကိုပဲသုံးပါ ၊
မိုးထိထားတဲ့အုန်းခွံများဟာ ရောဂါစုံပါလာနိုင်တဲ့အတွက်
မသုံးတာကောင်းပါတယ် ။
စိုက်ပြီးပြီးချင်းနွေကာလမှာ ပင်တက်သစ်အတွက်ရေမှန်မှန်
ပေးပြီးပြုစုရပါမယ် ၊ ပင်သစ်ထွက်စအားရှိမှ
သန်စွမ်းတဲ့အပင်များရရှိမှာဖြစ်ပါတယ် ၊အပင်နုချိန်မှာ
ဆေးမပေးတာကောင်းပါတယ် ၊
မိုးဖြိုင်ဖြိုင်ကျလာမှမိုးမရွာတဲ့မနက်ခင်းများမှာ
ပေးသင့်ပါတယ် ဒီအချိန်ဆို အပင်ငယ်များလည်း
အတော်အသင့်ခံနိုင်ရည်ရှိတဲ့အရွယ်ရောက်နေပါပြီ ။
သဇင်ရွက်များဟာနုတဲ့အတွက် ဒန်ဒရိုများပေးတဲ့ဆေးအချိုး
အတိုင်းပေးရင်မခံနိုင်ပါဘူး ၊ ဒါကိုအထူးသတိထားရပါမယ် ။
ဆေးကိုပျော့ပျော့ပဲပေးပါ ။
( များရင်တာ့တာပြသွားရော ၊ ကိုယ်တွေ့ )
အမှန်ဆိုရင်တော့သဇင်မျိုးစိတ်များဟာအလင်းရောင်
ကောင်းကောင်းရရင် လေထုနဲ့
မိုးရေမှာပါတဲ့အာဟာရနဲ့တင် ပုံမှန်ကြီးထွားသန်စွမ်းနိုင်တဲ့
အစွမ်းရှိပါတယ် ။
မိုးရာသီအကုန်မှာတော့ ပင်ဥတော်တော်ကြီးလာ
ပြီဖြစ်ပါတယ် ၊ ဒီအချိန်မှာနေရောင်ဖြော့ဖြော့ရစေနိုင်ရင်
အကောင်းဆုံးပါ ။
ပင်ဥပြည့်လာချိန်ရောက်ပြီဆိုရင်တော့
ရေဖြတ်ပေးရမယ့်အချိန်ရောက်ပါပြီ ၊ တော်ဝင်သဇင်များဟာ
အရွက်ကြွေပြီးမှပွင့်ကြပါတယ် ၊
အချို့စောစောပွင့်စေလိုသူများကတော့
အရွက်များညှပ်ပေးခြင်း ရွက်ခြွေဟော်မုန်းသုံးခြင်းစသဖြင့်
အရွက်များကြွေစေအောင်လုပ်ဆောင်ကြပါတယ် ။
အိမ်မှာတော့ကြွေချင်တဲ့အချိန်ကြွေ ပွင့်ချင်တဲ့အချိန်ပွင့်
စနစ်သုံးပြီးစိုက်ပါတယ် ။
စိုက်ချင်သူများအနေနဲ့
မိမိကိုယ်ပိုင်အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး
မိမိနဲ့အဆင်ပြေသလိုစိုက်လို့ရပါတယ် ။
နည်းစနစ်ကတော့ တိုင်မှာကပ်စိုက်တာအသင့်လျော်ဆုံးပါ ၊
ပက်လက်ဗန်းနဲ့စိုက်သူများအတွက်ကတော့
ရေဆင်းကောင်းဖို့ကိုအထူးစီမံပေးဖို့ သတိပေးချင်ပါတယ် ။
Credit Htay Aung
Comments
Post a Comment