Posts

နှင်းဆီ အဆီရဲ့ အသုံး၀င်ပုံ

Image
Unicode နှင်းဆီရည်နဲ့ နှင်းဆီအဆီ နှင်းဆီရည်ဟာ အသားရည် အတွင်း pH level မျှတစေပါတယ် ယောင်ရမ်းတာနဲ့ ဝက်ခြံဖြစ်စေတာ သက်သာစေပါတယ် ချွေးပေါက်တွေထဲထိ သန့်စင်စေပါတယ်နော် ဒါကြောင့် cleaner အဖြစ်လဲ သုံးကြတာပါ နောက်ပြီး အသားရည် ကြမ်းတမ်းခြောက်သွေ့နေရင်လဲ နှင်းဆီရည်နဲ့  ပျားရည် ငှက်ပျောသီး ရောပြီးတော့ ပေါင်းတင်ပေးလဲ ကောင်းပါတယ်နော် နှင်းဆီပွင့်ဖတ်လေးတွေကို ခြွေပြီးတော့ အရက်ပြန်နည်းနည်းနဲ့ ရေရောပြီး ပွင့်ဖတ်တွေကို အထက်အောက် လှန်ပြီး ဖျန်းပြီး ဆေးကြောပေးပါ ဒါမှမဟုတ် ဆားနည်းနည်းထည့်ပြီးတော့ ခဏစိမ်ပြီး ဆေးကြောပေးလဲရပါတယ်နော် နှင်းဆီကို အနီထက် ပန်းဆီရောင်တောက်တောက်လေးက ပိုကောင်းပါတယ် အနီက မလုပ်တတ်ရင် နီညိုရောင် ဖြစ်ပြီး အရောက်ထွက် သိပ်မလှလို့ပါ နှင်းဆီပွင့်ဖတ်တွေကို ရေအထပ်ထပ် နဲ့ ဖွဖွလေး ဆေးပေးပါ ပြီးရင် နှင်းဆီပွင့်ဖတ်တွေကို ကြက်ပေါင်းရည်ပေါင်းသလို အိုးထဲ ရေနည်းနည်းထည့်ပြီး အလယ်မှာ ခွက်တစ်ခုထဲ နှင်းဆီပွင့်ဖတ်တွေကို ထည့်ပြီး ပေါင်းခံပေးပါ နှင်းဆီရည်ရလာရင် ရှားစောင်းလက်ပက် အတွင်းသားက အနှစ်ခြစ်ပြီး အရည်သီးသန့်ဖြစ်သွားအောင် ကြိတ်စက်နဲ့ကြိတ်ပါ အဖ

နှင်းဆီ အမျိုးအစား

Image
Unicode နှင်းဆီအကြောင်းနှင့် နှင်းဆီစိုက်ပျိုးနည်း နှင်းဆီအမျိုးအစားစုစည်းမှု ************************************************* နှင်းဆီဆိုတဲ့စကားဟာ အမျိုးသမီးဘက်ကိုအားသန်တဲ့အမျိုးအစားမို့ အမျိုးများရဲ့ အသဲစွဲပန်းအမျိုးအစားဖြစ်ပါတယ်။ ရာထောင်မကသောအမျိုးအစားတွေရှိနေပေမယ့် လို့ သူ့ရဲ့ရနံ့လေးကတော့ တစ်မျိုးပဲရှိပါတယ်။ နှင်းဆီရနံ့ပေါ့လေ။ ရနံ့ကတော့ရေပန်း သိပ်မစားပေမယ့် သူ့ရဲ့ပင်ကို ပွင့်ဖတ်၊ ပွင့်လွှာကတော့ သူတကာတို့ရဲ့အသဲစွဲဖြစ်ပါ တယ်။.ဒါကြောင့်မို့ အလှဆင်တဲ့နေရာမှာ နှင်းဆီးပန်းကတော့ မပါမဖြစ် ထိပ်ဆုံးမှာ နေရာရထားပါတယ်။ သူ့ရဲ့ပင်ကိုယ်အလှကြောင့်မို့လို့ အမျိုးအစားအလိုက် စျေးအမျိုး မျိုးတင်ကစားပြီး စျေးကွက်စီးပွားရေးမှာ ရောင်းချရပါတယ်။ အပင်ရယ် အပွင့်ရယ် ရေ ရှည်ခံတဲ့အမျိုးအစားမဟုတ်ပေမယ့် သူ့ရဲ့စွဲဆောင်မှုရှိလှတဲ့ သူ့ရဲ့ပွင့်လွှာတည်ဆောက် ပုံကြောင့် အများစုက သူ့ကိုကြိုက်ကြသလိုမျိုး နေရာတိုင်း အိမ်တိုင်းလိုလို ပန်းခြံတိုင်း လိုလိုမှာ အလှအဖြစ်စိုက်ထားကြတာများပါတယ်။ အများစုကတော့ အလှအဖြစ်အတွက် ဆိုရင်တော့ အိုးနဲ့ပဲစိုက်ကြတာများပါတယ်။ ကိုင်းအရင့်ကိုကူးပြီး စိုက်ရတာလည်လွယ် ပါတယ်။ ဒါပေမယ်

သစ်ခွပန်းလက်တွေ့ ကျကျ

Image
[Zawgyi] သစ်ခွပန်း လက်တွေ့ကျကျ စိုက်ပျိုးဖို့ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရမလဲ =========================================================== သစ်ခွစိုက်ပျိုးတော့မယ်ဆိုရင် ပထမဆုံး အလင်းရောင်၊ ရေနဲ့ လေဝင်လေထွက် ကောင်းမွန်မှုတွေကို စဉ်းစားဖို့ လိုပါတယ်။ ဒီ(၃)မျိုးမှာ ဘယ်ဟာက ပိုအရေးကြီးတယ်ဆိုတာ ပြောဖို့ ခဲယဉ်းပါတယ်။  (၃)မျိုးစလုံး အရေးကြီး တယ်လို့တွေးထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အလင်းရောင် ---------------- သစ်ခွတွေအတွက် သူတို့ခံနိုင်တဲ့နေရောင်ကို တစ်နေ့တာလုံး ရနိုင်သမျှ များများရနိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာ လိပ်ပြာသစ်ခွအတွက် တိုက်ရိုက်နေရောင်ခြည်ရဲ့ ၃၀% (သို့မဟုတ်) ၅၀% ကိုလိုအပ်မှာဖြစ်ပြီး မိုးပေါ်ထောင် သစ်ခွအများစုအတွက် ၇၀% (သို့မဟုတ်) ၉၀ % ကိုလိုအပ်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အလင်းရောင်ရရှိနိုင်ဖို့ အရိပ်ပိုက်၊ အုန်းလက် စတာတွေနဲ့ မိုးပေးရမှာ ဖြစ်ပါတယ်။ စပိုက်ဒါစတဲ့ နေရောင်တိုက်ရိုက်ကိုကြိုက်တဲ့ သစ်ခွတွေကလွဲပြီးကျန်တဲ့သစ်ခွတွေကို လိုအပ်တဲ့ နေရောင်တွေရနိုင်ဖို့ အရိပ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ရေ ----- သစ်ခွတွေက ရေငတ်ခံနိုင်တယ်ဆိုပေမယ့် ရေပုံမှန်လောင်ပေးဖို့ လိုပါတ

ပန်း အလှဆင်နည်း

Image

ပိန်းပန်း စိုက်ပျိုးနည်း

Image
Unicode ပိန်းစိုက်နည်း 1.ဝယ်လာသောအိုးငယ်ကိုချွတ်၍ မူလပွားစာများ လက်နှင့်အသာအယာအကုန်ထုတ်လိုက်ပါ 2.အိုးကျယ်(သို့) မြေကျင်းအကျယ်ထဲ အုတ်ခဲ 2"ပါတ်လည်အရွယ်တုံးလေးတွေထည့်ပြီး မီးသွေး2"ပါတ်လည်အရွယ်တုံးလေးတွေတင်ထားပါ 3.စပ်မြေထည့်၍လက်ဖြင့်ဖိသိပ်ပါ 4.အပင်ထည့်ပါ 5.စပ်မြေထည့်ပြီး လက်ကလေးဖြင့်ဖွဖွ ဖိသိပ်ထည့်ပါ 6.အုန်းဆံဖက်များ တင်ထားပါ 7.ပတ်ဝန်းကျင်အေးသော အရိပ်ရသော လေဝင်လေထွက်ကောင်း အလင်းရောင်ရသော နေရာထားပါ 8.မနက်ရေပါးပါး ညနေရေပါးပါ ဖြင့် တနေ့1ကြိမ်(သို့)2ကြိမ်လောင်းပါ 9.အမြစ်ဆေးရှိက 3ရက်တခါ ပါးပါးဖျန်းပါ မရှိပါက ဘားပလက်ဆေးပြားခဲ 5ခဲ ခြမ်း၍အိုးနှုတ်ခမ်းဘေး ထားပါ မှတ်ချက်#စပ်မြေဆိုသည်မှာ--- ဖွဲပြာ+နွားခြေး+စပါးခွံ+မန်းကျည်းအမှိုက်+မြေပဲခွံ+နုံးမြေ စသည်တို့ကိုဆတူရော၍ထားသောမြေ (သို့)EMစူပါဘိုကာရှီစပ်မြေဆွေး သတိပြုရမည်မှာ # စစိုက်သောပိန်းသည် 100% နေပူလုံးဝမကြိုက်ပါ Zawgyi ပိန်းစိုက်နည်း 1.ဝယ်လာသောအိုးငယ်ကိုချွတ်၍ မူလပွားစာများ လက်နှင့်အသာအယာအကုန်ထုတ်လိုက်ပါ 2.အိုးကျယ်(သို့) မြေကျင်းအကျယ်ထဲ အုတ်ခဲ 2"ပါတ်လည်အရွယ်တုံးလေးတွေထည့်ပြီး မီးသွေး2"ပါတ်လည်

နှင်းပန်း စိုက်ပျိုးနည်း

Image
Zawgyi နှင်းပန်း စိုက်ပြီး ရေမွှေး ထုတ်ကြစို့ နှင်းပန်း ဟာ မြန်မာများ ဘုရား ပန်းအဖြစ် အသုံးပြု ကြတဲ့ ပန်းတစ်မျိုးပါ။ စိုက်ပျိုးရ လွယ်ကူ သလို အကြမ်းခံတဲ့ အပင်လည်း ဖြစ်ပါတယ်။ သို့သော် နိုင်ငံ တစ်နံ တစ်လျား အသုံးပြု နေတဲ့ ပန်းအဖြစ် မတွေ့ရဘဲ၊ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများ မှာသာ အသုံး များတာ ကိုတွေ့ရ ပါတယ်။ နှင်းပန်းကို အင်္ဂလိပ်လို (Tuberose) လို့ခေါ်ပြီး၊ မျိုးစု အမည်မှာ (Polianthes) ဖြစ်ကာ မျိုးစိတ် အမည်မှာ (tuberosa) ဖြစ်ပါတယ်။ ဒါ့ကြောင့် သိပ္ပံ အမည်မှာ (Polianthes tuberose L.) ဖြစ် ပါတယ်။ မျိုးရင်းကတော့ (Polianthes tuberose L.) ဖြစ်ပါတယ်။ နှင်းပန်းရဲ့ မူရင်း ဒေသဟာ မက္ကစီကို နိုင်ငံ ဖြစ်ပြီး ၁၆ ရာစုနှစ်များ အတွင်း ကမ္ဘာ့ နေရာအနှံ့ကို ပြန့်နှံ့သွားခဲ့ ပါတယ်။ မြန်မာနိုင်ငံကို တော့ ၁၆ ရာစု နှစ်များ အတွင်း ရောက်ရှိလာ ခဲ့တယ်လို့ ယူဆရ ပါတယ်။ အသုံးပြုမှု နှင်းပန်းကို ဘုရားပန်း တင်ခြင်း၊ ပန်းစည်း၊ ပန်းခိုင်များ ပြုလုပ်ခြင်း၊ ကုတ် အင်္ကျီတွင် ပန်းထိုးခြင်း စသည် တို့တွင် သုံးကြသည်။ စားပွဲ တင်ပန်း အဖြစ်လည်း သုံးသည်။ နှင်းပန်းတွင် သင်းပျံ့သည့် ရနံ့ရှိသည့် အတွက် နှင်းပန်းဆီ ထုတ်လုပ်ကာ ရေေ

စံပယ်ပန်း စိုက်ပျိုးနည်း

Image
  Zawgyi စံပယ်ပန်း စိုက်ပျိုးနည်း =============== စံပယ်ပန်း ဟာဆိုရင် မြန်မာလူမျိုးတွေ အများဆုံးကြိုက်နှစ်သက်တဲ့ ပန်း အမျိုးအစားထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ စံပယ်ပန်းကို ဘုရာပန်း ကပ်လှူလေ့ရှိသလို၊ မြန်မာမိန်းကလေးတွေ ဦးခေါင်းမှာ အမြတ်တနိုး ပန်ဆင်တဲ့ ပန်းလဲဖြစ်ပါတယ်။ ထို့ပြင် စံပယ်ပန်းကို ရေအတော်အသင့် ဆွတ်ကာ ရေစိုအ၀တ်ဖြင့် ဖုံးအုပ်၍ ရောင်းချလို့ရသလို၊ သီကုံး၍ ဖြစ်စေ၊ စည်၍ ဖြစ်စေရောင်းချမယ် ဆိုရင်လည်း မိသားစုဝင်ငွေအပို ရရှိနိုင်ပါတယ်။ စံပယ်ပန်းအမျိုးအစား များစွာရှိပါတယ်။ စံပယ်ပန်းအမျိုးအစားခွဲခြားပုံ နှင့် စံပယ်ပန်း စိုက်ပျိုးနည်းအကြောင်းကို Pissaya Info မှ တောင်သူ ဦးကြီးများအတွက် စုစည်းတင်ပြလိုက်ပါတယ်။ အင်္ဂလိပ်အမည် - Jasmin ရုက္ခဗေဒအမည် - Jasminum sambae မျိုးရင်း - Oleaeeae မူရင်းဒေသ - မြန်မာ၊ အာရုတိုက်တောင်ပိုင်း စံပယ်ပန်း အမျိုးအစား ခွဲခြားခြင်း ------------------------------------------ (၁) ရွှေစံပယ် ။ အပွင့်ကြီးသည် အထပ်များ၍ စိပ်သည်။ အလယ်အဖူးငယ်သည်။ အလွန်မွှေးသည်။ (၂) စံပယ်လည်ဆံ ။ ပွင့်ချပ် သေးသွယ် ရှည်လျား၍ အချို့ အနည်းငယ် တွန့်လိမ် ကောက်သည်။ ရနံ့ပျော့သည်။ (၃) ဆ